မှုခင်းသတင်းတိုများ

သာကေတလူသတ်မှု၏ သံသယတရားခံ ဘိုကလေးတွင် ဖမ်းမိ

ရန်ကုန် - သာကေတလူသတ်မှု မှ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူကို ဘိုကလေးမြို့နယ် ကျေးရွာတစ်ရွာတွင် ဇူလိုင် ၁၀ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။


လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ဦးသန်းအေးဆိုသူသည် အလောင်းတွေ့ရှိခဲ့သည့် နံနက်တွင်ပင် ဇနီးဖြစ်သူကို ခေါ်ဆောင်ကာဧရာဝတီတိုင်း ဒေးဒရဲမြို့သို့ တိမ်းရှောင်ခဲ့ကြောင်း သတင်းရသဖြင့်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ဘိုကလေးမြို့နယ် အေးချမ်းသာယာ ကျေးရွာ၌ ဖမ်းဆီးနိုင်ခဲ့သည်။

ဇူလိုင် ၇ ရက် နံနက်က သာကေတ၊ ၁၀/ တောင် (၁၄) ရပ်ကွက်ရှိ လမ်းဘေးရေမြောင်းအတွင်း အမျိုးသားတစ်ဦးပြုတ်ကျနေသည်ကို ရပ်ကွက်အတွင်းနေထိုင်သူများက တွေ့ရှိပြီး 199 Call Center သို့ အကြောင်းကြားခဲ့သည်။