ကုန်သွယ်ရေးစစ်ပွဲ

ကုန်သွယ်ရေးစစ်ပွဲ (Tr-ade War) ဟူသော ဝေါဟာရတွင်‘စစ်ပွဲ’စကားလုံးပါကတည်းက ကုန်သွယ်ရေးစစ်ပွဲသည် နှစ်ဖက်  အကျိုးရှိစေသည့် အခြေအနေမျိုး  (Win-Win Situation) ဖြစ်ထွန်း နိုင်မည် မဟုတ်ကြောင်းလူတိုင်း ခန့်မှန်းနိုင်သည်။ စစ်ပွဲကဲ့သို့ လက်နက်ကိရိယာများဖြင့် ပစ် ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်း  မဟုတ်သောကြောင့် လူနှင့်အ ဆောက်အအုံရုပ်ဝတ္ထုများပျက်စီး  မှုကို လတ်တလောမျက်မြင်တွေ့  ရလိမ့်မည်မဟုတ်။ သို့သော် အချိန် ကြာမြင့်မှုအလိုက် အနိုင်၊ အရှုံးရလဒ်များအောက်တွင် နှစ်ဖက်လူ မှုအကျိုးစီးပွား ထိခိုက်ပျက်စီးမှု များအနည်းနှင့် အများရှိလာ မည်မှာသေချာသည်။ ဆုံးရှုံးနစ် နာမှု၊ ထိခိုက်ပျက်စီးမှုများတွင်  ငွေကြေးအကျိုးအမြတ်များသာမ က ဆက်စပ်နေသောနိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေး စသဖြင့်စီး ပွားရေးအဆောင်အအုံထဲရှိကဏ္ဍ အားလုံးတွင် တစ်နွယ်ငင်တစ်စင် ပါဆင့်ပွား၍ ပျက်စီးမှုများဖြစ် စေသည်။ ထို့ကြောင့် စစ်ပွဲဟု ဆိုပါက မည်သည့်စစ်ပွဲမှမ ကောင်းဟု ကောက်ချက်ချရပါ လျှင်လက်ခံကြလိမ့်မည် ထင် သည်။


ကုန်သွယ်မှုစစ်ပွဲဟူသည် နိုင်ငံများအကြား ကုန်သွယ်မှုနှင့်  ပတ်သက်၍ ကိုယ်ကျိုးစီးပွားကာ ကွယ်နိုင်ရန် အားထုတ်ကြခြင်း ဖြင့်ကုန်သွယ်ရေး ကိစ္စရပ်များ တွင် ထိပ်တိုက်ရင်ဆိုင်ရသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့်  ကုန်သွယ်မှုစစ်ပွဲသည် ကုန်သွယ် ဖက်နိုင်ငံများကြား ကိုယ်ကျိုးစီး ပွားကာကွယ်မှုဝါဒ ကျင့်သုံးခြင်း ကြောင့် ဖြစ်ပေါ်လာသော  နောက်ဆက်တွဲ ရလဒ်ဖြစ်သည် ဟု ဆိုရမည်။ တစ်ဖက်နိုင်ငံ  များမှ  သွင်းကုန်များမိမိတို့နိုင်ငံ များအတွင်းသို့အလွယ်တကူဝင် ရောက်လာခြင်းမရှိစေရန်ရည် ရွယ်ချက်ထားရှိလျက်အရေအ တွက်ကိုတာ သတ်မှတ်ချက်များ  (Quotas)(သို့မဟုတ်)အကောက် ခွန်များ (Tariffs) ကဲ့သို့ ကုန်သွယ် ရေးအတားအဆီးများချမှတ်ခြင်း  ကို ကုန်သွယ်ဖက်နိုင်ငံများကြား အပြန်အလှန်တုံ့ပြန် ပြုလုပ်ကြ ခြင်းဖြစ်သည်။ ထိုသို့ ကုန်သွယ်  ဖက်နိုင်ငံများကြား အခွန်တိုး မြှင့်စည်းကြပ် ကောက်ခံသော အခါ သွင်းကုန်များဝင်ရောက်မှု တွင် အပြန်အလှန်ခက်ခဲမှုများ ဖြစ်လာသည်။ ဤသို့ဖြင့် အပြန် အလှန်စည်းကြပ်ခြင်းကို ဘတစ် ပြန်ကျားတစ်ပြန် ပြုလုပ်ကြရင်း သွင်းကုန်များ စီးဝင်မှုလျော့နည်း ကျဆင်းကာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏပါ ကျဆင်းလာတော့ သည်။ အကျိုးဆက်အားဖြင့် နိုင်ငံများ၏ ပြည်တွင်းထုတ် လုပ်မှုများပါထိခိုက်မှုရှိလာတတ် သည်။ ထို့ကြောင့်နိုင်ငံများကြား  ကိုယ်ကျိုးစီးပွားကာကွယ်မှုများ သည် နိုင်ငံနှစ်ခုစလုံး၏ ကုန် ထွက်ဖွဲ့စည်းမှုကိုပါ အဆင့်လျော့ ကျရွေ့သွားစေနိုင်သည်။ ပိုမိုပြင်း ထန်လာပါက နှစ်ဖက်အကျိုးစီး  ပွားကို ထိခိုက်မှုများစွာဖြစ်စေ သည်။

