အိမ်အကူမကရင်မ သေဆုံးမှု တရားလို ရာအိမ်မှူးကိုစစ်ဆေး

အိမ်အကူမကရင်မသေဆုံးမှုရုံးချိန်းတွင် ယမန်နေ့က မသိင်္ဂီစုအား ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ခင်မို့မို့လွင်)

တပ်မတော်မိသားစုနေ အိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင် ခဲ့သည့် အိမ်အကူသေဆုံးမှုတွင် တရားလို ရာအိမ်မှူး ဦးအေး သောင်းကို ဇွန်လိုင် ၁၁ ရက်က တောင်ပိုင်းခရိုင်တရားရုံး၌ စစ် ဆေးသည်။ 


ဒေါ်သိင်္ဂီစုသည် ပဲခူးခရိုင်  ဥပဒေအရာရှိ အဆင့် (၄) ဒုဦး စီးမှူးဖြစ်ပြီး မဟာဥပဒေဘွဲ့ရရှိ ထားပြီးသူဆိုသည်ကို သိပါသ လားဟု လူသတ်မှုဖြင့်စွပ်စွဲခံ ရသူ ဒေါ်သိင်္ဂီစု၏ ရှေ့နေက ဦးအေးသောင်းကို မေးမြန်းရာ ဦးအေးသောင်းက မသိကြောင်း ဖြေကြားသည်။ 

ထို့နောက် ဒေါ်သိင်္ဂီစု၏ ခင် ပွန်းမှာ တပ်မတော်တွင် ဗိုလ်မှူး အဆင့်ရှိသူဖြစ်ပြီး လားရှိုးရှိ သံ ချပ်ကာ တပ်ရင်း၌  တာဝန်ထမ်း ဆောင်နေရသည်ကို သိပါသလား ဟု မေးမြန်းရာတွံတေးမြို့နယ်  ရှိရဲများထံမှ ကြားသိရကြောင်း ဦးအေးသောင်းက ဖြေကြား သည်။ 

အိမ်ရှင် ဒေါ်သိင်္ဂီစုသည် ခရိုင်ဥပဒေအရာရှိ ဖြစ်သဖြင့် ထောက်ကြန့်ရှိနေအိမ်နှင့် ပဲခူးရုံး ကိုရုံးဖွင့် ရက်များတွင် နေ့ချင်းပြန် ရုံးတက်နေရခြင်း၊ ထို့အပြင် မက ရင်မ၏ အခင်းမဖြစ်ပွားမီက စွပ် စွဲခံရသူဒေါ်သိင်္ဂီစုသည် ရန်ကုန် တက္ကသိုလ်သို့ ဒေါက်တာဘွဲ့အ တွက် သွားလာနေရသဖြင့်အိမ် တွင် ၎င်း၏မိခင်နှင့် ကလေးများ သာကျန်ရှိသည်ကို သိပါသလား ဟု မေးမြန်းရာတရားလိုဦးအေး သောင်းကမသိရှိကြောင်း ထွက် ဆိုသည်။ 

ဦးအေးသောင်းက ၎င်းအ နေဖြင့် ရဲကတိုင်ကြားခိုင်း၍ မ ဟုတ်ဘဲ၎င်းဆန္ဒသဘောအရ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တ ရားရုံးတွင် ထွက်ဆိုသည်။ ၎င်း တို့မျက်စိအောက်တွင် ကြီးပြင်း လာသည့် မကရင်မအတွက် မခံ မရပ်နိုင်၍ တရားလိုအဖြစ်ရဲကို  တိုင်ကြားရကြောင်း တရားရုံး၌ ထွက်ဆိုပြီးနောက် မီဒီယာများ အားဖြေကြားသည်။ 

တရားခွင်အတွင်းစစ်မေးရာ တွင် မေလ ၁၉ ရက်က အိမ်ရှင် ဒေါ်သိင်္ဂီစုနှင့် မိခင်ကိုယ်တိုင် အိမ်အကူမကရင်မကို ဇာတိ ဖြစ်သည့် ခတ္တိယကျေးရွာသို့ ပြန် ပို့ပေးခဲ့ကြောင်း၊ ဒေါ်သိင်္ဂီစုက မကရင်မ၏ လက်ထဲဘောပင် ထည့်၍ ၎င်းက မကရင်မလက်ကို ကိုင်ကာနေရပ်ပြန်ပို့ကြောင်း အ သင့်ရေးသားထားသည့် သက် သေစာချုပ်တွင် လက်မှတ်ထိုး သည်ကို မြင်တွေ့ရကြောင်း ဦး အေးသောင်းကထွက်ဆိုသည်။ ထို့အပြင် ဒေါ်သိင်္ဂီစုက မကရင်မ  ၏ လုပ်ခလစာဆိုကာ ကျပ် တစ်သိန်းခွဲပေးသည်ကို ဦးအေး သောင်းကဆေးဖိုးအတွက် တိုး ပေးရန်ပြောဆို၍ တစ်သိန်းရှစ် သောင်း ပေးအပ်ခဲ့ကြောင်းလည်း ထွက်ဆိုသည်။ 

