၂၀၁၈ ဘလွန်းဒီအောဆုရှင် ကမ္ဘာ့ဖလားမှ ထွက်ပေါ်လာဖွယ်ရှိ

ယခုနှစ်ဘလွန်းဒီအော ဆုကို မက်ဆီနှင့် ခရစ္စတီယာနို ရော်နယ်ဒို မဟုတ်သော အခြား ကစားသမားတစ်ဦးက ရရှိနိုင်ပြီး ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက် ပေါ်လာနိုင်ကြောင်း ထိပ်တန်း ဘောလုံးလေ့လာသူများက ပြော သည်။၁၉၉၅ ကယင်းဆုကို စတင် ပေးအပ်ပြီးနောက်ပိုင်း သုံးကြိမ် တွင် ဥရောပတစ်နိုင်ငံက ဖလား ရခဲ့ကာ ယင်းဆုသည် ဗိုလ်စွဲသော အသင်းမှ ကစားသမားများဖြစ် သည့် ဇီဒန်း ၁၉၉၈၊ ရော်နယ်ဒို ၂၀၀၂ နှင့် ကန်နာဗားရိုး ၂၀၀၆ တို့က ရရှိခဲ့သည်။


 ယခု ၂၀၁၈ ကမ္ဘာ့ဖလား တွင် အာဂျင်တီးနားနှင့် ပေါ်တူဂီ တို့ စောစောစီးစီးထွက်သွားပြီး နောက်တွင် ဘလွန်းဒီအောဆုကို ငါးကြိမ်စီရယူခဲ့သော ရော်နယ်ဒိုနှင့်မက်ဆီတို့၏ ကြီးစိုးထားမှုအဆုံး သတ်သို့ ရောက်လာဖွယ်ရှိသည် ဟု လေ့လာသူများက သုံးသပ် သည်။ လောလောဆယ်တွင် ယခု နှစ် ဘလွန်းဒီအောဆုအတွက် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီ ကိန်း၊ ပြင်သစ်ကြယ်ပွင့်မက်ဘီ၊ ဂရစ်ဇ်မန်းနှင့် ခရိုအေးရှားကွင်း လယ်လူ မိုဒရစ်တို့ရေပန်းစားနေ သည်။ အင်္ဂလန် (သို့မဟုတ်) ခရို အေးရှားဖလားရပါက ကိန်းနှင့် မိုဒရစ်တစ်ဦးဦး ဘလွန်ဒီအော ဆုရှင်ဖြစ်နိုင်ပြီး ပြင်သစ်ဖလားရ ပါက မက်ဘီနှင့် ဂရစ်ဇ်မန်းတစ် ဦးဦး ယင်းဆုကို ရရှိနိုင်သည်။

—Ref:AS