စင်ကာပူမှာ ရုံတင်ဖို့စီစဉ်နေတဲ့ မျက်နှာပြင်များ

 ပရိသတ်တောင်းဆိုမှု ကြောင့် ‘မျက်နှာပြင်များ’ ရုပ်ရှင် ဇာတ်ကားကို စင်ကာပူနိုင်ငံတွင် ပြသရန် စီစဉ်နေကြောင်း  ခါရာ ကပြောသည်။

‘‘Dimension ရဲ့ပေ့ခ်ျမှာ လည်းစင်ကာပူက မြန်မာတွေ တော်တော်များများက တောင်း ဆိုသည်။ ဒီကားကမြန်မာနိုင်ငံမှာ  ပထမဆုံး Science Fictionကား။  သရုပ်ဆောင်တွေကလည်း ၉၅ ရာခိုင်နှုန်းလောက်က အသစ် တွေ’’ ဟု မျက်နှာပြင်များဇာတ် ကားနှင့် ပတ်သက်၍ ပြောသည်။

ယင်းဇာတ်ကားတွင် ခါရာ ကစရိုက်နှစ်မျိုးဖြင့် သရုပ်ဆောင် ထားပြီး ခါရာ၊ မင်းမြတ်စိုးစံ၊ အဲလစ်အုန်း နှင့် ဂျာဆိုင်းအိန်တို့ အဓိကပါဝင်သရုပ်ဆောင်ထား သည်။  စင်ကာပူ၌  သြဂုတ်အ တွင်း ပြသရန်စီစဉ်နေပြီး လေး ရက်ခန့်ပြသနိုင်ရန်နှင့်  ပွဲချိန်နှင့် နေ့ရက်များကို ၎င်းတို့၏ ပေ့ခ်ျ များမှ ပြန်လည်ကြေညာပေး မည်ဟုခါရာက ပြောသည်။

Dimensions ဇာတ်ကားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက ရုံတင်ပြသခဲ့ပြီး ပုံမှန်ဇာတ်ကား များနှင့် မတူသည့် ဇာတ်လမ်း တင်ဆက်မှု ပုံစံကြောင့် ပရိသတ် အသိအမှတ်ပြုမှု ရရှိခဲ့သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် မိုးရာသီကုန် တွင် ရိုက်ကူးမည့်ဇာတ်ကား အတွက် ပြင်ဆင်နေကြောင်း ခါရာက ပြောသည်။

‘‘အချစ်ဇာတ်လမ်းဆိုတာ  ဘယ်လိုမျိုးလဲဆိုတာ ပြချင် တယ်။ စကားလုံးတွေအများကြီး  မပြောဘူး။ ပရိသတ်တွေကဒီ ကားကို ကြည့်လိုက်တာနဲ့ကြည် နူးဖို့ကောင်းတယ်။ သံယောဇဉ် တစ်ခုကို ထင်ထင်ရှားရှားဖြစ် အောင်ပြချင်တယ်။ မြင်ဖူးသမျှ အချစ်ကားတွေနဲ့လုံးဝကွဲထွက် တဲ့အချစ်ကား’’ ဟု ၎င်းရိုက်ကူး မည့်ဇာတ်ကားအကြောင်းကို ခါ ရာ ကပြောသည်။

ယခုနှစ်အတွင်း အက်ရှင်  ဇာတ်လမ်းတွဲနှစ်ခုနှင့် ရုံတင်ရန်  စောင့်ဆိုင်းနေသည့် ဇာတ်ကား များရှိသောကြောင့် လတ်တလော တွင် အချစ်နှင့် ဒရောမာဇာတ် ကားများရိုက်ကူးရန် စီစဉ်ထား ကြောင်း ၎င်းကဆိုသည်။

‘‘ရုပ်ရှင်ကတော့ လေးကား လောက်ရုံတင်ဖို့စောင့်နေတယ်။  ဒါပေမဲ့ ရုံရှင်စိတ်ကြိုက်ဆိုတော့ ဘယ်တော့ တင်မလဲမသိသေး ဘူး။ ဇာတ်လမ်းတွဲကတော့ နှစ် ခုထွက်ဖို့ရှိတယ်။ ‘မနေ့ကဖြစ် သည် ၂’ ရယ်၊ ‘ချစ်ခြင်းစတုဂံ’ ရယ်’’ ဟု ခါရာကပြောသည်။