စီးပွားရေးပညာရှင်အချို့က လည်း နိုင်ငံတစ်နိုင်ငံ၏ ကုန် သွယ်မှုဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတချို့သည် အကျိုးဖြစ်ထွန်းမှုထက် နှစ်ဖက်အကျပ်အ တည်းဖြစ်စေသည့် အပြန်အလှန် တုံ့ပြန်မှုကိုသာပိုမိုဦးတည်စေ သည်ဟုဆိုထားသည်။ ဥပမာ နိုင် ငံတစ်နိုင်ငံသည် ၎င်းတို့နိုင်ငံတွင်း  သို့ဝင်ရောက်လာသည့် သွင်းကုန်  များပေါ်တွင် အကောက်ခွန်တိုး မြှင့်စည်းကြပ် ကောက်ခံပါက သွင်းကုန်များနှင့် ပတ်သက်သည့် တစ်ဖက်နိုင်ငံသည်လည်း  ၎င်း တို့နိုင်ငံတွင်းသို့ ပြန်လည်ဝင် ရောက်လာမည့်သွင်းကုန်များအ ပေါ်တွင် အခွန်များမြှင့်တင်စည်း ကြပ်ပေလိမ့်မည်။ ထိုသို့အပြန်အ လှန်သွင်းကုန်ခွန်များမြှင့်တင်မှု သည် နှစ်နိုင်ငံကုန်သွယ်မှုကို ထိ ခိုက်မှုများဖြစ်စေလျက်နောက် ဆုံးတွင် နှစ်ဖက်နိုင်ငံများ၏ စီး ပွားရေးအခြေအနေများကို ထိ ခိုက်ပျက်စီးမှုများဖြစ်စေသည် ဟု သုံးသပ်ထားကြသည်။ နိုင်ငံများ  ၏ ကုန်သွယ်မှုနှင့် ပတ်သက်သည့် ကိုယ်ကျိုးစီးပွား ကာကွယ်မှုများ တွင် အစိုးရများ၏ ပြည်တွင်းလုပ် ငန်းများကို ထောက်ပံ့ကြေးပေး၍  ဆောင်ရွက်ခြင်းများလည်း ရှိ တတ်သည်။

ထိုသို့ပြုမှုဆောင်ရွက်မှုများ ပြုလုပ်ပါက တစ်ဖက်နိုင်ငံမှ တုံ့ ပြန်ဆောင်ရွက်ရန်ပိုမိုခက်ခဲနိုင် ပြီး ကိုယ်ကျိုးစီးပွားကာကွယ်မှု အရှိန်မြင့်တက်လာမည်။ နောက် ဆုံးတွင်အစိုးရများအကြား အငြိုး   အတေးဖြစ်ပင်ဖြစ်လာနိုင်သည် ဟု ကောက်ချက်ချရမည်။ ထောက်ပံ့ကြေးပေး၍ ကိုယ်ကျိုး စီးပွားကာကွယ်ခြင်းမျိုးကို ငွေ ကြေးအရင်းအနှီးနည်းပါးသည့် ဆင်းရဲနွမ်းပါးသော နိုင်ငံများအ နေဖြင့်လုပ်ဆောင်ရန်စွမ်းရည်ရှိ ကြမည်မဟုတ်ပေ။ မည်သို့ပြုမှု  သည်ဖြစ်စေကိုယ်ကျိုးစီးပွားကာ ကွယ်မှုကြောင့်ဖြစ်ပေါ်လာသော  ကုန်သွယ်ရေးစစ်ပွဲသည်နိုင်ငံတ ကာ ကုန်သွယ်ရေးနယ်ပယ်တစ် ခုလုံးပေါ်တွင် သက်ရောက်လာ ခဲ့ပါက ဖွံ့ဖြိုးပြီးချမ်းသာသော နိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံ  ငယ်များအပေါ် ပိုမိုထိခိုက်မှုများရှိ လာတတ်ပေသည်။

