ရုပ်ရှင်ဇာတ်ဝင်တေးတွေ စုစည်းထွက်ရှိမယ့် သားစိုးရဲ့ အခွေသစ်

ယခုနှစ်ကုန်တွင် ရုပ်ရှင် ဇာတ်ဝင်တေးများစုစည်း၍ Mini Album ထွက်ရန်ရှိကြောင်း အဆို တော်သားစိုးက ပြောသည်။

‘‘အဓိကထုတ်ဖြစ်တာက တော့ ရုပ်ရှင်ဇာတ်ဝင်တေးတွေ ရေးထားတာ တော်တော်များပြီ။ အမှတ်တရအနေနဲ့ ထုတ်မှာဖြစ် ပါတယ်’’ဟု ၎င်းကပြောသည်။

ကမောက်ကမ သမီးယောက် မ၊ ပင်လယ်ရယ်သံ၊ ဟက်ထိ တယ်၊ အမည်ပေါက်နှင့် ကျူး၊ ကမ္ဘာကျော်တို့ရွာအပါအ၀င် ဇာတ်ကားကြီးများတွင် ၎င်းသီ ဆိုခဲ့သော သီချင်းများစုစုပေါင်း ရှစ်ပုဒ်ပါဝင်မည်ဖြစ်ပြီး သားစိုး ၏ ရုပ်ရှင်ဇာတ်ဝင်တေးများဟု အမည်ပေးထားသည်။ အဆိုပါ Mini Album ကို အွန်လိုင်းက အဓိကရောင်းချမည်ဖြစ်သည်။

‘‘ဇာတ်ဝင်တေးကျတော့ ရုပ်ရှင်ရဲ့ Theme ကိုယူရတယ်။ ကျွန်တော်ဖန်တီးတုန်းကဆိုရင် တော်တော်လေး ခေါင်းစားပါ တယ်။ ဂျင်းကောင်က အရမ်း ပေါက်ထားတဲ့ ကားဖြစ်တဲ့အတွက် တော်တော်သတိထားရပါတယ်။ သူ့စကားသံနဲ့ သီချင်းလုပ်ပေးပါ ဆိုတော့ တော်တော်ကို လုပ်ထား ရပါတယ်’’ဟု ၎င်းကပြောသည်။

ရုပ်ရှင်ဇာတ်ဝင်တေးများ ကို  ကြိုက်နှစ်သက်သော်လည်း ၀ယ်ယူရန်   အခက်အခဲရှိသည့် ပရိသတ်များအတွက် ရည်ရွယ် ခြင်း ဖြစ်သည်။

‘‘ရုပ်ရှင်ရဲ့ အဆင့်အတန်း မြင့်လာတာနဲ့အမျှ ဇာတ်ဝင်တေး ရော၊ နောက်ခံတေးဂီတရောကို စပယ်ရှယ်လုပ်လာတာနဲ့အမျှ ကိုယ်က ဖန်တီးချင်တဲ့အခါကျ တော့ ပျော်ပါတယ်။ ရုပ်ရှင်ဇာတ် ၀င်တေးမှန်သမျှကို လွတ်လွတ် လပ်လပ် ဖန်တီးခွင့်ပေးတဲ့အ တွက် ပျော်ပါတယ်’’ဟု သားစိုးက ပြောသည်။