အိုးဝေမဂ္ဂဇင်းကို ဗကသအဖွဲ့ချုပ် ပြန်လည်ထုတ်ဝေမည်

 ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာလုပ်ခဲ့သည့် အိုးဝေ မဂ္ဂဇင်းကို ယခု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ(ဗကသအဖွဲ့ ချုပ်)က ပြန်လည်ထုတ်ဝေမည် ဖြစ်သည်။

အိုးဝေမဂ္ဂဇင်းကို ယခုလအ တွင်း ပြန်လည်ထုတ်ဝေနိုင်ရန် စီစဉ်နေပြီး စာမူများပေးပို့နိုင် ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ(ဗကသအဖွဲ့ ချုပ်)မှ ကိုညီဇော်က ပြောသည်။ ‘‘အရင်တုန်းကတော့ အိုးဝေ နာမည်နဲ့အမှတ်တရ စာစောင် ထုတ်ဖူးတယ်။ အခု အိုးဝေမဂ္ဂဇင်းထဲမှာ စာမူတွေ ဖော်ပြခြင်းအား ဖြင့် စာရေးချင်တဲ့ ကျောင်းသား တွေအပေါ်မှာ အထောက်အကူ ပြုမယ်လို့ ထင်တယ်။ တခြား ပညာရပ်ပိုင်းဆိုင်ရာတွေရော၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ရသပိုင်းမှာပဲ ဖြစ်ဖြစ် ဆရာတွေမျှပြီးတော့ စာမူတောင်းထားတာတော့ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။

အဆိုပါမဂ္ဂဇင်းတွင် ကာ တွန်း၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုတို့ပါဝင်မည်ဖြစ်သည်။

‘‘အဓိကအိုးဝေကို ရည်ရွယ် ထားတာ ရသလည်းပါမယ်။ နိုင်ငံ ရေးနဲ့ ပတ်သက်တဲ့ စာမူတွေ လည်း ပါမယ်။ အရင်က ဗိုလ်ချုပ် အောင်ဆန်းတို့ကျောင်းသားဘဝ က ထုတ်ခဲ့တဲ့ခေတ်တုန်းက နိုင်ငံ ရေးအခြေအနေအရ အိုးဝေက မြင့်မားခဲ့တယ်။ အခု ကျွန်တော် တို့ထုတ်တဲ့အခါကျရင်လည်း မီ နိုင်အောင်၊ အရမ်းအဆင့်အတန်း မနိမ့်အောင် မျှော်လင့်ထားပါ တယ်’’ ဟု ကိုညီဇော်က ဆိုသည်။

အိုးဝေမဂ္ဂဇင်းသို့ စာမူပေးပို့ လိုသူများအနေဖြင့် yusuabfsu @gmail.com သို့    ပေးပို့နိုင် သည်။ စာအုပ်ထုတ်ဝေစရိတ်နှင့် ပတ်သက်၍ အလှူငွေများဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။  အိုးဝေမဂ္ဂဇင်းကိုရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၁၉၃၁ တွင် စတင် ထုတ်ဝေပြီး ၁၉၆၁ အထိ ၁၉ အုပ် ထုတ်ဝေခဲ့သည်။

ထိုနောက်ပိုင်း   ထုတ်ဝေ ခြင်းမရှိဘဲ ၂၀၁၂ နှင့် ၂၀၁၆ တွင် ပြန်လည်ထွက်ရှိခဲ့သည်။

အိုးဝေမဂ္ဂဇင်းတွင်    ကို အောင်ဆန်းအယ်ဒီတာအဖြစ် ဆောင်ရွက်စဉ် တက္ကသိုလ်အာ ဏာပိုင်များ၏ အပြုအမူများကို ဝေဖန်သော The HellHound at Large (ငရဲခွေးကြီးလွတ်နေပြီ) ဆောင်းပါးကို မဂ္ဂဇင်း၏အင်္ဂလိပ် ဘာသာကဏ္ဍတွင် Yamamin ကလောင်အမည်ဖြင့် ဖော်ပြခဲ့သည်။ တက္ကသိုလ်အာဏာပိုင်များ ကို ဝေဖန်သော ဆောင်းပါးဖြစ် သဖြင့် တက္ကသိုလ်ကျောင်းအုပ် ကြီးက    တာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်းထံ ဆောင်းပါးရေး သူ ထုတ်ဖော်ပြောဆိုရန် တောင်းဆိုသော်လည်း ၎င်းက ငြင်းဆိုခဲ့ သည်။ ထိုဆောင်းပါးရှင်၏ အမည်မဖော်သဖြင့်   ကိုအောင်ဆန်းကို အာဏာပိုင်များက ကျောင်းထုတ် ခဲ့သည်။

‘‘လတ်တလောတော့ ကန့် ကွက်တာမျိုးမရှိသေးပါဘူး။ အ ရင်ထုတ်ခဲ့တဲ့၊ သက်ရှိထင်ရှားရှိ နေသေးတဲ့ မျိုးဆက်ထဲက ၂၀၁၂၊ ၂၀၁၆ က ထုတ်ခဲ့တဲ့သူတွေကို တော့ အကြောင်းကြားထားပါ တယ်’’ဟု ကိုညီဇော်က အိုးဝေ မဂ္ဂဇင်းထုတ်ဝေမှုအပေါ် ကန့် ကွက်မှုရှိ၊ မရှိနှင့်ပတ်သက်၍ ပြောကြားသည်။