အသတ်ခံရမည်စိုး၍ ဦးကိုနီအား သေနတ်ဖြင့်ပစ်ခဲ့ပြီး ဦးနေ၀င်းကိုမပစ်ခဲ့ဟု ကြည်လင်းဆို

သေနတ်သမားကြည်လင်းနှင့် အပေါင်းအပါများကို ဇူလိုင် ၁၂ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီအား သေနတ်ဖြင့် ပစ် ခတ်ခဲ့သော်လည်း သေစေလိုသည့် ဆန္ဒမပါဘဲ မြင့်ဆွေဆိုသူ၏ ခြိမ်း ခြောက်စေခိုင်းမှုကြောင့် ပြုလုပ် ရကြောင်းနှင့် တက္ကစီသမား ဦးနေ ဝင်းကိုလည်း သေနတ်ဖြင့် မပစ်ခဲ့ကြောင်း ကြည်လင်းက တရားခွင် တွင် ထွက်ဆိုခဲ့သည်။ 


‘‘ကျွန်တော့်အနေနဲ့ ကျွန် တော့်ကို သတ်မှာစိုးလို့ ပစ်ခဲ့ခြင်း သာဖြစ်တယ်။ သေစေလိုတဲ့ဆန္ဒ မရှိပါဘူး။ ကိုနေဝင်းကိုတော့ မပစ်ပါဘူး။ သူ့ဟာသူ ဘယ်လို မှန်ပြီး ဘယ်လိုသေလဲမသိပါဘူး’’ ဟု သေနတ်သမား ကြည်လင်းက တရားခွင်အတွင်း ထွက်ဆိုသည်။ 

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှု၏ (၅၉)ကြိမ် မြောက် ရုံးချိန်းအဖြစ် ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ လူသတ်သမားအဖြစ် စွပ်စွဲခံထားရသူ ကြည်လင်းကို ရုံးထုတ်စစ်ဆေးရာ၌ ၎င်းကအ ထက်ပါအတိုင်း ထွက်ဆိုခဲ့သည်။ 

မြောက်ပိုင်းခရိုင်တရားရုံးမှ ခုံရုံးဥက္ကဋ္ဌတရားသူကြီးက ကြည် လင်းအား ပထမသတင်းပေးတိုင် ကြားချက်နှင့် ရဲအုပ်မိုးနိုင်၏ထွက် ဆိုချက်အရ ဦးကိုနီနှင့် ဦးနေဝင်း တို့ကို ပစ်ခတ်ခဲ့သူသင့်အားအရေး ယူပေးရန် တိုင်ကြားထွက်ဆိုထား ခြင်းအပေါ် မည်ကဲ့သို့ဖြေရှင်းလို ပါသနည်းဟု မေးမြန်းခဲ့သည်။ 

ကြည်လင်းက ၂၀၁၇ ဇန်န ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက မဲဆောက်မြို့နေ မြင့်ဆွေဆိုသူ သည် ၎င်းထံ ဖုန်းဖြင့် ဆက်သွယ်ပြီး မတွေ့ရသည်မှာ ကြာနေပြီဖြစ်သဖြင့် တွေ့လို၍ နောက်တစ်နေ့ တွင် တွေ့လိုသည်ဟု မြင့်ဆွေဆို သူကပြောကြောင်း ကြည်လင်း က ထွက်ဆိုခဲ့သည်။ 

ထို့နောက် ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၁၁ နာရီခွဲ ၁၂ နာရီခန့်တွင် မြင့်ဆွေက ဖုန်းဆက်ပြီး ကြည်လင်းကို အားလားဟု မေးကာ ဆူးလေဘုရားလမ်းမှ ပန်းခြံ သို့လာခဲ့ရန် ချိန်းဆိုသဖြင့် ကြည် လင်းက သွားသည်ဆိုသည်။ 

သို့သော် ပန်းခြံတွင် မြင့်ဆွေ ကို မတွေ့သဖြင့် ဖုန်းဆက်ရာ မြင့်ဆွေက ၎င်းမိတ်ဆွေတစ် ယောက် ပြန်လာမည်ဖြစ်သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ရောက်နေသဖြင့် ကားငှား လိုက်ခဲ့ရန်ပြောသဖြင့် လိုက်သွား ခဲ့သည်ဟု ကြည်လင်းက ဆိုသည်။လေဆိပ်သို့ ရောက်ရှိချိန် တွင် မြင့်ဆွေအား လေယာဉ်ကွင်း ရှေ့တည့်တည့်ရှိ ကားပါကင်တွင် တွေ့ပြီး ၎င်းတွင် ကားပါကြောင်း ပြောကာ လိုက်ခဲ့ရန်ခေါ်သဖြင့် ကြည်လင်းက လိုက်သွားရာ မြင့်ဆွေ၏ကားပေါ်တွင် အမျိုး သားနှစ်ဦးကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဖုန်းထဲမှ ဓာတ်ပုံထုတ်ပြ၍ သေနတ်ဖြင့် ပစ် သတ်ရန်ပြောပြီး မသတ်ပေးပါက ကြည်လင်းနှင့်မိသားစုကို ခြိမ်း ခြောက်ခဲ့သည်ဟုဆိုသည်။ 

