စလင်းမြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသူနှစ်ဦးအပါအဝင် လူသုံးဦးသေဆုံး

 မကွေးတိုင်း စလင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်း သူများကို လမ်းကြုံတင်ဆောင် လာသည့် စက်လှေတစ်စီး ဧရာ ဝတီမြစ်အတွင်း တိမ်းမှောက် သဖြင့် ကျောင်းသူနှစ်ဦးအပါအ ဝင် လူသုံးဦး ရေနစ်သေဆုံးခဲ့မှု ဇူလိုင် ၁၁ ရက်က ဖြစ်ပွားသည်။


စလင်းမြို့နယ် သနပ်ကုန်း ကျေးရွာအုပ်စု ငွေသောင်ကျွန်းမှ သူဌေးကုန်းကျေးရွာ အလက (ခွဲ) သို့ ကျောင်းတက်မည့် ကျောင်းသား၊ ကျောင်းသူများကို တင် ဆောင်လာသည့် စက်လှေသည် သူဌေးကုန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း တိမ်းမှောက်ခဲ့ ကြောင်း ဆင်ဖြူကျွန်းရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းသား၊ ကျောင်းသူ များသည် ပုံမှန်သွားလာနေကျ ခြေကျင်လမ်းသည် ဝေးကွာလွန်း ၍ စက်လှေနှင့် လမ်းကြုံလိုက်ခဲ့ရာ စက်လှေ အလေးချိန်များ၍ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း ယင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ရွှေဦးက ပြောသည်။

အဆိုပါ စက်လှေပေါ်တွင် စက်မောင်းတစ်ဦး၊ လမ်းကြုံလိုက်လာသည့် အမျိုးသမီးတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၁၂ ဦးအနက် ခုနစ်တန်းကျောင်းသူတစ်ဦး၊ ရှစ်တန်း ကျောင်းသူတစ်ဦးနှင့် အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ် ဦးတို့ ရေနစ်သေဆုံးခဲ့ကြောင်း ငွေသောင်ကျွန်းကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

ကျန်းမာရေးဌာနက စက် လှေတိမ်းမှောက်မှု ကြုံတွေ့ခဲ့ရ သည့် ကလေးငယ်များကို အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု များ ပြုလုပ်ပေးပြီး အခြေအနေ စိုးရိမ်စရာမရှိကြောင်း စလင်းမြို့ နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။