ပြင်သစ်က ခရိုအေးရှားကို အနိုင်ယူပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ဒုတိယအကြိမ် ဆွတ်ခူး

(Reuters)

 ၂၀၁၈ ရုရှားကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ခရိုအေးရှား၏ ဖိအားပေးယှဉ်ပြိုင်မှုကို ပြင်သစ်က အကောင်းဆုံးချေဖျက်ကာ ဂိုးပြတ်နိုင်ပွဲဖြင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

ဘောလုံးအင်အားကြီး ဖြစ် လာရန် တာစူနေသည့် ခရိုအေးရှားကို ပြင်သစ်က ၄-၂ ဂိုးဖြင့် အနိုင်ယူပြီး နည်းဗျူဟာသင်ခန်းစာပေးကာ ကမ္ဘာ့ဖလားကို သိမ်း ပိုက်ခဲ့သည်။


ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း၏ ပြစ်ဒဏ်ဘောကို မန်ဇူကစ်က ခေါင်းတိုက်ရှင်းထုတ်ရာမှ ၁၈ မိနစ်တွင် ပြင်သစ်က လက်ဆောင်ဂိုးရသည်။ သို့သော်လည်း ပါရီဆစ်က ၂၈ မိနစ်တွင် လှပသော ချေပဂိုးသွင်းယူခဲ့ သည်။ သို့သော် ၁၀ မိနစ်အကြာတွင် ပါရီဆစ် ပင်နယ်တီဧရိယာအတွင်း လက်ဖြင့်ပုတ်မိရာ ဒိုင်လူကြီးက VAR စနစ် သုံးသပ်ချက်ကို ပြန်ကြည့်ပြီး ပင်နယ်တီပေးသဖြင့် ဂရစ်ဇ်မန်းက ဦး ဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။ ထို့နောက် ပေါ့ဂ်ဘာနှင့် မက်ဘီတို့က ပြောင်မြောက်သော တစ်ဦးချင်း စွမ်းဆောင်ရည်များဖြင့် ဦး ဆောင်ဂိုးများ သွင်းယူခဲ့သည်။


(Reuters)

၎-၁ ဂိုး ဦးဆောင်နေချိန်တွင် ပြင်သစ်အသင်းခေါင်း ဆောင် ဂိုးသမားလောရစ်၏ မထင်မှတ်သော အမှားမှတစ်ဆင့် ခရိုအေးရှားက ၆၉ မိနစ်၌ ဒုတိယချေပဂိုး ရယူခဲ့သည်။ သို့သော် ခရိုအေးရှား၏ ကံကောင်းခြင်းများ အဆုံးသတ်ခဲ့ပြီး လက်ကျန်အချိန်များတွင် ပြင်သစ်က ရလဒ်ကိုထိန်း၍ ချန်ပီယံဆုကို သက် သောင့်သက်သာ ဆွတ်ခူးသွား သည်။

ထို့ကြောင့် ပြင်သစ်အသင်း သည် ၁၉၉၈ ခုနှစ်တွင် ကမ္ဘာ့ ဖလားချန်ပီယံဆုကို ပထမဆုံး အကြိမ် ဆွတ်ခူးပြီးနောက် နှစ် ၂၀ အကြာတွင် ဒုတိယအကြိမ် ထပ်မံဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။ထူးခြားမှုမှာ ပထမအကြိမ် ဆွတ် ခူးစဉ် ဒက်ချမ့်စ်က အဓိက ကစား သမားအဖြစ် ပါဝင်ခဲ့သလို နှစ် ၂၀ အကြာတွင် နည်းပြအနေဖြင့် ဖလားကို ဒုတိယအကြိမ် ဆွတ် ခူးနိုင်ရန် ဦးဆောင်ခဲ့သည်။ သို့သော် ပြင်သစ်တိုက်စစ်မှူး ဂျီ ရော့ဒ်သည် အသင်းဗိုလ်စွဲသော် လည်း ပြိုင်ပွဲတွင် တစ်ဂိုးမျှ မသွင်းနိုင်ခဲ့ပေ။

ခရိုအေးရှားတိုက်စစ်မှူး မန် ဇူကစ်သည်လည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ကိုယ့်ဂိုးကိုယ်သွင်း သော ပထမဆုံးကစားသမားအ ဖြစ် မှတ်တမ်းဝင်သွားသည်။


(Reuters)

‘‘ကျွန်တော်တို့ ကစားပုံ မ ကြီးကျယ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန် တော်တို့ စိတ်ဓာတ်ကြံ့ခိုင်မှု ပြသခဲ့တယ်။ ကျွန်တော်တို့ လေးဂိုး တော့ သွင်းခဲ့ပါတယ်။ ကျွန်တော် တို့ အနိုင်နဲ့ထိုက်တန်ပါတယ်’’ ဟု ပြင်သစ်နည်းပြ ဒက်ချမ့်စ်ကပြော သည်။

‘‘ကျွန်တော် ဘယ်ရောက်နေ လဲမသိတော့ဘူး။ အရမ်းပျော်နေ တယ်။ အရမ်းခက်ခဲတဲ့ပွဲပါ။ ကျွန် တော်တို့ ပြန်လာပြီး ခြားနားမှုရှိ  အောင် လုပ်နိုင်ခဲ့တယ်’’ ဟု ပြင် သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားသည်။

ပြင်သစ်သည် မတူညီသော ပြိုင်ဘက်များကို မတူညီသော နည်းဗျူဟာ၊ မတူညီသောသူများ သွင်းယူသောဂိုးများဖြင့် ၎င်းတို့၏ အရည်အသွေးကို ပြသကာ ကမ္ဘာ့ဖလားကို ထိုက်တန်စွာ ပါရီသို့ သယ်ဆောင်သွားခဲ့သည်။

—Ref: FIFA

                             ပြင်သစ်    ခရိုအေးရှား
ဘောလုံးပိုင်ဆိုင်မှု        ၃၉             ၆၁
ဂိုးပေါက်ကန်သွင်းမှု      ၈               ၁၅
ဂိုးပေါက်တည့်မှု           ၆                ၃
ထောင့်ကန်ဘော         ၂                ၆

ကမ္ဘာ့ဖလားအကောင်းဆုံးဘောလုံးသမား(ရွှေဘောလုံး)ဆု - မိုဒရစ် (ခရိုအေးရှား)
အကောင်းဆုံးလူငယ်ကစားသမား ငွေဘောလုံးဆု - မက်ဘီ (ပြင်သစ်)
အကောင်းဆုံးဂိုးသမား(ရွှေလက်အိတ်)ဆု - ကော်တိုရစ် (ဘယ်လ်ဂျီယံ)
ဂိုးသွင်းအများဆုံး(ရွှေဖိနပ်)ဆု - ဟယ်ရီကိန်း (အင်္ဂလန်)