အားကစားသတင်းတိုများ

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကျား၊ မ ခွဲခြားမှုသည် လူမျိုးရေးခွဲခြား မှုထက် ပို၍ကြီးမားသော ပြဿနာဖြစ်သည်ဟု ခွဲခြားမှု ဆန့်ကျင်ရေး ဖီဖာ၏ ကျွမ်းကျင်သူအကြံပေးများက ပြောကြားပြီး အနာဂတ် ထုတ် လွှင့်မှုများ၌ ဘောလုံးကွင်းအတွင်းမှ ချောချောလှလှ အမျိုးသမီးပုံရိပ် များ လျှော့ပြသရန် အကြံပြုထားသည်။


မော်စကိုမြို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ မြောက်ကိုရီးယား ဒုတိယ ဝန်ကြီးချုပ်နှင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လီယွန်နမ်လာရောက်ကြည့် ရှုမည်ဟု မြောက်ကိုရီးယားနိုင်ငံရှိ ရုရှားသံရုံးက ပြောသည်။

ရုရှား၏ အိမ်နီးချင်း ရန်ဘက်ယူကရိန်းနိုင်ငံအား ထောက်ခံကြောင်း စောစောပိုင်းတွင် ပြောကြားသော ခရိုအေးရှားနောက်တန်း လူဗီဒါက အင်္ဂလန်ကို ခရိုအေးရှားက နိုင်သောပွဲအပြီး မိမိ၏အွန်လိုင်း ဗီဒီယို၌ ပြောကြားမှုသည် အမှားတစ်ခုဟု ပြောဆိုကာ ရုရှားပြည်သူ များအား တောင်းပန်ခဲ့သည်။

ပြင်သစ်နှင့် ဘယ်လ်ဂျီယံပွဲသည် ၂၀၀၆ နောက်ပိုင်းပြင်သစ်တွင် လူကြည့်အများဆုံး ကမ္ဘာ့ဖလားပွဲဖြစ်ပြီး ယင်းပွဲကို ပျှမ်းမျှပရိသတ် ၁၉ ဒသမ ၁ သန်း ကြည့်ရှုပြီး ပြင်သစ်ရုပ်သံ TF-1 ၏ ထုတ် လွှင့်မှု ပရိသတ် ၂၂ ဒသမ ၃ သန်းထိရှိကြောင်း ဖီဖာက ပြောသည်။

လူကာမိုဒရစ်သည် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား များအနက် တစ်ဦးမဟုတ်ဘဲ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစား သမားဟု ခရိုအေးရှားနောက်တန်းလူ ဒီဂျန်လော့ဗ်ရန်က ပြောကြားပြီး အကယ်၍ မိမိတို့ ကမ္ဘာ့ဖလားဆွတ်ခူးလျှင် မိုဒရစ်သည် ဘလွန်းဒီ အောဆုနှင့် ထိုက်တန်ကြောင်း ကာ့ဗ်ရန်က ဆက်ပြောသည်။