မုံရွာမြို့တွင် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်ကြေးရုပ်၌ ကျင်းပမည်

မုံရွာမြို့၌ နှစ်(၇၀) ပြည့် အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့စဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ က ကြီးမှူး၍ (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက်တွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ ဗိုလ်ချုပ်အောင် ဆန်း မြင်းစီးကြေးရုပ်၌ ကျင်းပ ရန် ဆောင်ရွက်နေသည်။

‘‘အာဇာနည်နေ့ အခမ်းအ နားကတော့ မနက်ပိုင်းမှာ အာဇာ နည်ခေါင်းဆောင်ကြီးများကို ရည် စူးပြီး ဆရာတော်ကြီးများကို ဆွမ်းဆက်ကပ်လှူဒါန်းမယ်။ မနက် ၁၀ နာရီမှာ ဗိုလ်ချုပ်ကြေးရုပ်မှာ အာဇာနည်နေ့ အခမ်းအနားကျင်းပမယ်။ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးတဲ့အချိန်မှာ မီး သတ်ဥသြသံပေးတာ၊ စုပေါင်း အလေးပြုတာ ပြုလုပ်မယ်’’ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူမှု ရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

မုံရွာမြို့တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ စည်ကားသိုက်မြိုက် စွာ ကျင်းပရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားသည်။

‘‘မုံရွာဗိုလ်ချုပ်ကြေးရုပ်မှာ ကျောင်းသားအဖွဲ့အစည်းတွေ ဦးဆောင်ပြီး လူပေါင်းရာနဲ့ချီပြီး အာဇာနည်နေ့အခမ်းအနားကျင်း ပတာ ၂၀၁၄ က စတာပါ။ အရင် တုန်းကတော့ အာဇာနည်နေ့မှာ အဖွဲ့အစည်းအလိုက် လူနည်းစုနဲ့ အလေးပြုတာတော့ ရှိခဲ့ဖူးတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့က ဦးဆောင်ပြီး ဗိုလ်ချုပ်ကြေး ရုပ်မှာ အာဇာနည်နေ့အခမ်းအ နား ကျင်းပခဲ့တာ ၂၀၁၆ က စတာ ဆိုတော့ ဒီနှစ်တတိယအကြိမ် မြောက် ကျင်းပတာပါ’’ဟု မုံရွာမြို့ ဒေသခံ ကိုဝေမိုးနိုင်က ပြောသည်။