ကမ္ဘာ့ဖလားဝတ်စုံ စည်းကမ်း ချိုးဖောက်ခြင်းကြောင့် အက်ဖ်အေကို ဖီဖာက ဒဏ်ရိုက်

အင်္ဂလန်ကစားသမား အချို့သည် ကမ္ဘာ့ဖလားပွဲစဉ်များ တွင် Trusox အမှတ်တံဆိပ်ခြေ အိတ်များ ဝတ်ဆင်ပြီးနောက် ဖီဖာက အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ် အက်ဖ်အေကို ဒဏ်ငွေပေါင် ၅၃,၀၀၀ ဒဏ်ရိုက်ခဲ့သည်။


အဲရစ်ဒိုင်ယာ၊ ဒယ်လီအလီ၊ စတာလင်တို့သည် ယင်းတံဆိပ် များ ဝတ်ဆင်ခဲ့သည်ကို မြင် တွေ့ခဲ့ရသည်။ ဗြိတိန်ထုတ် ယင်း တံဆိပ်ကို အင်္ဂလန်ကစားသမား အနည်းဆုံး သုံးဦးက ဝတ်ဆင် ပြီးနောက် ဆွီဒင်နှင့်ကွာတားပွဲ အပြီးတွင် ဖီဖာက ဒဏ်ရိုက်ခြင်း ဖြစ်သည်။

သို့သော် အက်ဖ်အေက ယင်းဒဏ်ကြေးငွေကို များစွာအ လေးမထားဘဲ ပေးဆောင်မည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က စပါးကွင်း လယ်လူ ဒိုင်ယာသည် ဖီဖာ၏ ဒဏ်ကြေးကို ဂရုမစိုက်ဘဲ ယင်း အမှတ်တံဆိပ်ကို ဝတ်ဆင်ခဲ့ သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အ သင်းများ၏ ကစားသမားအနေ ဖြင့် ဖီဖာက သတ်မှတ်ထားသော ဝတ်စုံများကို ဘာဝတ်ဆင်ရမည် ဟု စည်းကမ်းသတ်မှတ်ထား သော်လည်း အင်္ဂလန်အသင်းသား အချို့က ဖိနပ်ထဲတွင် ခြေမချော် စေရန် ယင်းတံဆိပ်ကို ဝတ်ဆင် ခြင်းဖြစ်သည်။

—Ref:DailyMail