မန်စီးတီးသို့ ကလပ်စံချိန်တင်ကြေးဖြင့် မာရက်ဇ်ရောက်ရှိ၊ ဘာကာသို့ ရောက်လာသည့် အာသာကို ကော်တင်ဟိုချီးကျူး

မန်စီးတီး က ၎င်းတို့၏ ကလပ်စံချိန်တင် ကြေးပေါင်သန်း ၆၀ ဖြင့် လက်စ တာမှ အယ်ဂျီးရီးယားတိုက်စစ်မှူး မာရက်ဇ်ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူသည်။ မာရက်ဇ် (၂၇) နှစ်ကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီး နောက် မန်စီးတီးက ပထမဆုံး ခေါ်ယူအားဖြည့်မှုဖြစ်သည်။

မာရက်ဇ်က မန်စီးတီးနှင့် စာချုပ် လက်မှတ်ရေးထိုးပြီး နောက် မန်စီးတီးနည်းပြဂွာဒီယို လာနှင့် မန်စီးတီးအသင်း၏ တိုက် စစ်ဖွင့်ကစားပုံတို့ကို ချီးကျူးသည်။ မန်စီးတီးက ၎င်းကိုဇန်နဝါရီ ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ သော်လည်း လက်စတာနှင့်ကြေး ညှိနှိုင်းမရခဲ့ဘဲ ယခုမှအပြီးသတ် ခေါ်ယူနိုင်ခြင်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ရာသီ ကလက်စတာအတွက် လိဂ်ပွဲ ၃၆ ပွဲတွင် ၁၂ ဂိုးသွင်းထားပြီး ၁၀ ဂိုး ဖန်တီးပေးထားသည်။

ထိုအတောအတွင်း ဘာစီ လိုနာက ယူရိုသန်း ၄၀ ဖြင့် ခေါ် ယူသော ဘရာဇီးသား အာသာ (၂၁) နှစ်အား ကော်တင်ဟိုက ချီးကျူးပြီး ၎င်းသည်ကြီးကျယ် သော ကစားသမားဟုပြောသည်။ ဂရီမီယို ကွင်းလယ်လူ အာသာ ကို ဘာစီလိုနာက စာချုပ်ဖျက် သိမ်းကြေးယူရိုသန်း ၄၀၀ သတ် မှတ်ထားကာ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။       —Ref:Goal