စစ်တပ်ကို အာဏာလွှဲ ကိုင်တွယ်ခိုင်းမည်ဟု မပြောဆိုခဲ့ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ်ဆို

သို့သော် ဆူပူသောင်းကျန်းမှုနှင့် မငြိမ်သက်မှုများဖြစ်လာလျှင် တပ်မတော်ကို တာဝန်ပေးမည်ဟု ဇူလိုင် ၁၆ ရက်တွင်ပြောကြား
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ဗိုလ်ချုပ်ရုပ်တုကန့် ကွက်လှုပ်ရှားမှုများ ထပ်မံဖြစ် ပေါ်လာလျှင် စစ်တပ်ကိုအာဏာ လွှဲကာ ကိုင်တွယ်ခိုင်းမည်ဟူ၍ ပြောဆိုခဲ့ခြင်းမရှိကြောင်းကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုက ငြင်းဆိုသည်။

ကန့်ကွက်မှုများ ဆက်တိုက် ပြုလုပ်လာပြီး ပြည်နယ်အတွင်း ရုန်းရင်းဆန်ခတ်မှုများကို ထိန်း သိမ်းနိုင်စွမ်းမရှိသည့်အခြေအနေ မျိုးဖြစ်ပေါ်လာပါက အရပ်သား အစိုးရအနေဖြင့် အဆိုပါအခြေ အနေကို တည်ငြိမ်အောင်ထိန်း သိမ်းရန် ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးသဖြင့် လိုအပ်ပါက တပ် မတော်ကိုတာဝန်ပေးကြောင်း အ မိန့်ပေးရလိမ့်မည်ဟုသာ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း ဦးအယ်လ် ဖောင်းရှိုက 7Day Daily သတင်း စာအား ယမန်နေ့ကပြောကြား သည်။

ဇူလိုင် ၁၆ ရက်ကအစိုးရအ ဖွဲ့ရုံး၌ ပြုလုပ်သည့် ပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီလူငယ် အင်အားစုများ၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)အပါအ၀င် လက်နက်ကိုင်အဖွဲ့ အစည်းကိုယ်စားလှယ်များတွေ့ ဆုံပွဲတွင် ကယားပြည်နယ်ဝန်ကြီး ချုပ်က ‘ဗိုလ်ချုပ်ကြေးရုပ်ကန့် ကွက်လှုပ်ရှားမှုတွေ ထပ်ဖြစ်လာ မယ်ဆိုရင် စစ်တပ်ကိုအာဏာလွှဲ အပ်ပြီး ကိုင်တွယ်ခိုင်းမယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်’ ဟူ၍တွေ့ ဆုံပွဲတက်ရောက်ခဲ့သည့် ကရင်နီ လူငယ်ခွန်းအသန်းက ၎င်း၏လူ မှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၂၀ ရက်ညကပို့စ်တင်ခဲ့ရာ လူမှု ကွန်ရက်အသုံးပြုသည့်ပြည်သူ များနှင့် နိုင်ငံရေးလေ့လာသူများ ကြားလျင်မြန်စွာပျံ့နှံ့ပြီး ဝေဖန် မှုများမြင့်တက်ခဲ့သည်။

ထို့နောက် ဇူလိုင် ၂၁ ရက် နံနက်ကစ၍ လူမှုကွန်ရက်စာ မျက်နှာများပေါ်တွင် ဇူလိုင် ၁၆ ရက်တွေ့ဆုံပွဲ၌ ၀န်ကြီးချုပ်ပြော ကြားခဲ့သည့် အသံဖိုင်သည်ကရင် နီလူငယ်ခွန်းအသန်းအကောင့် (Khun A-Than)နှင့်ကယားပြည် နယ်အခြေစိုက် KnlC ဖေ့စ်ဘွတ်ခ် ပေ့ခ်ျများတွင်ပျံ့နှံ့ခဲ့သည်။

တစ်မိနစ်ကျော် ကြာမြင့် သည့် အဆိုပါအသံဖိုင်တွင် ဗိုလ် ချုပ်ရုပ်တု ထားရှိရေးနှင့် ပတ် သက်၍ ကယားပြည်နယ်ဝန်ကြီး ချုပ်ဦးအယ်လ်ဖောင်းရှိုက လက် ရှိပူးပေါင်းဆောင်ရွက်နေသည့်အ ချိန်တွင် ဆူပူသောင်းကျန်းမှုများ နှင့် မငြိမ်မသက်မှုများဖြစ်ပေါ်လာ ပါက အဆိုပါအခြေအနေများကို ထိန်းသိမ်းရန်ပြည်နယ်ရဲတပ်ဖွဲ့ အင်အားနည်းသဖြင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ တာဝန်ရှိသည့် တပ်မတော်ကို လိုအပ်ပါက တာ ၀န်ပေးရမည်ဖြစ်ကြောင်း ပြော ကြားထားသည်။

