အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ခံရ

 နေပြည်တော် တွင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်တစ်ဦး ယာဉ်မတော် တဆမှုဖြင့် ဇမ္ဗူသီရိမြို့နယ် အမှတ် (၅)ရဲစခန်း၌ သြဂုတ် ၈ ရက်က အမှုဖွင့်ခံထားရသည်။

သြဂုတ် ၁ ရက်က စည်ပင် ရိပ်သာမှ မောင်းနှင်လာသည့် မကွေးတိုင်း အမှတ် (၅) မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၏ကားသည် ပျဉ်းမနား-တောင်ညိုလမ်းနှင့် တော်ဝင် ရတနာလမ်းဆုံ မီးပွိုင့်တွင် ယာဉ်ကြောမရှင်းဘဲ ကူးပြောင်းစဉ် နောက်မှ ဆိုင်ကယ်က ယာဉ်ရှေ့ ယာဘက်ဘီးဖုံးကို ဝင်ရောက်တိုက်မိကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကြောင့် ဆိုင် ကယ်မောင်းသူသည် ပွန်းပဲ့ဒဏ် ရာ၊ ယာဖနောင့်ပေါက်ပြဲ(အတွင်းလူနာ၊ မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်တိုက်မှုသည် သြဂုတ် ၁ ရက်က ဖြစ်ပွားသော်လည်း တစ်ပတ်အကြာမှ ယခုကဲ့သို့ အမှု ဖွင့်ခဲ့သည်။ အမှုဖွင့်ရခြင်းသည်လူနာခွဲစိတ်ကုသပြီးချိန်အထိလာ ရောက်ကြည့်ရှုခြင်းမရှိဘဲ လျစ် လျူရှုထား၍ဖြစ်ကြောင်း ယာဉ် တိုက်ခံရသူ၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

‘‘အမှုဖွင့်တော့ ကျွန်တော် တို့က ဥပဒေကို လေးစားလိုက်နာ ရမှာပေါ့။ ဖြေရှင်းရမှာပေါ့’’ဟု တိုင်ကြားခံရသူ လွှတ်တော်ကိုယ် စားလှယ်က ဆိုသည်။

ယာဉ်တိုက်မှုဖြစ်သည့်နေ့ တွင်ပင် ဒဏ်ရာရသူကို နေပြည် တော် ခုတင် ၁,၀၀၀ ဆေးရုံသို့ ပေးပို့ကာ ဆရာဝန်ထံ ကိုယ်တိုင် အပ်နှံပြီး မိသားစုရှေ့၌ လိုအပ် သည်များ ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း အမှုဖွင့်ခံရသူက ပြောသည်။

‘‘ခွဲစိတ်တဲ့နေ့ မီအောင်လာ ကြည့်ဦးမယ်။ ဒီကြားထဲ လိုအပ် တာရှိရင်ပြော၊ တယ်လီဖုန်းတော့ ဆက်၊ လိုအပ်တာပြောလို့ မိသား စုဝင်တွေကို မှာခဲ့ပါတယ်’’ ဟု ၎င်းက ပြောသည်။

ထို့နောက် လွှတ်တော်ပိတ် ရက်တွင် မဲဆန္ဒနယ်သို့ သွားရ သဖြင့် လူနာထံ မသွားနိုင်ဘဲ နေပြည်တော်သို့ ပြန်လာချိန် လာ ရောက်တွေ့ဆုံရန် လူနာ၏ အစ်ကိုနှင့် အစ်မထံ ဆက်သွယ်ခဲ့ ကြောင်း၎င်းကဆိုသည်။