ယူရို ၂၀၁၆ ဗိုလ်လုပွဲ အရှုံးသည် ပြင်သစ်ကို တွန်းအားဖြစ် ဒက်စ်ချမ့်ပြောကြား

ကမ္ဘာ့ဖလားဗိုလ်လု ပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့် က ၎င်း၏ကစားသမားများကို ချီး ကျူးပြီး ၂၀၁၆ ယူရို ဗိုလ်လုပွဲ အရှုံးသည် မိမိစိတ်ထဲတွင် ရှိနေ ဆဲဟု ပြောကြားသည်။


ပြင်သစ်သည် ၁၉၉၈ က အိမ်ရှင်အဖြစ် ကမ္ဘာ့ဖလားကို ပထမဆုံး ဆွတ်ခူးခဲ့ပြီးနောက် ယခု ထပ်မံအောင်ပွဲခံရန် ကြိုးစား မည်ဖြစ်သည်။

‘‘လုံးဝထူးခြားပါတယ်။ ကျွန် တော့်ကစားသမားတွေအတွက် အရမ်းပျော်ပါတယ်။ သူတို့က ကိုယ်ရည်ကိုယ်သွေးနဲ့ မှန်ကန်တဲ့ စိတ်သဘောထားပြသခဲ့ပါတယ်’’ ဟု ဒက်စ်ချမ့်က ပြောသည်။

‘‘လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အ ဖြစ်အပျက်တွေကို ကျွန်တော်အ မှတ်ရနေဆဲပါပဲ’’ ဟု ၂၀၁၆ ယူရို ဗိုလ်လုပွဲတွင် ပေါ်တူဂီကို ၁-၀ ဂိုးဖြင့် ရှုံးသောပွဲကို ရည်ညွှန်း၍ ဒက်ချမ့်စ်က ပြောသည်။ ‘‘၂၀၁၆ ဗိုလ်လုပွဲအပေါ် အခဲမကျေသေး လို့ ကျွန်တော်တို့ ဗိုလ်လုပွဲမှာ အနိုင်ရရှိအောင် ကြိုးစားသွားပါ မယ်’’ ဟု ဒက်ချမ့်စ်ကဆိုသည်။

အကယ်၍ ပြင်သစ်အသင်း သာ ဗိုလ်စွဲခဲ့ပါက ဒက်စ်ချမ့်သည် ၁၉၅၈ နှင့် ၁၉၆၂ တွင် ကစားသ မားအဖြစ်နှင့် ၁၉၇၀ ပြည့်နှစ်တွင် နည်းပြအဖြစ် ကမ္ဘာ့ဖလားချန်ပီ ယံဖြစ်သော ဘရာဇီးမှ မာရီယိုဇာ ဂါလိုနှင့် ၁၉၇၄ တွင် ကစားသမား အဖြစ်နှင့် ၁၉၉၀ ပြည့်နှစ်တွင် နည်းပြအဖြစ် ဂျာမနီကို ချန်ပီယံ ဖြစ်စေခဲ့သော ဘက်ကင်ဘောင် ဝါတို့ကဲ့သို့ ဘောလုံးထိပ်တန်း တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

ပြင်သစ် - ဘယ်လ်ဂျီယံပွဲ တွင် အနိုင်ဂိုးသွင်းယူပြီး ပွဲ၏ အ ကောင်းဆုံး ကစားသမားသတ်မှတ်ခံရသော ပြင်သစ်နောက်တန်းလူ အမ်တီတီက မိမိတို့သည် ကမ္ဘာ့ဖလားကို ကိုင်မြှောက်၍ ယူရို ၂၀၁၆ စိတ်ပျက်မှုကို ချေဖျက်ပစ် လိုသည်ဟု ပြောကြားသည်။

မိမိသည် ဖယ်လိုင်နီလောက် အရပ်မမြင့်သော်လည်း စိတ်ပိုင်း ဖြတ်မှုနှင့် ဂိုးသွင်းလိုသော ဆန္ဒ ကြောင့် ၎င်းထက်ပို၍မြင့်မြင့်ခုန် ကာ ခေါင်းတိုက်နိုင်ခဲ့သည်ဟု အမ်တီတီက ဆက်လက်ပြော သည်။            —Ref:FFT