‘‘လက်ရှိအခြေအနေမှာ ဒီလို မျိုး ပူးပေါင်းဆောင်ရွက်နေတာ မှာ ဒီလိုမျိုး ဆူပူသောင်းကျန်းမှု တွေ၊ မငြိမ်သက်မှုတွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာဖြစ်  ပါတယ်။ ထိန်းသိမ်းရမှာ သူ့ရဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သူ့မှာ တာဝန်အပြည့်အဝလည်း ရှိပါ တယ်’’ ဟု ၎င်းက ပြောသည်။  ဆက်လက်၍

‘‘တကယ်လို့ ပြောတဲ့ကြား ထဲမှဖြစ်လာခဲ့ရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အင်အားကနည်းသေး တယ်။ အဲတော့ တပ်ကိုလိုလို့ရှိ ရင်၊ သူ့ကိုထိန်းခိုင်းဖို့လိုရင် ကျွန် တော်သူ့ကိုအမိန့်ပေးရမယ်။ တာ ၀န်ပေးရမယ်။ ဒါကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်တာဝန်ဖြစ်တယ်။ ဒါကို ပြောခြင်းဖြစ်ပါတယ်’’ ဟု အဆိုပါအသံဖိုင်တွင် ၎င်းကပြောဆိုထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် တိုင်းဒေသကြီးတစ်ခုတွင် ဖြစ်စေ၊ ပြည်နယ်တစ်ခုတွင်ဖြစ် စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်နိုင်စွမ်း မရှိကြောင်း သိရှိ လျှင်သော်လည်းကောင်း၊ သက် ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အ စည်းက တင်ပြလျှင်သော်လည်း ကောင်း နိုင်ငံတော်သမ္မတက အ မျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီဖြင့် ညှိနှိုင်းပြီး ဥပဒေ ကဲ့သို့အာဏာတည်သော အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအ နေ ကြေညာနိုင်သည်။ ဝန်ကြီး ချုပ်များအနေဖြင့်မူ မကြေညာနိုင် ပေ။

ဇူလိုင် ၂၀ ရက်ကပြည်နယ် အစိုးရအဖွဲ့ရုံး၌ ထပ်မံပြုလုပ် သည့်ဆွေးနွေးပွဲတွင် ကယားပြည် နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့်အပေါ် အစိုးရနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်နေ သော်လည်း ပြည်နယ်အစိုးရ၏ တစ်ဖက်သတ်ဆန်သော ဆောင် ရွက်ချက်များကို ယုံကြည်မှုမရှိ၍ ညှိနှိုင်းဆွေးနွေးမှုကို ရပ်ဆိုင်း ကြောင်း ကရင်နီလူငယ်အင်အား စုများက ယင်းနေ့ရက်စွဲဖြင့်ကြေ ညာချက်ထုတ်ပြန်ပြီးနောက် အ ဆိုပါအသံဖိုင်နှင့်ပို့စ်များထွက် ပေါ်လာခြင်းဖြစ်သည်။

ကရင်နီလူငယ်ခွန်းအသန်း က ‘‘ဆိုလိုချင်တာက အဓိကရုဏ်း နှိမ်နင်းတဲ့ဟာတွေ၊ လူထုလှုပ်ရှား မှုစတဲ့လှုပ်ရှားမှုတွေ တားမြစ်တဲ့ နေရာတွေမှာ ဘယ်ရှုထောင့်ကပဲ ဖြစ်ဖြစ် တပ်ကိုကိုင်တွယ်ခိုင်း မယ်၊ အမိန့်ပေးမယ်ဆိုကတည်း က သူ့ရဲ့ (၀န်ကြီးချုပ်)လုပ်ပိုင်ခွင့် တရားဝင် လမ်းကြောင်းကနေ ကျော်လွန်ပြီးမှ အဲဒီအာဏာတွေ အားလုံးကို တပ်မတော်ကို လွှဲ အပ်မယ်လို့ဆိုလိုရာကျတယ်လို့ ကျွန်တော်က သူပြောတဲ့စကား နှစ်ကျော့လုံးကို ပေါင်းပြီးမှချုပ်ပြီး ရေးထားတာပါ’’ ဟုဆိုသည်။

