အင်းစိန်ဆေးရုံဝန်းကျင်၌ ပျံကျဈေးသည်များ ဈေးမရောင်းရန် သတိပေးထား

အင်းစိန်ဆေးရုံကြီးဝန်းကျင်ရှိ ပျံကျဈေးသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - ယမင်း)

အင်းစိန်ဆေးရုံကြီး ၀န်းကျင်တွင် ရောင်းချနေသည့် ပျံကျဈေးသည်များ ဇူလိုင် ၁၂ ရက်ကစ၍ဈေးမရောင်းရန် သတိ ပေးထားကြောင်း အင်းစိန်မြို့ နယ် စည်ပင်သာယာအုပ်ချုပ်ရေး မှူး ဦးဝင်းနိုင်က ပြောသည်။


ဆေးရုံဝန်းကျင်တွင် ရောင်း ချနေသည့် ပျံကျဈေးသည် လေး ဆယ်ခန့်ရှိပြီး ဆေးရုံဝင်ပေါက်၊ ထွက်ပေါက်နေရာများ၌  ပိတ်ဆို့ ရောင်းချခြင်း၊ ဆေး​ရုံဝင်းနှင့်ဆေး ရုံခြံစည်းရိုးနေရာများတွင် အ ပေါ့အလေးစွန့်ခြင်းကြောင့် ဆေး ရုံဝန်ထမ်းများနှင့် ၀င်ထွက်သွား လာနေသော ပြည်သူများ အခက် အခဲဖြစ်သဖြင့် ကြိုတင်ခေါ်ယူ အသိပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တွင် ဈေးသည်များကို နှစ် သုတ်ခွဲ၍ခေါ်ယူ သတိပေးထား ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

‘‘ဆေးရုံသာယာလှပရေးနဲ့ အန္တရာယ်ကင်းရှင်းစွာသွားလာ ရေးပေါ့။ ဒါတွေပေါ်မူတည်ပြီး  စည်းကမ်းထိန်းသိမ်းဆောင်ရွက် တာပါ။ စည်းမျဉ်းစည်းကမ်းအရ  အရေးယူဆောင်ရွက်ဖို့ကိုသူတို့ ကို ကြိုတင်အနေနဲ့ခေါ်ယူအသိ ပေးထားတာ’’ ဟု ဦးဝင်းနိုင်က ပြောသည်။

မလိုက်နာပါက ရန်ကုန်မြို့  တော်စည်ပင်သာယာရေးဥပဒေ  အရအရေးယူမည်ဟု ၎င်းကပြော  သည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ဆိုင်ခန်းနှစ်ဆယ်ကျော်က အင်းစိန်မြို့နယ် လွှတ်တော်ကိုယ် စားလှယ်နှင့် အုပ်ချုပ်ရေးမှူးရုံး များကို အသနားခံစာတင်ပြ ထားပြီးဆက်လက်၍ ဆေးရုံအုပ် ကြီးထံ တင်ပြမည်ဟု ဈေးသည် များကပြောသည်။

‘‘ဈေးမရောင်းရင် ဘယ်လို မှအဆင်မပြေဘူး။ စည်ပင်က လာတယ်၊ လမ်းကြောင်းရှိလို့ဖယ် ပေးပါဆိုလည်းဖယ်ပေးပါတယ်။  အခုဟာက လုံးလုံးမရောင်းခိုင်း ဘူးဖြစ်လာတယ်။ ဒီနေရာရောင်း လို့အဆင်မပြေဘူးဆို ဘယ်နေ ရာလေးရောင်းလို့ဆိုပြီး စီစဉ်ပေး  စေချင်ပါတယ်’’ ဟု ယင်းနေရာ တွင် ၁၉ နှစ်ခန့်ဈေးရောင်းလာသူ ပျံကျဈေးသည်တစ်ဦးက ပြော သည်။ ဆေးရုံဝန်ထမ်းတစ်ဖြစ်လဲ ဈေးရောင်းသူတစ်ဦးက ‘‘အမေ တောင်ပင်စင်ယူသွားပြီ။ မောင် လေးကဆက်လုပ်နေပေမယ့်ခုထိ  ဆိုင်ခန်းမရသေးဘူး။ အထဲမှာ နေရာမပေးလို့အပြင်မှာလာဖွင့် တာ။ နေရာလေးတစ်နေရာစာ စည်းကမ်းသတ်မှတ်ပြီး ရောင်း ခိုင်းတာမျိုးဖြစ်စေချင်တယ်’’ ဟု ပြောသည်။

လက်ရှိတွင် ဆေးရုံအ နောက်ပေါက်နေရာများ၌ ရောင်း ချနေသူများကို တွေ့ရပြီး ထမင်း၊ ဟင်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ရောင်းချသူများနှင့် စောင်၊ ခေါင်းအုံးများ ရောင်းချခြင်းဖြစ် သည်။

‘‘သူတို့ ဈေးရောင်းသူက လည်း နည်းနည်းလွန်တယ်။ ည လုံးပေါက်ရောင်းပြီး ဆူပူသောင်း ကျန်းတာတွေရှိတယ်။ ပြဿနာ  တက်တာတွေရှိတယ်’’ ဟု ဆေး ရုံဝန်ထမ်းတစ်ဦးကပြောသည်။

More in News Section