တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်၊ ကျေးရွာငါးရွာမှ လူခုနစ်ရာခန့် စစ်ဘေးလွတ်ရာထွက်ပြေး

၂၁ ရာစုပင်လုံကျင်းပနေ စဉ် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်း ကိုင်မြို့နယ်၌ မြန်မာ့တပ်မတော် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာငါးရွာမှ ဒေသခံလူ ခုနစ် ရာခန့်သည် စစ်ဘေးလွတ်ရာ ထွက်ပြေးလာကြောင်း ဘေး အန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဒေသတွင်းလွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။


ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေး ရွာအုပ်စုအနီးတွင် ဇူလိုင် ၁၀ ရက်နံနက်ကစတင်ကာတိုက်ပွဲအ ပြင်းအထန်ဖြစ်ပွား၍ ဒေသခံအ ရပ်သားများ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်များ အား သွားရောက်တွေ့ဆုံခဲ့သည့် ကျေးသီးမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်စိုင်းစံမိန်းက ပြောသည်။

‘‘မနေ့က မနက် ၇ နာရီက နေစပြီး မိုးချုပ်တဲ့အထိဖြစ်တာ။ ဒီနေ့မနက်နဲ့ နေ့လယ်မှာတစ်ခါ ထပ်ဖြစ်တယ်။ လယ်တွေကောက် စိုက်နေကြတုန်း ထွက်ပြေးလာရ တာ။ တော်တော်ဒုက္ခရောက်ကြ တယ်’’ ဟု စိုင်းစံမိန်းက ပြော သည်။

တိုက်ပွဲဖြစ်ပွားရာနေရာအ နီးရှိ နောင်တော၊ ကုန်းမြောင်၊ စံ ပေါင်၊ နားလေနှင့် ဟိုဖိုင်ကျေး ရွာများမှ ဒေသခံလူခုနစ်ရာခန့် သည် ကျေးသီးနှင့်မိုင်းကိုင်မြို့ပေါ် သို့ထွက်ပြေးလာ၍ ကူညီကယ် ဆယ်ရေး လုပ်ဆောင်နေကြောင်း ရှမ်းပြည်နယ်ဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးညွှန်ကြား ရေးမှူးဦးစိုးနိုင်ကပြောသည်။

‘‘မနက်ပိုင်းစာရင်းရတာ လူ ဦးရေ ၄၅၁ ယောက်။ ရှမ်းပြည် နယ်အစိုးရကရော ကျွန်တော်တို့ ဌာနကပါ ထောက်ပံ့ရေးပစ္စည်း တွေပေးထားတယ်။ ညနေမှာအိမ် ထောင်စု ၉၀ ကျော်ထပ်ရောက် တယ်ကြားတယ်။ စုစုပေါင်း ခုနစ် ရာခန့်ဖြစ်သွားနိုင်တယ်’’ ဟု ဦးစိုး နိုင်က ပြောသည်။

တိုက်ပွဲဖြစ်ရသည့် အ ကြောင်းရင်းသည် RCSSလှုပ်ရှား နယ်မြေသို့ တပ်မတော်က ၀င် ရောက်လာခြင်းကြောင့်ဖြစ်ပြီး ၂၁ ရာစုပင်လုံကျင်းပနေချိန်တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဖက်ယုံကြည်မှု ပျက်ပြားစေ ကြောင်း စိုင်းစံမိန်းကပြောသည်။ တိုက်ပွဲသည် ကျေးရွာများနှင့် မလှမ်းမကမ်းတွင်ဖြစ်နေသလို ရွာအနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများရှိနေ သည်ဟု ၎င်းကပြောသည်။

RCSS/SSA သည် တစ်နိုင် ငံလုံးအပစ်ရပ်စာချုပ် (NCA)ရေး ထိုးထားပြီး နေပြည်တော်တွင် ကျင်းပနေသည့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် လည်း ကိုယ်စားလှယ်အဖွဲ့ တက် ရောက်နေသည်။ ယမန်နေ့က ပင်လုံအစည်းအဝေးတက်ရောက် လာသည့် RCSS တာဝန်ရှိသူ တစ်ဦးအား ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာပြန်လည် ဖြေ ကြားရန် ငြင်းဆိုသည်။