ဝန်ကြီးချုပ်က တပ်မတော် ကို အာဏာလွှဲအပ်၍အမိန့်ပေး ကိုင်တွယ်ခိုင်းမည်ဆိုသည့်စကား လုံးအသုံးအနှုန်းများအသုံးပြုကာ ဇူလိုင် ၂၀ ရက်ညကစ၍ လူမှု ကွန်ရက်စာမျက်နှာများပေါ်ရေး သားဖြန့်ဝေနေခြင်းများသည်တစ် ဖက်သတ်ဆန်သည့်မမှန်သတင်း များသာဖြစ်ကြောင်း တုံ့ပြန် သည်။

‘‘စစ်တပ်ကို အာဏာလွှဲအပ် ပြီး ကိုင်တွယ်ခိုင်းမယ်ဆိုတာလုံးဝ မဖြစ်နိုင်ပါဘူး။ လုံးဝလည်းကျွန် တော့်အနေနဲ့ အာဏာလွှဲအပ်မှာ မဟုတ်ဘူး။ ကျွန်တော့်ကို အရပ် သားအစိုးရက ယုံကြည်လို့ဒီတာ ၀န်ပေးထားတဲ့အပေါ်မှာ ဒီမိုက ရေစီဖက်ဒရယ် ပြည်ထောင်စု စနစ်ကြီး ပေါ်ပေါက်လာဖို့အ တွက် လိုအပ်ရင်ကျွန်တော်အ သက်ပါရင်းပြီး ကာကွယ်ထိန်း သိမ်းဖော်ဆောင်သွားမှာဖြစ်ပါ တယ်လို့ ရဲရဲကြီးပြောချင်တယ်’’ ဟု ဦးအယ်လ်ဖောင်းရှိုကပြော သည်။

ထို့အပြင် ဇူလိုင် ၁၆ ရက် တွေ့ဆုံပွဲသည် အလွတ်သဘောပူးပေါင်းညှိနှိုင်းသည့် အစည်းအဝေးဖြစ်၍ ယင်းကဲ့သို့တစ်ဖက် သတ်မမှန်သတင်း မထုတ်ပြန် သင့်ကြောင်း ၀န်ကြီးချုပ်ကဆက် လက်ပြောသည်။

ကယားပြည်နယ် ၀န်ကြီး ချုပ်ဦးအယ်လ်ဖောင်းရှို၏ ပြော ဆိုချက်များအပေါ် ဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုး ညွန့်က ‘‘မူဝါဒအရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကတော့ စေ့စပ် ညှိနှိုင်းပြီးတော့ ပြဿနာဖြေရှင်း တာ ကျွန်တော်တို့ရဲ့အခြေခံမူဝါဒ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်း များကို ထောက်ပြီးတော့ ဒီလို ပြောတယ်ဆိုတဲ့ဟာကိုတော့ကျွန် တော်တို့ မသိသေးပါဘူး။ ဒီကိစ္စ က အရေးကြီးတဲ့အတွက်ဗဟိုအ လုပ်အမှုဆောင်အဖွဲ့အစည်းအ ဝေးမှာ တင်ပြပြီးတော့တိကျတဲ့ မှတ်ချက်တစ်ခုရမှသာ ပြန်အ ကြောင်းပြန်မယ်’’ ဟု 7Day Daily သတင်းစာ၏မေးမြန်းမှုကို ဖြေကြားသည်။

ကယားပြည်နယ်အတွင်း ပထမဆုံးဗိုလ်ချုပ်ကြေးရုပ်စိုက် ထူမည့်အပေါ် ဌာနေတိုင်းရင်း သားလူမျိုးစုလူငယ်များက ကန့် ကွက်ကြောင်း ဇွန်လ ၂၆ ရက်က စ၍ ကယားလူငယ်အဖွဲ့အစည်း များဦးဆောင်ကာ ပြည်နယ်အ တွင်း မြို့နယ်နှင့်ကျေးရွာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့သည်။

ထို့အပြင် ဇူလိုင် ၃ ရက်တွင် လွိုင်ကော်မြို့ပေါ်၌ လူ ၁,၀၀၀ ကျော်ဖြင့် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ၌ ရဲတပ်ဖွဲ့က တားမြစ်ရာနှစ်ဖက်ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ပြည်နယ်အစိုးရ က ကန့်ကွက်မှု၌ပါဝင်သည့် ဦး ဆောင်သူလူငယ် ၂၃ ဦးကို နိုင်ငံ တော်အကြည်ညိုပျက်စေမှု၊ ငြိမ်း စုစီပုဒ်မများဖြင့် လွိုင်ကော်၊ ဒီး မော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့၌ တရားစွဲဆိုထားသည်။