ကမ္ဘာ့ဖလားပြီးလျှင် မိုဒရစ်လက်ရွေးစင်ဘဝမှ အနားယူမည်ဟု ခရိုအေးရှားနည်းပြပြော

 ခရိုအေးရှားနည်းပြ ဇလက်ကိုဒါလစ်က ရီးရဲလ်ကွင်း လယ်လူ လူကာမိုဒရစ်၏ စွမ်း ဆောင်ရည်ကို ချီးကျူးပြီး ၎င်း သည် ရုရှားကမ္ဘာ့ဖလားပြီးလျှင် ခရိုအေးရှားလက်ရွေးစင် ဘော လုံးသမားဘဝမှ အနားယူမည်ဟု  ပြောကြားသည်။


မိုဒရစ် (၃၂) နှစ်သည် ခရို အေးရှား၏ ငါးပွဲတွင် သုံးပွဲ အကောင်းဆုံးဆု ရရှိပြီးရွှေဘော လုံးဆုလည်း ရနိုင်သူတစ်ဦးအ ဖြစ် ရေပန်းစားနေသည်။

လူကာမိုဒရစ်သည် ကလပ် အဆင့်တွင် အရာအားလုံးဖြစ်နိုင် အောင် စွမ်းဆောင်ထားနိုင်သော် လည်း နိုင်ငံအသင်းအတွက်မစွမ်း ဆောင်ဖြစ်သေးကြောင်းနှင့် ၎င်း သည် ကစားသမားဘဝတစ် လျှောက် အကောင်းဆုံး ခြေစွမ်း ပြသနေကြောင်း ဒါလစ်က ပြော သည်။

မိုဒရစ်သည် ရီးရဲလ်နှင့်အတူ အောင်မြင်မှုများစွာ ရရှိထားပြီး ခရိုအေးရှား ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ပါက ကမ္ဘာ့အကောင်းဆုံးဆု ရရှိနိုင်သူအဖြစ် တစ်ပေးခံထားရ သည်။—Ref:AS