‘‘ငါ့ကို မခိုင်းပါနဲ့၊ သေနတ် ပစ်တတ်တဲ့သူလည်းမဟုတ်ဘူး လို့ ပြောတော့ မြင့်ဆွေက ခါးကြားက သေနတ်ကို ထုတ်ပြပြီး ဒီခ လုတ်ကို ဆွဲလိုက်ရင် ကျည်ဆန် ထွက်တာပဲ။ မောင်းတွေ ဘာတွေ လည်း တင်စရာမလိုဘူး။ ခေါင်းကို တေ့ပစ်ရင် မမှန်စရာအကြောင်း လည်း မရှိဘူး။ ငါတို့ပြောသလို ကပ်မပစ်ရင် မင်းခေါင်းကွဲပြီလို့ ပြောတယ်’’ဟု ကြည်လင်းက ဆို သည်။ 

ထို့နောက် ကြည်လင်းကို ခေါ်ကာ လေဆိပ်ဘက်သို့ သွားခဲ့ ပြီး ဓာတ်ပုံထဲမှ လူကို တွေ့ရာ ကြည်လင်းအားပြ၍ သေနတ်ဖြင့် ပစ်ခတ်ခိုင်းခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ 

ဦးကိုနီအား သေနတ်ဖြင့် ပစ်ပြီး ကားဆီသို့ ထွက်ပြေးရာ လူ အုပ်ကြီးလိုက်လာပုံ၊ ကားမတွေ့ သဖြင့် ကားလမ်းမဘက်သို့ ပြေးကာ အငှားယာဉ်တစ်စီးကို တားဆီးခဲ့ပုံကို ထွက်ဆိုပြီး ၎င်းအား လူအုပ်ကြီး ဝိုင်းဝန်းရိုက်နှက်စဉ် သေနတ်သံတစ်ချက် ကြားခဲ့ကာ ထိုအချိန် ၎င်းလက်အတွင်း သေ နတ်မရှိတော့ကြောင်း ထွက်ဆို သည်။ 

‘‘ကြည်လင်းက သက်သေ အဖြစ် အစစ်မခံဘဲနဲ့ တရားခံအ ဖြစ်နဲ့ အစစ်ခံတယ်ဆိုတာ သူတို့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေ သိပ်များ နေတယ်လို့ ပြောလို့ရတယ်။ အခု မြင့်ဆွေက ခြိမ်းခြောက်လို့လုပ်ပါ တယ်ဆိုတဲ့ကိစ္စ မြင့်ဆွေက ဦးကိုနီကို မသတ်ခင် တစ်နာရီ၊ နှစ်နာရီ လောက်မှာ ပေါ်လာတဲ့အကြောင်း အရာပေါ်မှာ မူတည်ပြီးတော့ ခြိမ်းခြောက်တယ်လို့ သူ့ဘက်က ပြောဆိုလာခြင်းသည် ဒါကြည့်မယ်ဆို မိုးကြိုးပစ်ရာ ထန်းလက်ကာနေ တာပါပဲ။ ဒါတွေနဲ့ ပတ်သက်လို့ တရားသူကြီးက အမှုတွဲထဲမှာ ကောင်းကောင်းမွန်မွန် ထည့်သွင်းသုံးသပ်ပါလိမ့်မယ်’’ဟု တရားလိုရှေ့နေ ဦးခင်မောင်ဌေးက ကြည်လင်း၏ထွက်ဆိုချက်များနှင့်ပတ် သက်၍ ပြောသည်။ 

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်၍ သေနတ်သမား ကြည် လင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အပြင် ၃၀၂(၂) ဖြင့် လည်းကောင်း၊ အောင်ဝင်းဇော် ကို ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်း ကောင်း၊ ဇေယျာဖြိုးကို ၃၀၂(၁) (ခ)/၁၀၉ တို့ဖြင့် စွဲချက်တင်ထား ပြီး အောင်ဝင်းထွန်းကိုလည်း ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ထား သည်။