ရုပ်ရှင် အကြိုခံစားခြင်း

LET ME INTRODUCE HER

ဒီကနေ့ကဏ္ဍလေးမှာတော့ SBS ရုပ်သံလိုင်းကနေ ဇူလိုင် ၁၄ ရက်က စတင်ထုတ်လွှင့်မယ့် တောင်ကိုရီးယား ဇာတ်လမ်းတွဲ လေး ဖော်ပြလိုက်ပါတယ်။


ဂျီအွန်းဟန်ဆိုတဲ့ အမျိုးသမီးဟာ မျက်နှာအလှပြင်ခွဲစိတ်မှုတစ် ခုပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုရဲ့ အ ကျိုးဆက်အဖြစ် အွန်းဟန်ဟာ မှတ်ဉာဏ်တွေ ပျောက်ဆုံးခဲ့ပါ တယ်။ ခွဲစိတ်ထားတဲ့ကိုယ့်မျက် နှာကိုယ်ကြည့်ပြီး ဘယ်သူမှန်း မမှတ်မိဘဲ ဆေးရုံမှာဝုန်းဒိုင်းကြဲ သောင်းကျန်းခဲ့ပါတယ်။

ကန်ချကီဟာ သတင်းကြေ ညာသူဖြစ်ပြီး အွန်းဟန်ရဲ့ခင်ပွန်း လည်းဖြစ်ပါတယ်။ အများအမြင် မှာတော့ အွန်းဟန်အပေါ် အရမ်းကိုချစ်ခင်ကြင်နာသူတစ်ယောက် ဖြစ်ပြီး တကယ်တမ်းမှာတော့ ချန်ကီမှာ လျှို့ဝှက်ဖုံးကွယ်ထား တဲ့ကိစ္စတွေ ရှိနေခဲ့ပါတယ်။

အွန်းဟန်ကို အလှအပခွဲ စိတ်ကုဆရာဝန်ဒေါက်တာ ဟန် ကန်ဝူးက ခွဲစိတ်ပေးခဲ့တာဖြစ်ပြီး ပျောက်သွားတဲ့မှတ်ဉာဏ်တွေကို ပြန်သတိရလာဖို့ ကြိုးစားနေတဲ့ အွန်းဟန်ကို ဒေါက်တာဟန်က ကူညီပေးခဲ့ပါတယ်။

ဒေါက်တာဟန်ကလည်း သူ့ ချစ်သူကထားသွားလို့ အသည်း ကွဲနေသူဖြစ်ပြီး သူ့အဖေနဲ့လည်း အဆင်မပြေတဲ့အတွက် အတော် လေးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက် နေခဲ့ပါတယ်။

ဒီလိုနဲ့ သူ့လူနာအွန်းဟန်က မှတ်ဉာဏ်ပြန်ရဖို့ ကြိုးစားနေတာ ကို ကူညီရင်း အွန်းဟန်ကို သ ဘောကျခဲ့ပေမယ့် တစ်ခါအ သည်းကွဲဖူးသူမို့ သူ့ခံစားချက်ကို ထုတ်မပြောခဲ့ပါဘူး။

အွန်းဟန်မျက်နှာခွဲစိတ်ပြု ပြင်ရတဲ့အကြောင်းရင်းဟာ သူ့ ခင်ပွန်းချန်ကီရဲ့ လျှို့ဝှက်ဖုံးကွယ် ထားတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေ တာလား၊ ဒေါက်တာဟန်က အွန်းဟန် မှတ်ဉာဏ်ပြန်ရဖို့အ တွက် အကူအညီပေးနိုင်မှာလား၊ ဒေါက်တာဟန်နဲ့ အွန်းဟန်တို့ရဲ့ မေတ္တာဇာတ်လမ်းတွေးကကော ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်း ရမလဲဆိုတာ ဆက်ကြည့်ရ အောင်လို့ ဖော်ပြလိုက်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးမှာ ဂျီ အွန်းဟန်အဖြစ် Nam Sang Mi၊ ဒေါက်တာဟန်ကန်ဝူးအဖြစ် Kim Jae Won၊ ကန်ချက်ကီအဖြစ် Jo Hyun Jae တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာပါ။