၂၁ ရာစုပင်လုံ တက်ရောက်နေသည့် UWSA ဒုဥက္ကဋ္ဌ နှလုံးအားနည်း၍ ဆေးဝါးကုသမှုခံယူ

ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး တက် ရောက်နေသည့် ‘၀’လက်နက်ကိုင် အဖွဲ့(UWSA)ဒုဥက္ကဋ္ဌ ပေါက်ယူယိ သည် ဇူလိုင် ၁၂ ရက်နေ့လယ်တွင် နှလုံးအားနည်း၍ နေပြည်တော်ခုတင်တစ်ထောင်ဆေးရုံသို့ အရေးပေါ်တက် ရောက်ဆေးကုသမှုခံယူခဲ့သည်။

အသက်(၇၄) နှစ်အရွယ် ပေါက်ယူယိသည် UWSA ဒု ဥက္ကဋ္ဌ ကျောက်ကော်အမ်းနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ကိုဦး ဆောင်၍ ၂၁ ရာစုပင်လုံသို့တက် ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဇူလိုင် ၁၁ ရက် ၂၁ရာစုပင်လုံ ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့်အ ပြင် မွန်းလွဲတွင် အခြားမဟာ မိတ်အဖွဲ့သုံးဖွဲ့နှင့်အတူ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်အား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။

ဇူလိုင် ၁၂ တွင်UWSA အ ပါအ၀င် မြောက်ပိုင်းအဖွဲ့ခေါင်း ဆောင်များသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံခဲ့ ရာ ပေါက်ယူယိ၏ ကျန်းမာရေး အခြေအနေအရ တွေ့ဆုံပွဲသို့ လိုက်ပါနိုင်ခြင်းမရှိခဲ့ပေ။

‘‘ပူလိုက်၊ အေးလိုက်ဖြစ်ပြီး တော့ ကျန်းမာရေးမကောင်းတော့ ကျွန်တော်တို့ဒီဟိုတယ်မှာ ဆရာ ၀န်လည်းရှိတယ်။ ဆရာဝန်နဲ့ပြ တော့ ဆရာဝန်က ဆေးရုံတက်မှ ရမယ်ဆိုတော့ ကျွန်တော်တို့ ခုတင်တစ်ထောင်အထူးဆေးရုံ ကြီးဆီပို့ထားပါတယ်။ ဆေးရုံ ကားခေါ်ပြီးတော့ပေါ့။ ဆိုတော့ အခုသူခုတင်တစ်ထောင်မှာ ကု သနေတယ်။ နှလုံးရောဂါကုသ ဆောင်မှာ ကုသနေတယ်’’ ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေးက ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးကော် မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း လည်း UWSA ဒုဥက္ကဋ္ဌဆေးကုသ မှုခံယူနေသည့်ဆေးရုံသို့ သွား ရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ကျန်းမာရေးဝန်ကြီးဌာနကို လည်း ပြောထားတယ်။ ဒီလာတဲ့ အခိုက်အတန့်မှာ ကျွန်တော်တို့ ရဲ့ အထူးဧည့်သည်တော်ဖြစ်တဲ့ အတွက် အထူးဂရုစိုက်ပြီးတော့ လုပ်ဖို့၊ သူတို့လည်းတော်တော် လေးဂရုစိုက်ပြီးတော့ လုပ်ပေးပါ တယ်’’ဟု ဦးဇော်ဌေးက ပြော သည်။

UWSA ဒုဥက္ကဋ္ဌ၏ ကျန်းမာ ရေးအခြေအနေမစိုးရိမ်ရကြောင်း ပြန်လည်သက်သာလာပြီး ဆေး ရုံတွင် အနားယူနေကြောင်း UWSA ကိုယ်စားလှယ်အဖွဲ့ဝင် ဦးစံလော့က ဇူလိုင် ၁၂ ရက် ည နေတွင် ပြောကြားသည်။

UWSA လားရှိုးမြို့ဆက်ဆံ ရေးရုံးဒုတိယတာဝန်ခံဦးညီရန်း ကလည်း ‘‘အဆင်ပြေတယ်။ နှလုံးအားနည်းတာပဲရှိတယ်’’ ဟု ယမန်နေ့ညတွင် ပြောသည်။

UWSA ကိုယ်စားလှယ်အ ဖွဲ့သည် မူလက ဇူလိုင် ၁၄ ရက် တွင် ပြန်ရန် စီစဉ်ထားသော်လည်းဒုဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေအရ ပြန်မည့်ရက်ရွှေ့၊ မရွှေ့ကို အတည်ပြုချက်မရသေးပေ။

More in News Section