အစ္စဏီကို ရုံးပြောင်းလျှောက်ထားစစ်ဆေးရန် တရားလိုလျှောက်ထားမှု ပယ်ချခံရ

 အဆိုတော်အစ္စဏီ၏ အမှုကိုတရားလိုဘက်မှရုံးပြောင်း လျှောက်ထားမှုကို ပယ်ချခဲ့ပြီး  တာမွေတရားရုံးတွင်သာ ပြန် လည်စစ်ဆေးရန် အမိန့်ချမှတ်ကြောင်း   စွပ်စွဲခံရသူ၏ရှေ့နေဦး ကျော်ဇင်ဦးက ပြောသည်။

‘‘ရုံးပြောင်းလျှောက်တာကို ပယ်လိုက်တယ်။ သူ့ရဲ့လျှောက် ထားချက်တွေက မမှန်မကန် လျှောက်ထားတယ် ဆိုပြီးတော့  သုံးသပ်ပြီးပယ်လိုက်တယ်။ မူလ တာမွေတရားရုံးမှာပဲပြန်စစ်မယ်’’ ဟု ၎င်းကပြောသည်။

ယနေ့ရုံးချိန်းသို့ တရားလိုအ ပါအ၀င် တရားလိုဘက်မှ ရှေ့နေ များတစ်ဦးမျှမလာရောက်ပေ။

‘‘ငါ့လူ(အစ္စဏီ)လည်းအထဲ မှာတော်တော်ဖြစ်နေတာ။ သူ လည်းတော်တော် ဝေဒနာခံစား နေရတယ်။ ၁၃ ရက်နေ့တာမွေတ ရားရုံးမှာ နေမကောင်းစွာနဲ့ပဲရုံး ထွက်ရမယ်’’ ဟု ရှေ့နေဦးကျော် ဇင်ဦးကပြောသည်။

အဆိုတော် အစ္စဏီကို အဓမ္မပြုကျင့်မှု၊ ဘေးဖြစ်စေသော  လက်နက်ဖြင့်နာကျင်စေမှုနှင့် သာမန်နာကျင်စေမှုပုဒ်မသုံးခု ဖြင့် မေလ ၁၀ ရက်ကစတင်၍ တရားစွဲဆိုခဲ့သည်။

အစ္စဏီသည် ရည်းစား ဟောင်းကို နာကျင်အောင်ပြုလုပ်  သည့်အပြင် နှစ်ကြိမ်အဓမ္မပြု ကျင့်ကြောင်း၊ ထို့နောက်မော် ဒယ်အမျိုးသမီးကအိမ်သာအသုံး ပြုမည်ဟု အကြောင်းပြကာ အိမ် သာတံခါးလော့ခ်ချ၍ သူငယ်ချင်း ထံဖုန်းဆက်အကူအညီတောင်း ရာက လွတ်မြောက်ခဲ့ကြောင်း ရဲ တပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိ သည်။