ထို့ကြောင့် ကုန်သွယ်ရေး စစ်ပွဲများ၏ နောက်ဆုံးအကျိုးရ လဒ်သည် ကားဆိုးကျိုးသာဖြစ်  စေသည်ကို သမိုင်းအတွေ့အကြုံ များက သက်သေပြခဲ့ပြီးဖြစ်သည်။  သို့သော် ၂၁ ရာစု၏ ဒုတိယဆယ် စုနှစ်အကုန်ကာလ ယခုလတ်တ လော ကမ္ဘာ့စီးပွားရေးအခင်း အကျင်းတွင် ‘ကုန်သွယ်ရေးစစ်ပွဲ’ ဟူသောအသံများကို ထပ်ခါတ လဲလဲပြန်လည်၍ ကြားနေရ သည်။ ထိုမှတစ်ဆင့် ဇူလိုင်ပထမ ပတ်တွင်မူ စတင်အကောင်အ ထည်ဖော်ခဲ့ကြပြီဖြစ်ကြောင်း နိုင် ငံတကာ သတင်းများတွင် မြင် တွေ့သိရှိခဲ့ပြီ။ ကမ္ဘာလုံးအဆက်  အစပ်အားကောင်းနေသော ဂလို ဘယ်လိုက်ဇေးရှင်းကမ္ဘာတွင်  အ တိတ်ကာလ ကုန်သွယ်ရေးစစ်ပွဲ  များထက် ဆိုးကျိုးသက်ရောက်မှု  ပို၍ ကျယ်ပြန့်နိုင်ဖွယ်၊ ပို၍ ထိ ခိုက်လာဖွယ်ရှိမည်။ ကောင်းကျိုး  ထက်ဆိုးကျိုးများကိုသာပိုမိုဖြစ် စေနိုင်သော ဘတစ်ပြန်ကျားတစ် ပြန်ကုန်သွယ်ရေးဟန့်တားမှုဖြစ် စဉ်ကို မည်သူကစတင်ခဲ့သနည်း။

ကနဦး ကုန်သွယ်မှုစိန်ခေါ် သံသည် ကမ္ဘာ့စီးပွားရေးအင် အားကြီး အမေရိကန်နိုင်ငံ၏ သမ္မတဒေါ်နယ်ထရန့်ထံမှ ပေါ် ထွက်လာခြင်းဖြစ်သည်။ ၂၀၁၈  မတ်လကုန်ခါနီးတွင် တရုတ်နိုင်ငံ ၏ သွင်းကုန်သံမဏိနှင့် အလူ မီနီယံများအပေါ်အခွန်ပိုမိုစည်း ကြပ်မည့်ကိစ္စနှင့် ပတ်သက်၍ သမ္မတ ထရန့်က လက်မှတ်ရေး ထိုးအတည်ပြုခဲ့သည်။ တရုတ် နိုင်ငံသည်လည်း ၎င်းတို့၏အကျိုး စီးပွားကို  ကာကွယ်ရန်အတွက် အမေရိကန်မှ တရုတ်သို့တင်း သွင်းသည့် ကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံရန်အစီအ မံများချမှတ်ဆောင်ရွက်ခဲ့သည်။ အမေရိကန်၏ ပြုမှုဆောင်ရွက်မှု သည် တရုတ်သွင်းကုန်များအပေါ် အကောက်ခွန်တိုးမြှင့်စည်းကြပ် ရုံဖြင့်မပြီး။ အီးယူ၊ ကနေဒါ၊ မက္က ဆီကို နိုင်ငံတို့မှ သွင်းလာမည့် သံမဏိသွင်းကုန်များပေါ်တွင်ပါ ပိုမိုကောက်ခံစည်းကြပ်ရန်ရှိလာ ခဲ့ရာ အီးယူသည် တရုတ်နိုင်ငံ၏ လမ်းစဉ်ကိုလိုက်၍ အမေရိကန် ထုတ်ကုန်များအပေါ်   ပြန်လည် အခွန်တိုးမြှင့်မည်ဟု တုံ့ပြန်ခဲ့ပြီး သွင်းကုန်ခွန်တိုးမြှင့်မည့် စာရင်း ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တင်ပြခဲ့သည့်အခြေအနေ အထိ ဖြစ်လာခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံ၏ အပြုအမူ သည် ၎င်းနှင့် ကုန်သွယ်မှုအ ဆက်အဆံကြီးမားသည့် အိန္ဒိယ နိုင်ငံအပေါ်လည်း သက်ရောက်မှု များရှိလာခဲ့သည်။ အမေရိကန် နိုင်ငံသို့ နှစ်စဉ် တင်သွင်းနေသည့် သံမဏိနှင့် အလူမီနီယံအပါအ၀င် အိန္ဒိယသွင်းကုန်များပါ ထိခိုက်မှု ရှိမည့် အလားအလာများဖြစ်လာ ခဲ့သည်။ ထို့အတွက် အိန္ဒိယနိုင်ငံ သာမက တူရကီနိုင်ငံတို့ကလည်း  အမေရိကန်မှ တင်သွင်းသည့်ကုန် ပစ္စည်းများကို အခွန်သစ်များတိုး မြှင့်ကောက်ခံရန် ပြင်ဆင်နေခဲ့ကြ သည်။

