ခိုကိုးရာမဲ့တိရစ္ဆာန်တွေအတွက် အချိန်ပေး ဖြစ်တယ်ဆိုတဲ့ AOA အဖွဲ့ဝင် ရှင်ဟယ်ဂျောင်း

 ဇူလိုင်ထုတ် ‘thank-sgiving’ မဂ္ဂဇင်းအတွက် AOA  အမျိုးသမီးကေပေါ့ပ်အဖွဲ့ဝင် ရှင်  ဟယ်ဂျောင်းသည် ခိုကိုးရာမဲ့အိမ်  မွေးတိရစ္ဆာန်လေးများနှင့် ဓာတ်ပုံ  ရိုက်ကူးခံပြီး အားလပ်ချိန်တွင် ယင်းတိရစ္ဆာန်လေးများအတွက်  အချိန်ပေးဖြစ်ကြောင်း ဆိုသည်။

ဟယ်ဂျောင်းသည် တိရစ္ဆာန်  အခွင့်အရေး အဖွဲ့အစည်းဖြစ် သော KARA နှင့် အလုပ်တွဲလုပ် နေပြီး တိရစ္ဆာန်ဂေဟာများ၌ အိမ်  မွေးတိရစ္ဆာန်အချို့နှင့် နှစ်လိုစ ဖွယ်ပို့စ်ပေးကာဓာတ်ပုံများရိုက် ကူးခဲ့သည်။

‘‘အားတဲ့နေ့ဆိုရင် တခြားအ ဖွဲ့ဝင်တွေနဲ့အတူ ဂေဟာတစ်ခုခု ဆီသွားပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဖြစ်ပါတယ်။ ကိုယ့်ဘက်က ကူညီလို့ရလိုက်တဲ့ ဂုဏ်ယူစရာ က ကျွန်မရဲ့ဘ၀မှာ ကြီးမားတဲ့ ခွန်အားအရင်းအမြစ်ဖြစ်လာပါ တယ်။ ကောင်းကျိုးရနိုင်ပြီး တ ခြားလူတွေအတွက် ကောင်းတဲ့ ခွန်အားဖြစ်စေတဲ့   ဒီလိုတစ်နိုင် တစ်ပိုင်လုပ်ရပ်တွေနဲ့ပတ်သက် ပြီး ကျွန်မပျော်ရွှင်ရပါတယ်’’ ဟု  ဟယ်ဂျောင်းကပြောကြားသည်။

         

 Ref:allkpop