အမေရိကန်၏ အချမ်းသာဆုံးအမျိုးသမီးများ စာရင်းဝင်လာသော ကိုင်လီဂျန်နာ

ယခုနှစ် Forbes  မဂ္ဂဇင်းကဖော်ပြသော အမေရိ ကန်ရှိ အချမ်းသာဆုံးအမျိုးသမီး  စာရင်းတွင် အသက်အငယ်ဆုံးအ မျိုးသမီးဖြစ်လာသော မော်ဒယ် ရုပ်သံကြယ်ပွင့်ကိုင်လီဂျန်နာကို ယင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ၂နှစ်က ကိုင်လီ ဂျန်နာ (၂၀) နှစ်တည်ထောင်ခဲ့ သော အလှကုန်ပစ္စည်း ကုမ္ပဏီ ၏တန်ဖိုးသည် ကန်ဒေါ်လာသန်း  ၉၀၀ (ပေါင် ၆၈၁ သန်း) ရှိပြီး အ ချမ်းသာဆုံး  အမျိုးသမီး ၆၀ စာရင်းတွင် ၎င်းသည့် နံပါတ်(၂၇)နေရာ၌ ရှိနေသည်။

၎င်း၏ ချမ်းသာကြွယ်ဝမှု အ များစုသည် ယင်းကုမ္ပဏီမှရသော ၀င်ငွေဖြစ်ပြီး ယခုအခါကန်ဒေါ် လာသန်း ၆၃၀ တန်ဖိုးရှိထုတ်ကုန်  များ ရောင်းချထားကြောင်းသိ ရသည်။

ရုပ်သံကြယ်ပွင့်နှင့် မော်ဒယ်  ကင်ကာဒါရှီးရန်းက ၎င်း၏ညီမ ၀မ်းကွဲကိုင်လီဂျန်နာကို တွစ်တာ ၌ ချီးကျူးဂုဏ်ပြုထားသည်။

ကိုင်လီဂျန်နာက ၎င်း၏  အောင်မြင်မှုအတွက် ပရိသတ် များနှင့် ဖောက်သည်များကို လူမှု မီဒီယာတွင် လွယ်ကူစွာထိတွေ့ ခွင့်ရခြင်းကို ကျေးဇူးတင်ကြောင်း ပြောသည်။

ကိုင်လီဂျန်နာ၏ ကုမ္ပဏီမှ  မိတ်ကပ်များ၊နှုတ်ခမ်းနီများအပါ အ၀င်  အလှကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေပြီး လူ ကြိုက်များနေသောထုတ်ကုန်များ ဖြစ်သည်။           Sky၊ Eonline