ကမ္ဘာ့ဖလားမတိုင်မီ အင်္ဂလန်အသင်း တော်ဝင်မရိန်းတပ်ဖွဲ့နှင့် လေ့ကျင့်ခဲ့

ရုရှားကမ္ဘာ့ဖလားအ တွက် ပြင်ဆင်ရန် အင်္ဂလန်အ သင်းသည် ဗြိတိန်တော်ဝင်မရိန်း တပ်ဖွဲ့ လေ့ကျင့်ရေးစင်တာသို့ ထိပ်တန်းလျှို့ဝှက်ချက် လေ့ကျင့် ရေး ခရီးစဉ်သွားခဲ့ကြောင်း ဗြိ တိန်သတင်းမီဒီယာ Sky News က ၎င်းတို့၏ တရားဝင် ဝက်ဘ် ဆိုက်တွင် ဖော်ပြခဲ့သည်။


Sky News ၏ အဆိုအရ အင်္ဂလန်အသင်းသည် ၂၀၁၇ ဇွန်လက ဒါဗွန်းခရိုင် လင့်ပ်စ တုန်းမြို့ရှိ ကွန်မန်ဒိုလေ့ကျင့်ရေး စင်တာသို့ ၄၈ နာရီကြာ ထိပ် တန်းလျှို့ဝှက် ခရီးစဉ်သွားရောက် ခဲ့သည်။

ဘောလုံးသမားများသည် သစ်တောထဲတွင် ညအိပ်ခြင်း၊ အစာကိုကိုယ်တိုင်ရှာဖွေခြင်းကဲ့ သို့သော ရှင်သန်ရေးနှင့် ခံနိုင်ရည် ရှိရေး သင်ရိုးများအပါအဝင်တော် ဝင်မရိန်းတပ်ဖွဲ့နှင့်အတူ စစ်သင် တန်းများ လေ့ကျင့်သင်ကြားခဲ့ သည်။ ဆဲလ်ဖုန်းအပါအဝင် ကစားသမားများနှင့်အတူ ပါဝင်လာသော အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး စစ်ဝတ်စုံများ ဝတ်ဆင်စေခဲ့သည်။

ယင်းသည် လက်ရှိကမ္ဘာနှင့် မတူခြားနားသော ကမ္ဘာတစ်ခုကို တွေ့မြင်စေလို၍ ဖြစ်ကြောင်း အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ် က ပြောကြားပြီး ယင်းကဲ့သို့ လေ့ ကျင့်ရေးအစီအစဉ်များက ကစား သမားများကြား စည်းလုံးညီညွတ် မှုကို အထောက်အကူပြုကြောင်း ဆိုသည်။

အင်္ဂလန်သည် အများမထင် မှတ်သော အကြိုဗိုလ်လုပွဲအဆင့် သို့ ရောက်ရှိပြီး ခရိုအေးရှားကို ၂-၁ ဂိုးဖြင့် ရှုံးကာ ဇူလိုင် ၁၄ ရက်တွင် ဘယ်လ်ဂျီယံနှင့် တတိ ယလုပွဲ ကစားမည်ဖြစ်သည်။

—Ref:Sky News