ဗီဒီယိုဇာတ်ကားဖြန့်ချိရေးလိုင်စင်ကြေး ၈၀ ရာခိုင်နှုန်းသို့ လျှော့ချ

ဈေးကွက်ပြန်လည်ဦးမော့လာနိုင်ဟု ဆို
ဓာတ်ပုံ-ကျော်ဇင်သန်း

ဗီဒီယိုဇာတ်ကားဖြန့်ချိ သူများအတွက် လိုင်စင်ကြေးကို ကျပ်တစ်သိန်းမှ နှစ်သောင်းသို့ လျှော့ချရန် သဘောတူညီထား ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

‘‘နိုင်ငံတကာမှာကျင့်သုံးတဲ့ ပရီစနစ်ကို လမ်းကြောင်းဖွင့်ရ မယ်။ ပရီဆိုရင် အရောင်းဆိုင်တွေပေါ်လာဖို့ လိုပါတယ်။ အရင်ဖြန့် ချိရေးရဲ့ လိုင်စင်ခက တစ်သိန်း၊ သက်တမ်းတိုးရင် ငါးသောင်းကျ တယ်။ အဲဒါကို ပြန်ကြားရေးဝန် ကြီးဌာနကို ညှိနှိုင်းတဲ့အခါမှာ ပြန် ကြားရေးဝန်ကြီးဌာနက တစ်နိုင်ငံ လုံးမှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည် နယ်အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းလိုက်တဲ့အခါမှာ အများသူငါတတ်နိုင်အောင် ဖြန့် ချိရေးလိုင်စင်ကို နှစ်သောင်း၊ သက်တမ်းတိုးရင် တစ်သောင်းဆို တဲ့ သဘောတူညီချက်ရပါပြီ။ ရက်ပိုင်းအတွင်းမှာ ဥပဒေထွက်လာ ပါလိမ့်မယ်’’ဟု ၎င်းက ပြောသည်။ထို့ကြောင့် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် တရားဝင်ဖြန့်ချိ ရေးလိုင်စင်ယူထားသည့် ဆိုင်များတိုးပွားလာနိုင်ပြီး ယင်းစနစ် ကြောင့် ဗီဒီယိုဈေးကွက်ပြန်လည်ဦးမော့လာနိုင်ကြောင်း ဦးဇင်ဝိုင်းက သုံးသပ်ပြောကြားသည်။

‘‘တကယ်တော့ ကျွန်တော် တို့ ရုပ်ရှင်လောကရဲ့ ၈၀ ရာခိုင် နှုန်းလောက်က အလုပ်မရှိဘူး။ ၂၀ ရာခိုင်နှုန်းလောက်သော သရုပ်ဆောင်များ၊ စက်အဖွဲ့သား များ၊ ဒါရိုက်တာများ၊ ဇာတ်ညွှန်း များသာအလုပ်ရှိတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ဗီဒီယိုပျက်တဲ့ အတွက် ထိုင်နေရတယ်။ ငှားရမ်း ဆိုင်တွေကလည်း အရောင်းဆိုင် ဖြစ်လာမယ်ဆိုရင် ဗီဒီယိုလောက ပြန်တိုးတက်လာနိုင်တယ်’’ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဖြန့်ချိရေးလိုင် စင်ကြေးလျှော့ချပေးခြင်းသည် လုပ်ငန်းသစ်လုပ်ကိုင်လိုသူများ အဆင်ပြေနိုင်ပြီး မျိုးဆက်သစ်အနုပညာရှင်များအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း ရုပ်ရှင်ထုတ်လုပ်သူ ကိုငယ်လေးက ပြောသည်။

‘‘အင်တာနက်ရဲ့ အား ကောင်းလာမှုတွေရှိလာတယ်။ အင်တာနက်ပေါ်မှာလည်း လွယ် လွယ်ကူကူနဲ့ ရုပ်ရှင်တွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း ကြည့်လာ တယ်။ ချန်နယ်တွေက ဇာတ်လမ်း တွဲတွေလည်း အားကောင်းလာ တော့ ဗီဒီယိုကရှိတော့ရှိနေမယ်။ အနေအထားတစ်ခုနဲ့ ရပ်တည်နိုင် ဖို့ အဆင်ပြေရင်တော့ ပြေလာ လိမ့်မယ်။ အရင်လို ဗီဒီယိုတစ် ခေတ်တစ်ခါ အောင်မြင်ခဲ့သလို ဆိုင်တွေပြန်ပြီးပေါ်လာဖို့တော့ မဖြစ်နိုင်လောက်တော့ဘူးလို့ ထင်ပါတယ်’’ဟု သရုပ်ဆောင် ကျော် ကျော်က ၎င်း၏ အမြင်ကိုပြော သည်။