ခရိုအေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်က အင်္ဂလိပ်မီဒီယာကို ဝေဖန်ပြောကြား

အချိန်ပိုကစားကာ အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရ ကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ပထမဆုံးတက်ရောက်နိုင်ခဲ့ပြီးနောက် ခရိုအေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်က ၎င်းတို့ကိုလျှော့ တွက်ခဲ့သော အင်္ဂလိပ်ဂျာနယ် လစ်များနှင့် ဘောလုံးအစီအစဉ် တင်ဆက်သူများကို ပြင်းပြင်းထန် ထန်သတိပေးပြီး အင်္ဂလိပ်မီဒီယာ အနေဖြင့်ပို၍ နှိမ့်ချရိုကျိုးကာ ပြိုင်ဘက်ကိုလေးစားသမှု ပြသ သင့်သည်ဟု ပြောသည်။


‘‘အထူးသဖြင့် အင်္ဂလိပ်ဂျာ နယ်လစ်တွေနဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူတွေပါ။ သူတို့က ခရို အေးရှားကို လျှော့တွက်ခဲ့ပါ တယ်။ ဒါကကြီးမားတဲ့အမှားပါ။ သူတို့အနေနဲ့ ပိုပြီးတော့နှိမ့်ချပြီး ပြိုင်ဘက်တွေကို လေးစားမှုပိုပြ သင့်ပါတယ်’’ ဟု မိုဒရစ်က ပြော သည်။

အမြင့်ဆုံးအနေဖြင့်  ၁၉၉၈ ကမ္ဘာ့ဖလားတွင် တတိယချိတ်ခဲ့ သည့် ခရိုအေးရှား၏ ပြင်သစ်နှင့် ကစားမည့် ကမ္ဘာ့ဖလားဗိုလ်လု ပွဲသည် အလွန်ကြီးကျယ်ခမ်းနား မည်ဟု မိုဒရစ်က ပြောသည်။

‘‘ဒါက ကျွန်တော်တို့အတွက် အံ့ဖွယ်ရာအောင်မြင်မှုပါ။ ဒါက ခရိုအေးရှားအားကစားသမိုင်း မှာ အကြီးမားဆုံးအောင်မြင်မှုပါ။ ဒါ ကို ဂုဏ်ယူရပါမယ်’’ ဟု မိုဒရစ် (၃၂) နှစ်က ပြောသည်။

ခရိုအေးရှားကွင်းလယ်လူ လူရာကီတစ်က ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရခြင်းသည် အံ့ သြဖွယ်ရာဖြစ်ကြောင်း ပြောကြား ပြီး နောက်ခံလူ ဗီဒါကလည်းမိမိ တို့သည် အိမ်ရှင်ရုရှားကဲ့သို့နိုင်လို စိတ် ပြင်းပြကြောင်းနှင့် အချိန်ပို သုံးပွဲ ဆက်ကစားခဲ့ရသော်လည်း ကမ္ဘာ့ဖလားဗိုလ်စွဲရန် ခွန်အားအ လုံအလောက်ရှိနေသေးကြောင်း ပြောသည်။

မိမိတို့အနေဖြင့် လိုအပ် လျှင် နောက်တစ်ပွဲ အချိန်ပိုကစား ရန် အသင့်ရှိနေကြောင်း နောက် ခံလူကော်လူကာကပြောကြားပြီး အင်္ဂလန်ကို နောက်မှလိုက်ကစား ခြင်းအားဖြင့် အဆင့်အတန်းနှင့် ဝိသေသကို ပြသခဲ့ကြောင်း နောက်ခံလူ ဗာဆယ်လ်ဂျီကိုက လည်း ပြောသည်။

—Ref:DailyMail/sputnik News