ရေကုန်ရေခန်း ကစားခဲ့ဟု အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်ပြောကြား

ကမ္ဘာ့ဖလားအကြို ဗိုလ်လုပွဲတွင် ခရိုအေးရှားအသင်း ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယင်းပွဲ၌ အင်္ဂလန်အသင်းရေကုန် ရေခန်း ကစားခဲ့သည်ဟု နည်းပြ ဆောက်သ်ဂိတ်က ပြောသည်။


‘‘ပထမပိုင်းမှာ ကျွန်တော်တို့ အရမ်းကောင်းပြီး နောက်တစ်ဂိုး ရခဲ့သင့်ပါတယ်။ ကစားသမား တွေဆီက ဒီထက်ပိုပြီး မတောင်း ဆိုနိုင်ပါဘူး။ ရှုံးထွက်ပွဲဆိုတာ ကွာဟချက်ကျဉ်းမြောင်းပြီး ကိုယ့် အသင်းကစားပုံကောင်းနေတဲ့ အ ချိန်မှာ အခွင့်အရေးယူဖို့လိုအပ် ပါတယ်’’ ဟု ဆောက်သ်ဂိတ်က ပြောကြားပြီး ကစားသမားများ အလွန်စိတ်ပျက်ခဲ့သည်ဟု ဆက် လက်ပြောသည်။ သို့သော်ယခုအ ရှုံးမှ သင်ခန်းစာယူပြီး ငယ်ရွယ် သောအသင်းအနေဖြင့် ရှေ့လာ မည့်နှစ်များတွင် ကြီးကျယ်သော အရာများ အောင်မြင်နိုင်သည်ဟု ၎င်းက ပြောသည်။

ရုရှား ကမ္ဘာ့ဖလားတွင် ခြောက်ဂိုးသွင်းယူထားပြီး ရွှေဖိ နပ်ဆုရရှိရန် နီးစပ်နေသော်လည်း ခရိုအေးရှားနှင့်ပွဲ၌ ဂိုးသွင်းရန် ရုန်းကန်ခဲ့ရသော ဟယ်ရီကိန်းကို လည်း ဆောက်သ်ဂိတ်က ကာ ကွယ်ပြောကြားသည်။

‘‘သူကအသင်းအတွက် အ ရာရာပေးဆပ်ခဲ့တယ်လို့ ထင်ပါ တယ်။ ပြိုင်ပွဲတစ်လျှောက် အ သင်းကို အကောင်းဆုံး ဦးဆောင် ခဲ့ပါတယ်။ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့၊ ယောက်ျား တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့သုံး ပတ်အတွင်း သူ့ဆီက ဒီထက်ပို မတောင်းဆိုနိုင်ပါဘူး’’ ဟု ဆောက်သ်ဂိတ်က ပြောသည်။

နောက်ဆုံးတွင် တိုက်ပွဲဝင် အတွေ့အကြုံက ခြားနားမှုဖြစ်စေ ခဲ့သည်ဟု ဆောက်သ်ဂိတ်က ပြောကာ ၎င်း၏စိတ်ဓာတ်ခိုင်မာ မှုနှင့် ပွဲကိုသိမြင်နိုင်စွမ်းကို ချီး ကျူးခဲ့သည်။

ကမ္ဘာ့ဖလားတွင် အင်္ဂလန် အသင်းအတွက် ထူးချွန်စွာ ကစားခဲ့သူ ဂိုးသမားပစ်ဖို့ဒ်က မိမိ တို့အသင်း ဒုတိယဂိုးသာ ရရှိခဲ့ လျှင် ခရိုအေးရှားကို အနိုင်ရနိုင် သည်ဟု ပြောကြားသည်။

‘‘အခွင့်အရေးကောင်း တ ချို့ရှိခဲ့ပေမယ့် ကျွန်တော်တို့ အ ဆုံးမသတ်နိုင်ခဲ့ပါဘူး။ ပထမပိုင်း မပြီးခင် ဒါမှမဟုတ် ဒုတိယပိုင်း ၁၅ မိနစ်အတွင်းသာ နောက်တစ် ဂိုးသွင်းနိုင်ခဲ့ရင် ပွဲကိုနိုင်လောက် ပါတယ်’’ ဟု ပစ်ဖို့ဒ်က မချိတင်ကဲ ပြောသည်။           —Ref:AFP