အမေရိကန်သည် ကုန်သွယ် ရေးစစ်မီးကို စတင်မွှေးခဲ့ပြီ။ မ ကျေနပ်ချက်ဒေါသလောင်စာ ရှိ နေကြပြီဖြစ်သော ကုန်သွယ်ဖက် နိုင်ငံများထံမှ တုံ့ပြန်လောင် ကျွမ်းစေမှုများ ဆက်လက်ဖြစ် ပေါ်လာတော့မည်။ ထို့မှတစ်ဆင့် ဆက်လက်၍ ကမ္ဘာအနှံ့ကူးစက် လောင်ကျွမ်း မှုများဖြစ်လာနိုင်ပြီး ဒီမိုနိုသက်ရောက်မှု သဘောအရ ကမ္ဘာ့နိုင်ငံအတော်များများတွင်  တစ်နွယ်ငင်တစ်စင်ပါ ကုန်သွယ် ရေးအခြေအနေများအပေါ် သက် ရောက်ထိခိုက်မှုရှိလာမည်။ နောက်ဆုံး နိုင်ငံအသီးသီးတို့ ကုန်ထုတ်လုပ်မှုကဏ္ဍကျဆင်းမှု  ကြုံတွေ့လာရဖွယ်ရှိမည်။ ထို့ ကြောင့်ပညာရှင်များ၊ သုတေသီ များနှင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်  အတော်များများထံမှ စိုးရိမ်သံ များကို ကြားလာနေရခြင်းဖြစ် သည်။

 ထို့ကြောင့်စီးပွားရေးအင် အားကြီး၊ စားသုံးမှုအင်အားကြီး သည့် ကုန်သွယ်ရေးကိုယ်ကျိုးကာ ကွယ်မှုစတင်ခဲ့သော အမေရိ ကန်နိုင်ငံသည် အတိတ်ကာလ၏  ကုန်သွယ်ရေးစစ်ပွဲသက်ရောက်မှု အခြေအနေများကို ပြန်လှည့် ကြည့်၍ ဆင်ခြင်စဉ်းစားတတ်ဖို့ လိုလာသည်။

  ပထမကမ္ဘာစစ်အပြီးကာလ  သမ္မတဟားဘတ်ဟူဗား (Harbert Hoover) လက်ထက် အမေရိကန်နိုင်ငံသည် စီးပွားရေး  ကျဆင်း၍ ပြည်တွင်းလုပ်ငန်းများ အခက်အခဲများရင်ဆိုင်နေရချိန် ၌ စမုသ် - ဟော်လီအခွန်အက် ဥပဒေ (Smoot - Hawley Tariff Act) ဖြင့်ကိုယ်ကျိုးစီးပွားကာ ကွယ်သည့်အပြုအမူလုပ်ဆောင် ခဲ့သည်။ ရည်ရွယ်ချက်သည်အ မေရိကန်သို့ဝင်ရောက်လာသည့် သွင်းကုန်များလျှော့ချ၍ အမေ ရိကန်စီးပွားရေးအကျိုးဖြစ်ထွန်း  စေရန်ဖြစ်သည်။ သို့သော် ကုန် သွယ်ဖက်နိုင်ငံများမှ ပြန်လည်  တုံ့ပြန်လာသော ကုန်သွယ်မှုအ တားအဆီးများကိုဖြစ်ပေါ်စေခဲ့ပြီး  နိုင်ငံများအကြား ကုန်သွယ်ရေး အကျပ်အတည်းများဆီသို့ ဦး တည်သွားခဲ့သည်။ နောက်ဆုံးရ လဒ်မှာ နိုင်ငံအတွက်ပိုမိုဆိုးရွားသော စီးပွာရေးအကျပ်အတည်း ကို ရင်ဆိုင်ခဲ့ကြရသည်။ အမေ ရိကန်နိုင်ငံ၏  အယောက် ၄၀ မြောက်သမ္မတ  ရော်နယ်ရေဂင်လက်ထက် (၁၉၈၁ မှ ၁၉၈၉ ခုနစ်အထိ) ကာလများ၌လည်း အမေရိကန်နိုင်ငံက ဂျပန်သွင်း ကုန်များနှင့်ပတ်သက်၍  ကိုတာ အရေအတွက်ကန့်သတ်ချက်နှိုင်းယှဉ်မှုများရှိခဲ့ဖူးသည်။  အမေရိကန် အလုပ်အကိုင်များစွာ  ဆုံးရှုံးမှုမှ ကာကွယ်နိုင်သော်လည်း  နောက် ဆုံးရလဒ်မှာ အကျိုးဖြစ်ထွန်းမှု ထက် ဆုံးရှုံးမှုကပိုမိုများပြားခဲ့ သည်ကိုတွေ့ရှိခဲ့ရသည်။  သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် လက်ထက် (၂၀၀၁ - ၂၀၀၉) တွင် သံမဏိ သွင်းကုန်များပေါ်တွင်အကောက် အခွန်များမြှင့်တင် ကောက်ခံခဲ့ သည်။ ကုန်သွယ်ဖက် ဥရောပ နိုင်ငံများမှ ပြန် လည်တုံ့ပြန်မှုများ ကို ကြုံတွေ့ခဲ့လာရသဖြင့်အစီ အစဉ်ပြန်လည်ရပ်ဆိုင်းခဲ့ရသည်။ ထို့အတူ အနီးကပ်ဆုံးအတိတ် ကာလဖြစ်သည့် သမ္မတအိုဘား မားလက်ထက် တရုတ်တာယာ သွင်းကုန်များအပေါ် အခွန်တိုး မြှင့်စည်းကြပ်သည့်  အားထုတ်မှု သည်လည်း အမေရိကန်အတွက် အကျိုးအမြတ်မဖြစ်ထွန်းခဲ့ပေ။

