နည်းပြကွန်တီကို ချယ်လ်ဆီးထုတ်ပယ်ပြီး မော်ရီဇီယိုဆာရီကို ခန့်အပ်ရန်စီစဉ်

ချယ်လ်ဆီးအသင်းကနည်းပြ အန် တိုနီယိုကွန်တီကို ထုတ်ပယ်ပြီး နာပိုလီနည်းပြ ဟောင်း မော်ရီဇီယိုဆာရီကိုနည်း ပြသစ်ခန့်ရန် စီစဉ်နေသည်။

စာချုပ်လက်ကျန်နောက်ဆုံးနှစ်အတွက် လစာအပြည့်မပေးလျှင် ချယ်လ်ဆီးမှထွက် မည်မဟုတ်ဟု ကွန်တီက ပြောဆိုပြီး မေလက တည်းက ၎င်း၏အနာဂတ်အတွက် ညှိနှိုင်းရာ နစ်နာကြေး ပေါင်ကိုးသန်းရရှိမှုနှင့်အတူ ယခုချယ်လ်ဆီးက ထုတ်ပယ်လိုက်ပြီဖြစ်သည်။

ယခုအခါ ချယ်လ်ဆီးက ဆာရီကို ကနဦး တွင် ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် စီစဉ်ထား ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဟာဇက်နှင့် ဂိုးသမား ကော့တွိုက်စ်တို့ နှစ်ဦးစလုံးက ၎င်းတို့ စာချုပ်သက်တမ်းမတိုးမီ ကွန်တီ၏အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိ လိုသည်ဟု ပြောထားရာ ယခုအခါ ၎င်းတို့ နှစ်ဦး ချယ်ဆီး၌ ဆက်ရှိနေဦးမည်လားဆိုသည် မှာ စောင့်ကြည်ရမည်ဖြစ်သည်။

ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် နံပါတ် (၅) နေရာမှ ရာသီပြီးဆုံးခဲ့၍ ချန်ပီယံလိဂ် ဝင်ခွင့်မရဖြစ်ခဲ့ပြီး ဟာဇက်နှင့် ကော့တွိုက်စ် တို့က ချန်ပီယံလိဂ်ကစားလိုသည်။

—Ref:ESPN