ဒေါ်သိင်္ဂီစုတို့ ထွက်သွား သည့်အချိန်တွင် မကရင်မက ၎င်းကို ဆေးရုံပို့ပေးရန်တောင်းဆို ပြီး အိမ်ရှင်ဒေါ်သိင်္ဂီစုက ၎င်းကို  ဆွဲကြိုးခိုး၍ဆိုကာ ကျောက်ပျဉ် နှင့် ထုခြင်း၊ ဗိုက်ကိုကန်ကျောက်  ခြင်းများ ပြုလုပ်ကာ ငါးရက်တစ် ပတ်ကြာသည်အထိ အခန်းထဲ ပိတ်လှောင်၍ အစာမကျွေးဘဲ နှိပ်စက်သည်ဟု မကရင်မ မဆုံး ပါးမီဖွင့်ဟပြောသည်ကို မြင်ခဲ့ ကြောင်း ဦးအေးသောင်းက ထွက် ဆိုသည်။ ထို့အပြင် မကရင်မ၏ မေးစေ့၊ ပါးရိုး၊ ခေါင်းတို့တွင် ညို မည်းဒဏ်ရာများ မြင်ရကြောင်း လည်းဆက်လက်ထွက်ဆိုသည်။ 

မကရင်မကို တပ်မတော်  မိသားစုထံ အိမ်အကူလုပ်ရန် ပို့ ပေးသည့် စိန်သန်းဆိုသူကို လိုက်ရှာရာတွင် စိန်သန်း၏ အိမ် ၌ ဒေါ်သိင်္ဂီစုနှင့် သူ၏ မိခင်ကို တွေ့ရကြောင်း၊ ဦးအေးသောင်း  တို့ရာအိမ်မှူးများက ၎င်းတို့ကိုမ ကရင်မဆုံးပါးသဖြင့် ၎င်းတို့၏ ရွာပြန်လိုက်ခဲ့ရန်ပြောရာ ဒေါ် သိင်္ဂီစုမိခင်က ကျေးရွာလူကြီး များထံအပ်နှံပြီး ဖြစ်သဖြင့် မလိုက်လိုတော့ကြောင်း ဖြေ ကြားသည်ဟု ဦးအေးသောင်းက ထွက်ဆိုသည်။ 

မကရင်မရရှိသောဒဏ်ရာ များသည် ဒေါ်သိင်္ဂီစုတို့ မိသားစု က အိမ်ပြောင်းရန်ဆောင်ရွက်ရာ တွင် လေအေးပေးစက် (air cooler) ထည့်ထားသည့် ပုံးကို သယ်ယူစဉ်လှေကားပေါ်မှ ပြုတ် ကျခြင်း၊ ဦးထုပ်ချိတ်ရန်ပြုလုပ် ထားသော သံငုတ်များဖြင့် တိုက် မိ၍ ဒဏ်ရာများရရှိခဲ့သည်ကို သိ ပါသလားဟု စွပ်စွဲခံရသူ၏ ရှေ့ နေက ဆိုရာ ဦးအေးသောင်းက မဖြစ်နိုင်ကြောင်း ထွက်ဆိုသည်။ 

ထို့အပြင် မကရင်မ၏ တစ်ကိုယ်လုံးပေါ်တွင် အရေပြား  အနာများ ပေါက်နေသည်ကို တွေ့ရှိသလားဟုမေးရာ ဦးအေး သောင်းကမတွေ့ရှိကြောင်းထွက် ဆိုသည်။ 

တရားခွင်တွင် စစ်ဆေးရာ၌  စွပ်စွဲခံရသူ၏ ရှေ့နေကတရားလို ၏ တရားရုံးတွင် အဓိကထွက်ဆို  ချက်အချို့နှင့် ရဲစခန်း၌ တိုင် တန်းချက်တို့ကွဲလွဲမှုရှိနေသည်ကို  အဓိကထားစစ်ဆေးခဲ့သည်။ 

ဒေါ်သိင်္ဂီစုက မကရင်မ၏ လက်ထဲဘောပင်ထည့်၍ ၎င်းက မကရင်မလက်ကို ကိုင်ကာ နေရပ်ပြန်ပို့ကြောင်း အသင့်ရေး သားထားသည့် သက်သေစာချုပ် တွင်လက်မှတ်ထိုးသည်ကို မြင် တွေ့ရကြောင်း ဦးအေးသောင်း ကတရားခွင်၌ ထွက်ဆိုထားရာ ရဲတိုင်တန်းစာတွင်မူ ထိုအ ကြောင်းအရာမပါရှိသည်ကို စွပ် စွဲခံရသူ၏ ရှေ့နေကထောက်ပြ ခဲ့သည်။ 

သို့သော် ရဲတွင်တိုင်တန်း ချက်သည် မပြည့်စုံတတ်ဘဲ တ ရားခွင်၌ ကျမ်းကျိန်ဆို၍ စစ် ဆေးခံရသည်ဖြစ်၍ တရားခွင် တွင်ထွက်ဆိုသည်သာ အဓိက ဖြစ်ကြောင်း ပြည်ထောင်စု ဥပဒေ ဆိုင်ရာ အထောက်အကူပြုအဖွဲ့ မှ တရားလွှတ်တော်ရှေ့နေဒေါ် စန်းစန်းမြင့်ကဆိုသည်။ အဆိုပါ ရုံးချိန်းကို ဇူလိုင် ၁၈ ရက်သို့ ပြန် လည်ချိန်းဆိုခဲ့သည်။