UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ထုတ်ပြန်ချက်အပေါ် ANP ဒုဥက္ကဋ္ဌ ပြန်ရှင်းလင်း

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး အမှာစ ကား ပြောကြားချက်အပေါ်ပြည် ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံ ရေးပါတီအစုအဖွဲ့၏ သတင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍  ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဇူလိုင်  ၁၂ ရက်တွင်ပြန်လည်ရှင်းလင်း သည်။


၂၁ ရာစုပင်လုံညီလာခံတွင်  ရခိုင်အမျိုးသားပါတီ အနေဖြင့်  တက်ရောက်မိန့်ခွန်းပြောရန် တာ ၀န်ပေးမှုအပေါ် ပါတီ၏အာ ဘော်၊ ပြည်ထောင်စု၏ အခင်းအ ကျင်းနှင့် ဆီလျော်သည့် မိန့်ခွန်း ကိုကြိုတင်ပြင်ဆင်၍ ဟောပြော ခြင်းဖြစ်ကြောင်း ရခိုင်အမျိုး သားပါတီဒုဥက္ကဋ္ဌက ယမန်နေ့ အစည်းအဝေးတွင်မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

‘‘ဒါကနိုင်ငံရေး ယဉ်ကျေးမှု  တစ်ရပ်ပဲ။ အစီအစဉ်တွေက မောက်ကမ ဖြစ်တယ်ဆိုတာက လည်းလူတိုင်းကြုံဖူးတယ်။ ဒါပေ မဲ့  ကျွန်မကတော့ ကိုယ့်ရဲ့တာဝန် ခံမှု၊ တာဝန်ယူမှုအရတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တာ  ဖြစ်တယ်ဆိုတာတော့ပြောချင် တယ်’’ ဟု ဒေါ်အေးနုစိန်ကပြော သည်။

ဒေါ်အေးနုစိန်သည် ဇူလိုင်  ၁၁ ရက်က ပြုလုပ်သည့် ၂၁ ရာ စုပင်လုံညီလာခံအဖွင့်အမှာစ ကားတွင် ရခိုင်အရေးနှင့် ပတ် သက်၍ ထည့်သွင်းပြောကြားခဲ့ သည်။

ဒေါ်အေးနုစိန်၏ ပြောကြား ချက်များသည် ၎င်းတို့သဘော ထားမဟုတ်ကြောင်း UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့က ယင်းနေ့ညနေတွင် သဘောထားထုတ်ပြန်ခဲ့သည်။ ANP ဒုဥက္ကဋ္ဌတင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် တိုင်ပင်ခြင်းမရှိဘဲ သက်ဆိုင်ရာပါတီ၏ သ ဘောထားကို ပြောကြားခြင်း ဖြစ် ကြောင်းဖော်ပြထားသည်။ ထို့အ ပြင်၎င်း၏ ပြောကြားချက်အချို့ သည် လက်ရှိကြိုးပမ်းဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီချုပ်အစိုးရလက်ထက် ကျင်းပသည့် ၂၁ ရာစုပင်လုံအစည်းအဝေးဖွင့်ပွဲအခမ်းအနားများတွင် နိုင်ငံရေးပါတီများက အလှည့်ကျ  မိန့်ခွန်းပြောကြားရာ၌ရွေး ကောက်ပွဲမဲအနိုင်ရခဲ့သည့်နေရာ အများဆုံးမှ ပါတီကစ၍ အစဉ် လိုက်ပြောကြားခြင်းဖြစ်သည်။  ၂၁ ရာစုပင်လုံပထမအကြိမ်အ စည်းအဝေးတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကလည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေး တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီကလည်း ကောင်း မိန့်ခွန်းပြောကြားကာ ယခုတစ်ကြိမ်၌ ရခိုင်အမျိုး သားပါတီက မိန့်ခွန်းပြောကြား   ခြင်းဖြစ်သည်။