တမူးနှင့်ရိခေါဒါရ်မြို့တို့ကို အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်ဂိတ်များအဖြစ် ဖွင့်လှစ်

 မြန်မာနှင့် အိန္ဒိယ နယ်စပ်ဂိတ်များဖြစ်သည့် စစ် ကိုင်းတိုင်း တမူးနှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့ဂိတ်တို့ကို နိုင်ငံ ခြားသားဧည့်သည်များ ဝင်ထွက် ကာ လည်ပတ်နိုင်မည့် အပြည် ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက် ဂိတ်များအဖြစ် သြဂုတ် ၈ ရက် ကစတင်ဖွင့်လှစ်ခဲ့သည်။

‘‘အရင်ကတော့ ရိုးရိုးနယ် စပ်ဂိတ်ပဲ။ အခုက အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ပေါက်အနေနဲ့ ခွင့်ပြုပေးလိုက်တာပါ။ နိုင်ငံခြား သား ဧည့်သည်တွေအနေနဲ့ တမူး တို့၊ မိုရေးတို့ဘက်ကနေ လာပြီး တော့ တာချီလိတ်ကနေ ထိုင်း ဘက်ကို သွားရောက်လည်ပတ် တာမျိုးတွေ လုပ်လို့ရသွားတာ ပေါ့။ ဗီဇာရှိတဲ့ ပတ်စ်ပို့ကိုင်ထား တဲ့ နိုင်ငံခြားသားအားလုံး ဝင် ထွက်ခွင့်ရသွားတာပေါ့’’ ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြား ရေးဌာန ညွှန်ကြားရေးမှူး ဦးခင် မောင်စိုးက ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် နိုင်ငံခြားသားဧည့်သည်များ ဝင်၊ ထွက်သွားလာနိုင်သော အပြည် ပြည်ဆိုင်ရာ နယ်စပ်ဝင်၊ ထွက် ပေါက် ဂိတ်များအဖြစ် မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်းဂိတ် များကို ဖွင့်လှစ်ပေးထားပြီး ယခု ထပ်မံဖွင့်လှစ်သည့် တမူးနှင့် ရိခေါဒါရ်မြို့ဂိတ်တို့ ပါဝင်ပါက အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ ထွက်ပေါက် ဂိတ်ငါးခု ရှိလာ သည်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ အဆိုပါနယ်စပ်ဂိတ်နှစ်ခုကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် များအဖြစ် ဖွင့်လှစ်ခဲ့၍ ချင်းပြည် နယ်နှင့် စစ်ကိုင်းတိုင်းတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် များ လာရောက်လည်ပတ်မှု တိုး တက်လာနိုင်သည့်အပြင် အာဆီ ယံနိုင်ငံများမှ အိန္ဒိယနိုင်ငံသို့ ကုန်းလမ်းဖြင့် လာရောက်လည် ပတ်လိုသည့် နိုင်ငံခြားသား ဧည့် သည်များအနေဖြင့် မြန်မာနိုင်ငံ မှဖြတ်ကာ သွားရောက်နိုင်မည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များက မှတ်ချက်ပြုသည်။

‘‘အိန္ဒိယနိုင်ငံအတွက် မြန် မာနိုင်ငံဟာ အာဆီယံရဲ့ Gate Way ပဲ။ အာဆီယံကို ကုန်းလမ်း က သွားမယ်ဆိုရင် မြန်မာပြည်က ပဲ ထွက်ရမယ်။ အိန္ဒိယကနေ နယ်စပ်ဖြတ်ကျော် ကားမောင်း လာမယ့်လူတွေ၊ ကုန်းလမ်းကနေ သွားမယ့်လူတွေ အကုန်လုံး အတွက် ဖွင့်ပေးလိုက်တာဖြစ်ပါ တယ်။ အခုလို ဖွင့်ပေးလိုက်တဲ့ အတွက် အာဆီယံအတွက် တံခါး ပေါက်လိုဖြစ်သွားပါတယ်’’ ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးနောင်းနောင်း ဟန်က ပြောသည်။