ကမ္ဘာ့ဖလားပြိုင်ပွဲ ခိုးယူထုတ်လွှင့်ပြသသူများကို ဖီဖာအရေးယူမည်

ကမ္ဘာ့ဖလားပွဲစဉ်များကို ခိုးယူပြသနေသော ဆော်ဒီအာ ရေးဗီးယားနိုင်ငံမှ ကုမ္ပဏီများကို အရေးယူရန် စီစဉ်နေကြောင်း ဖီဖာအဖွဲ့က ပြောကြားသည်။


ပြိုင်ပွဲပြီးဆုံးရန် လေးရက် သာ လိုသည့်အချိန် ထုတ်ပြန် ချက်တွင် ကမ္ဘာ့ဖလားပွဲစဉ်များ တရားမဝင် ထုတ်လွှင့်နေသူများ ကိုနှိမ်နင်းရန် ဖီဖာအဖွဲ့က ဆော်ဒီအာရေးဗီးယားနှင့် အခြား နိုင်ငံများအား တိုက်တွန်းထား သည်။

အရှေ့အလယ်ပိုင်းတွင် ကမ္ဘာ့ဖလားပွဲစဉ်များ ပြသရေး မိမိတို့၏ မူပိုင်ခွင့်သည် ဆော်ဒီ အာရေးဗီးယားနိုင်ငံမှ ပုဂ္ဂလိက ရုပ်သံလိုင်း BeoutQ ကြောင့် နစ် နာခဲ့ရသည်ဟု ကာတာနိုင်ငံမှ beIN Sports ကပြောကြားပြီးအ ရေယူရန် တိုက်တွန်းပြီးနောက် ဖီဖာ၏ ထုတ်ပြန်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။

Brout Q လိုင်းက ၂၀၁၈ ကမ္ဘာ့ဖလားထုတ်လွှင့်သော လိုင်းကို တရားမဝင် ဆက်လက် အသုံးပြုနေသည်ကို တွေ့ရှိခဲ့ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ တွင် ဥပဒေအရ အရေးယူရန်ပြင် ဆင်နေကာ ထိခိုက်မှုရှိခဲ့သော ကုမ္ပဏီနှင့်အတူတကွ လုပ် ဆောင်နေသည်ဟု ဖီဖာအဖွဲ့က ပြောကြားသည်။

ထိုသို့ခိုးယူမှုတိုက်ဖျက်ရေး တွင် ပါဝင်ကူညီရေး ဆော်ဒီအာ ရေးဗီးယားနှင့် အခြားနိုင်ငံများကို လည်း တိုက်တွန်းကြောင်း ဖီဖာ က ပြောကြားသည်။—Ref:AFP