ချန်ပီယံလိဂ် အကောင်းဆုံးတိုက်စစ်မှူးဆု ဆန်ခါတင်အဖြစ် ရော်နယ်ဒို၊ မက်ဆီနှင့် ဆာလက် ရွေးချယ်ခံရ

ပြီးခဲ့သည့်ရာသီ၏ ယူအီး ဖက်ဖ်အေ    ချန်ပီယံလိဂ်အ ကောင်းဆုံးတိုက်စစ်မှူးဆု ဆန် ခါတင် ရွေးချယ်ခံရသူများတွင် လီဗာပူးတိုက်စစ်မှူး ဆာလက် သည် ရီးရဲလ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့သွားသော ရော်နယ်ဒို၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ တို့နှင့်အတူ ပါဝင်နေသည်။

ပြီးခဲ့သည့်နှစ်က ရိုးမားမှ လီ ဗာပူးသို့ ရောက်လာပြီးနောက် အီ ဂျစ်တိုက်စစ်မှူး ဆာလက်သည် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ၁၁ ဂိုးသွင်းကာ လီဗာပူးကို ချန်ပီ ယံလိဂ် ဗိုလ်လုပွဲရောက်အောင် ကူညီနိုင်ခဲ့သည်။

၎င်းသည် ပေါ်တူဂီတိုက်စစ် မှူး ရော်နယ်ဒို၊ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီတို့နှင့်အတူ ချန်ပီယံလိဂ် တစ်ရာသီစာအ ကောင်းဆုံး တိုက်စစ်မှူးဆု ဆန် ခါတင်အဖြစ် ရွေးချယ်ခံရသည်။

ကွာတားဖိုင်နယ်တွင် လီဗာ ပူးကို နှစ်ကျော့ပေါင်း ငါးဂိုးဖြင့် ရှုံးခဲ့သော မန်စီးတီးမှ ကွင်းလယ် လူ ဒီဘရိုင်လည်း အကောင်းဆုံး ကွင်းလယ်ကစားသမားဆု ဆန် ခါတင်စာရင်း၌ ပါဝင်နေသည်။ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘ ရိုင်နှင့်အတူ ရီးရဲလ်ကွင်းလယ်လူ များဖြစ်သော တိုနီခရုဇ်နှင့် လူ ကာမိုဒရစ်တို့လည်း ဆန်ခါတင် စာရင်းတွင် ပါဝင်သည်။

လီဗာပူးက ရိုးမားမှ ခေါ်ယူ ထားသော  ဂိုးသမား အလီဆင် လည်း ချန်ပီယံလိဂ် အကောင်း ဆုံး ဂိုးသမားဆုအတွက် ဆန်ခါ တင်စာရင်း၌ ပါဝင်နေသည်။ အ လီဆင်နှင့်အတူ ရီးရဲလ်ဂိုးသမား ကေလာနာဗတ်နှင့် ဂျူဗင်တပ်မှ ပီအက်စ်ဂျီသို့ ပြောင်းသွားသော အီတလီဂိုးသမားကြီး ဘူဖွန်တို့ ဆန်ခါတင် ရွေးချယ်ခံထားရ သည်။

အကောင်းဆုံးနောက်တန်း ဆု  ဆန်ခါတင်စာရင်းတွင် ရီး ရဲလ်နောက်ခံလူ သုံးဦးဖြစ်သော မာဆယ်လို၊ ရာမို့စ်နှင့် ဗာရိန်းတို့ ရွေးချယ်ခံရသည်။ ယခုဆန်ခါတင်ရွေးချယ်ခံရသူများကို နည်းပြများနှင့် ဂျာနယ်လစ်များက ရွေးချယ်ခြင်းဖြစ်ပြီး ဆုရသူများကို သြဂုတ် ၃၀ ရက် ယခုရာသီ၏ အုပ်စုအဆင့် မဲခွဲစဉ်ကြေညာမည်ဖြစ်သည်။                                                                                            —Ref:UEFA