နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ် အဋ္ဌမတန်းကျောင်းသားဘ၀က အသုံးပြုခဲ့သည့် စာအုပ်ကို ပထမဆုံးပြသမည်

 နတ်မောက်မြို့ ဗိုလ် ချုပ်အောင်ဆန်းနေအိမ်ပြတိုက် တွင် အာဇာနည်နေ့အထိမ်းအ မှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း အဋ္ဌမတန်းကျောင်းသားဘ၀က အသုံးပြုခဲ့သည့် စာအုပ်ကို ပထမဆုံးအကြိမ်ပြသမည် ဖြစ်ကြောင်း အမျိုးသားပြတိုက်နေပြည်တော် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းလွင်က ပြောသည်။


‘‘ဗိုလ်ချုပ် ရှစ်တန်းကျောင်း သားဘ၀က ရေနံချောင်းအမျိုး သားကျောင်းမှာ တက်ခဲ့တုန်းက သူကိုယ်တိုင်လက်မှတ်ထိုးထား တဲ့ စာအုပ်ကို ဒေသခံက လာလှူ တာ။ အဲဒါလေးကို အထူးပြသမှာ ပါ’’ဟု ၎င်းက ပြောသည်။

ယခုနှစ် အာဇာနည်နေ့တွင် နတ်မောက်ရှိ နေအိမ်ပြတိုက်၌ အာဇာနည် ကိုးဦး၏ အဆိုအမိန့် များ၊ ဓာတ်ပုံများကို အထူးပြခန်း အဖြစ် ပြသမည်ဖြစ်သည်။ ထို့အပြင် နတ်မောက်မြို့ရှိကျောင်းသား၊ ကျောင်းသူများ၏ အာဇာနည်နေ့ နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာများ ပြသထားမည်ဖြစ် သည်။ နေအိမ်ပြတိုက်၏ ကြံ့ခိုင်မှုအရ အပေါ်တက်ရောက်ခွင့်ကို တစ်ကြိမ်လျှင်လူဦးရေ ၃၀ ကန့်သတ်ထားမည်ဖြစ်ကြောင်း ဦးထွန်းထွန်းလွင်ကပြောသည်။ အဆိုပါနေ့တွင် လာရောက်မည့်သူ များကို ဗိုလ်ချုပ်နေအိမ်ပြတိုက် နှင့် ပတ်သက်သည့် အကြောင်း အရာများ လက်ကမ်းစာစောင် ပေးဝေမည်ဖြစ်သည်။

နတ်မောက်မြို့ရှိ နေအိမ်ပြ တိုက်ကို ဇူလိုင် ၁၉ ရက် အာဇာ နည်နေ့ကစတင်ကာ ဇူလိုင် ၂၁ရက်အထိ သုံးရက်ကြာ လေ့လာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မကွေး တိုင်း မကွေးခရိုင် နတ်မောက်မြို့ ရှိ အဆိုပါနေအိမ်တွင် ၁၉၂၉ခုနှစ် အထိ နေထိုင်ခဲ့သည်။

အဆိုပါနေအိမ်သည် သက် ငယ်မိုး၊ ပျဉ်ကာနှစ်ထပ်၊ အုတ် ဖိနပ်ခံ၊ ခြောက်ပင်အိမ်ဖြစ်ပြီး အ ရှေ့အနောက် ၇၅ ပေ၊ တောင် မြောက် ၃၆ ပေအကျယ်ရှိကာ အိမ်ဝိုင်းသည် တောင်မြောက်ပေ ၂၂၀ ၊ အရှေ့အနောက် ပေ  ၁၅၀ကျယ်ဝန်း၍ ပြတိုက်၏မြေနေရာ သည် ၀ဒသမ၇၃၅ ဧက ကျယ်ဝန်းသည်။

More in Politics Section