အင်္ဂလိပ်သီချင်းခြောက်ပုဒ်ပါဝင်မဲ့ Mini Album ကို ဖြန့်ချိတော့မယ့်အိမ့်ချစ်

ဓာတ်ပုံ−နစ်ကီ

အင်္ဂလိပ်သီချင်းခြောက်ပုဒ် ပါဝင်မည့် Mini Album ကို မကြာမီဖြန့်ချိရန် အစီအစဉ်ရှိ ကြောင်း အဆိုတော်အိမ့်ချစ်က ပြောသည်။

‘‘Mini Album လေးကို ဩ ဂုတ်(သို့မဟုတ်)စက်တင်ဘာမှာ ထွက်နိုင်အောင်ပြင်ဆင်နေပါ တယ်။ Album လေးရဲ့နာမည်ကို Slay လို့ပေးထားပါတယ်’’ ဟု၎င်း ကပြောသည်။

ယင်းအခွေ၌ ပါဝင်မည့် သီချင်းများတွင် လေးပုဒ်ကိုကိုယ် တိုင်ရေးကာ နှစ်ပုဒ်ကိုတေးရေးအ သစ်နှစ်ဦးက ရေးစပ်ပေးထား ကြောင်း ၎င်းကဆိုသည်။

‘‘နဂိုကတည်းကလည်း အင်္ဂ လိပ်ကျောင်းတက်ပြီး ကြီးပြင်း လာတဲ့သူမဟုတ်ဘူး။ မြန်မာ ကျောင်းပဲတက်ပြီး မြန်မာစကား ပဲပြောတဲ့ ပတ်ဝန်းကျင်မှာကြီး ပြင်းလာတဲ့အတွက် မြန်မာလို အရင်ချရေးရပါတယ်။ ဒီသီချင်း ကို ဘယ်လိုခေါင်းစဉ်ပေးချင်တာ လဲ။ ဘယ်လိုအကြောင်းအရာ မျိုးကို ရေးချင်တာလဲ။ မြန်မာလို ပြီးမှ အင်္ဂလိပ်လိုဘာသာပြန်ရပါ တယ်’’ ဟု အိမ့်ချစ်က အင်္ဂလိပ် သီချင်းရေးသားရသည့် အတွေ့ အကြုံကို ဝေမျှသည်။

ထို့အပြင် သီချင်းအမျိုးအ စားအလိုက် သံစဉ်နှင့်ကိုက်ညီမှုရှိ စေရန် စကားလုံးများရွေးချယ်ရ သောကြောင့် သီချင်းတစ်ပုဒ်လျှင် တစ်လခန့်အချိန်ပေး၍ ရေးခဲ့ရ သည်ဟု ၎င်းကဆိုသည်။

အဆိုပါအခွေ၏ Title သီ ချင်းဖြစ်သည့် Slay သီချင်းသုံးပုဒ် ကို ပရိသတ်များအမြည်းအနေဖြင့် နားဆင်နိုင်ရန် ဇူလိုင် ၁ရက်က Zalo Music က  ဖြန့်ချိပေးထား သည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္က သိုလ်က ပြုလုပ်သည့် AYA NUACOrchestra Music Showcase ဖျော်ဖြေပွဲ၌ ပါဝင်ဖျော်ဖြေရန် ရှိကြောင်း အိမ့်ချစ်က ပြောသည်။

‘‘Orchestra နဲ့ကတော့ ရှေ့ မှာလည်းဆိုဖူးပါတယ်။ ဒီပွဲမှာ ကျတော့ အရင်ဆိုခဲ့ဖူးတဲ့သီချင်း တွေကို မဆိုချင်ဘူး။ အဲဒီအတွက် ထူးခြားတဲ့ နောက်တစ်ခုဖြစ် အောင်ပြင်ဆင်နေပါတယ်။ အဲဒီ အတွက်လည်း ရင်ခုန်နေပါတယ်’’ ဟု ယင်းဖျော်ဖြေပွဲနှင့်ပတ်သက်၍ ၎င်းက ပြောသည်။