ရော်နယ်ဒို ရီးရဲလ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့

 ပေါ်တူဂီဘောလုံး ကြယ်ပွင့် ရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်မှ ဂျူဗင်တပ်သို့ လေးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၎င်းအတွက် ယူရို ၁၁၂ သန်း ပေး ချေခဲ့ကြောင်း ဂျူဗင်တပ်က ပြော ကြားသည်။


ရော်နယ်ဒိုသည် ရီးရဲလ်တွင် ကိုးနှစ် ကစားခဲ့စဉ်အတွင်း ၄၅၁ ဂိုးဖြင့် ရီးရဲလ်သမိုင်းတွင် ဂိုး အများဆုံး သွင်းယူသည့် ကစား သမားဖြစ်လာခြင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားလေးကြိမ်၊ လာလီဂါချန်ပီယံ နှစ်ကြိမ်နှင့် စပိန် ဖလားနှစ်ကြိမ်ရရှိခဲ့သည်။

‘‘ကျွန်တော့်ဘဝမှာ အဆင့် သစ်တစ်ခု စတင်ဖို့ အချိန်ကျလာ ပါပြီ။ ဒါကြောင့် ကျွန်တော်အ ပြောင်းအရွှေ့ကို လက်ခံဖို့အသင်း ကို ပြောခဲ့ပါတယ်’’ဟု ရော်နယ်ဒို က ပြောကြားသည်။

ရီးရဲလ်တွင် ကစားခဲ့သော နှစ်များသည် မိမိအတွက် အပျော် ရွှင်ဆုံးဖြစ်ကြောင်းနှင့် ကလပ် အသင်း၊ ပရိသတ်နှင့် မက်ဒရစ် မြို့ကို ကျေးဇူးတင်မဆုံးရှိနေပြီး မိမိအပေါ် ချစ်ခင်အားပေးမှုအား လုံးအတွက် ကျေးဇူးတင်စကား သာ ပြောနိုင်သည်ဟု အိတ်ဖွင့် ပေးစာတွင် ရေးသားထားသည်။

၂၀၀၉ က မန်ယူမှ ရီးရဲလ်သို့ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့် ရောက်ရှိခဲ့ သော ရော်နယ်ဒိုသည် ချန်ပီယံ လိဂ်တွင် ဂိုး ၁၂၀ စံချိန်တင်သွင်း ယူထားကာ ယင်းအနက် ၁၀၅ ဂိုးကို ရီးရဲလ်၌ရှိစဉ် သွင်းယူခြင်း ဖြစ်သည်။

ရီးရဲလ်ကလည်း ရော်နယ်ဒို  အား ကျေးဇူးတင်ကြောင်း ပြော ကြားပြီး ရော်နယ်ဒိုသည် ရီးရဲလ် ၏ ကြီးကျယ်သောပြယုဂ်တစ်ခုအ မြဲဖြစ်နေမည်ဟု ပြောသည်။

သို့သော်ရော်နယ်ဒိုသည် စပိန်အာဏာပိုင်များက ၎င်းအား ဆက်ဆံပုံကို မပျော်ရွှင်ခဲ့ဘဲ အ ခွန်လိမ်လည်မှုများ ရှိခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ဒဏ်ငွေယူရို ၁၈ သန်းကျော်ပေးရန် သဘော တူခဲ့ရသည်။

ပေါ်တူဂီအသင်း ကမ္ဘာ့ဖ လားမှ ထွက်ခဲ့ရပြီးနောက် ဂရိ နိုင်ငံတွင် အနားယူနေသော ရော် နယ်ဒို (၃၃) နှစ်အား ဂျူဗင်တပ် အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီက သွားရောက်တွေ့ဆုံခဲ့သည်။

ထိုအတောအတွင်း ရီးရဲလ် မက်ဒရစ်မှ ဂျူဗင်တပ်သို့ ပြောင်း ရွှေ့ရေး ညှိနှိုင်းမှုများစတင်ရန် ရော်နယ်ဒို ကိုယ်တိုင်စတင်ခဲ့ သည်ဟု ဂျူဗင်တပ်အမှုဆောင် အရာရှိချုပ် မာရောတာက ဖွင့်ဟ ပြောကြားသည်။ ရော်နယ်ဒိုက ဂျူဗင်တပ်ကို ရွေးခဲ့ပြီး မိမိတို့ ဘုတ်အဖွဲ့ဝင်များကလည်း သ ဘောတူကြောင်း ပြောသည်။