မူးယစ်ဆေးသုံးစွဲသူထံမှ ငွေတောင်းသော ရဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဝိုင်းဖမ်း

မူးယစ်ဆေးသုံးစွဲသူထံမှ ငွေတောင်းသော ရဲတပ်ဖွဲ့ဝင်တစ် ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဦး ဆောင်သော ဒေသခံနှင့် ပြည်သူ့ စစ်များက ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် ဖြစ်ရပ် ကချင်ပြည်နယ် မိုးညှင်း မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ 


နမ္မားကျေးရွာအုပ်စု အ လယ်တောရွာမှ မူးယစ်ဆေး သုံးစွဲသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်အ ချို့က ဇွန်လ ၂၄ ရက်တွင် ဖမ်း ဆီးခဲ့ပြီးနောက် ကျပ် ၁၀ သိန်းဖြင့် ညှိနှိုင်း၍ ပြန်လွှတ်ခဲ့သည်ဟု နမ္မားကျေးရွာ အုပ်ချုပ်ရေးမှူးဦးခင်မောင်ဌေးက ပြောသည်။ ကနဦး ကျပ်ငါးသိန်းကို ဇွန်လ၂၄ ရက်တွင်ပေးခဲ့ပြီး ကျန်ငွေကို ဖုန်းအကြိမ်ကြိမ်ဆက်၍တောင်း ရာ မပေးနိုင်သေးသောအခြေအ နေကြောင့် အကျပ်အတည်းဖြစ် နေသည့် အမျိုးသမီးက ကျေးရွာအုပ်ချုပ်ရေးမှူးထံ လာရောက် တိုင်ကြားခြင်းဖြစ်သည်။ ထို့နောက် ညှိနှိုင်းမှုအရမူးယစ်ဆေး သုံးစွဲသူ၏ ဇနီးထံ လက်ကျန်ငွေ ငါးသိန်းလာရောက် တောင်းယူ သည့်ရဲကို အရပ်က၀ိုင်းဝန်းဖမ်း ဆီးခဲ့ကြောင်း ၎င်းကပြောသည်။

‘‘အမျိုးသမီးတစ်ယောက်က သူ့ယောက်ျားကိစ္စ ကျွန်တော့်ကို လာတိုင်တော့ တိုင်တဲ့ရုပ်သံဖိုင်ကို ရိုက်ပြီး လွှတ်တော်ကိုယ်စား လှယ်ကို ပြတယ်။ ပြပြီး ဒါဖမ်းမှ ရမယ်ဆိုတော့ ကျွန်တော် ဖမ်းပစ် လိုက်တာ။ ဖမ်းပြီး မြို့နယ်အုပ် ချုပ်ရေးမှူးကို သတင်းပို့လိုက် တာ’’ဟု ဦးခင်မောင်ဌေးက ဆို သည်။ 

၎င်းက ဆက်လက်၍ ‘‘အမျိုးသမီးက သူ့ကို ရဲကဖုန်းခေါ်နေပြီ လည်းဆိုရော ငွေပေးဖို့ချိန်းတဲ့ နေရာကို ကျွန်တော်တို့ကနောက် က မှန်လုံကားနဲ့လိုက်သွားပြီးပေး နေတဲ့ပိုက်ဆံ လက်ထဲမရောက် ခင်ဝင်ဖမ်းတာ။ ထွက်ပြေးမလို့ လုပ်တော့ အမျိုးသမီးကပါ ခုန် အုပ်ဖမ်းပေးတာ’’ဟု ၎င်းကရှင်း ပြသည်။ 

ဖမ်းမိထားသည့် ဗီဒီယိုဖိုင် ကို လူမှုကွန်ရက်တွင် တင်ထားရာ အရပ်ဝတ်ဝတ်ထားသည့် ရဲကို အရပ်သားတစ်ဦးက လက်နောက်ပြန်ကြိုးတုပ်နေပြီး အရပ်သားသုံး ဦးထက်မနည်းက တုတ်တစ် ချောင်းကိုင်လျက် စောင့်ကြပ်နေ သည်ကို တွေ့ရသည်။ ဖမ်းဆီးခံ ရသူက ၎င်းအပြစ်မလုပ်ကြောင်း ပြောနေပြီး လူထုက တိုင်၍ ဖမ်းရခြင်းဖြစ်ကြောင်း ဖမ်းဆီးသူအချို့ က ၎င်းအား ပြန်လည်ပြောကြား နေသည်။ ထို့အပြင် ‘‘မင်းတို့ဝန်ထမ်းတွေ နှိပ်စက်တာ ငါတို့နမ္မားပျက်နေပြီ’’၊ ‘‘ရွာသားတွေက တအားနာနေပြီ’’၊ ‘‘လူထုဆီကနေ မသမာမှုနဲ့ အဂတိလိုက်စားနေတဲ့ ကောင်တွေ ဗဟိုအထိတိုင်မယ်’’၊ ‘‘နမ္မားက တုံးအောက်က ဖားဖြစ် နေပြီ။ သူတို့လုပ်ချင်သလို လုပ်နေ ကြတာ’’ဟု ပြန်ပြောနေသည်ကို ယင်းဗီဒီယိုဖိုင်တွင် တွေ့ရသည်။ 

ဖမ်းဆီးခံရသူသည် တပ် သားအဆင့်ရဲဖြစ်ပြီး မြို့နယ်ရဲ တပ်ဖွဲ့က ဦးဆောင်ကာ ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း၊ ယခုအခါ မိုးညှင်းမြို့နယ် ရဲစခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ်ရဲစခန်းသို့ ဆက် သွယ်မေးမြန်းရန် ကြိုးစားသော် လည်း ဆက်သွယ်မရခဲ့ပေ။ 

တာဝန်ရှိသူများ၏ မူးယစ် ဆေးတိုက်ဖျက်ရေးကို အားမလို အားမရဖြစ်နေသော နမ္မားကျေး ရွာဒေသခံများက ဒေသတွင်း၌ မူးယစ်ဆေးရောင်းချနေသူတစ်ဦး ၏အမည် ကြွေးကြော်၍ နမ္မား ဒေသမှ ထွက်သွားရန် လူထုဆန္ဒ ထုတ်ဖော်မှုကို ဇွန်လ ၂၄ ရက်က ပြုလုပ်ခဲ့သေးသည်။ မူးယစ်ဆေး ဝါးမှုဖြင့် ဝရမ်းထုတ်ပြန်ခံထားရ ပြီး ဖမ်းမိခြင်းမရှိသေးသော ထွန်း ထွန်းဆိုသည့်အမျိုးသားကို ကျေး ရွာမှ ထွက်သွားဟု ထည့်သွင်း ကြွေးကြော်ခဲ့သည်။ ထွန်းထွန်း ဆိုသူကို ဇူလိုင် ၁၂ ရက်အထိ ဖမ်းမမိသေး၍ ရဲတပ်ဖွဲ့၏ဒေသတွင်း  တရားဥပဒေစိုးမိုးရေးစွမ်းဆောင် ရည်ကို ဒေသခံများက ဝေဖန်နေ သည်။