ယခုလည်း အမေရိကန်မှစ တင်ခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်လာနိုင်ခြေများကို ကုန်သွယ်ဖက်နိုင်ငံများသာမက အမေရိကန်ပြည်တွင်း စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ အခြားသော ကဏ္ဍများမှ ကုန် ထုတ်လုပ်ငန်းရှင်များ စိုးရိမ်ပူ ပန်လျက်ရှိနေကြလေပြီ။ သမ္မတ ထရန့်မှန်းချက်အတိုင်း အမေရိ ကန် အကျိုးစီးပွားဖြစ်ထွန်း မှု နှမ်းထွက်ကိုက်၊ မကိုက်ခန့်မှန်း တွက်ချက်နေကြပြီ ဖြစ်သည်။ နစ်နာချက်ကို ဤသို့ပြန်လည်တုံ့ ပြန်မှုသည် အလုပ်မဖြစ်ခဲ့သည်မှာ သမိုင်းရှိခဲ့ပြီဖြစ်သည်။ သမ္မတ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ချက် လော၊ အကြံပေးတို့၏ အတွေးအ ခေါ်များကြောင့်လော။ မိမိတို့ ကိုယ်ကျိုးစီးပွားကာကွယ်မှုအ တွက် အကျိုးဖြစ်ထွန်းမှုနည်း သည့် အတွေ့အကြုံရှိခဲ့ဖူးသော နည်းလမ်းကို ပြန်လည်ကျင့်သုံး ရန် မည်ကဲ့သို့ အစပြုခဲ့သနည်းဟူ သည်မှာ စိတ်ဝင်စားစရာဖြစ် သည်။ အမေရိကန်သမ္မတ စီးပွား ရေး အကြံပေးအကြီးအကဲ Gary Cohn  ကမူတရုတ်သွင်းကုန်များ ကို အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကြေညာကတည်းက အိမ်ဖြူတော်ကို စွန့်ခွာခဲ့ပြီဖြစ် သည်။ အမေရိကန်သမ္မတထရန့်  ၏ တဇွတ်ထိုးအပြုအမူသည် ယခင် အတိတ်ကာလများနှင့်မတူ သည့်ကမ္ဘာ့စီးပွားရေးအခင်းအ ကျင်းကို အကြီးအကျယ်ဟန် ချက်ပျက် စေတော့မည်လော။

နိုင်ငံတစ်နိုင်ငံသည် ၎င်းတို့ ၏ စီးပွားရေးပြဿနာများကို ကု စားနိုင်သဖြင့် အသုံးပြုသည့်နည်း လမ်းသည် အိမ်နီးချင်းနိုင်ငံ (သို့မ ဟုတ်) ကုန်သွယ်ဖက်နိုင်ငံ (သို့မ ဟုတ်) အခြားနိုင်ငံများကို အခက် အခဲများက ကြုံတွေ့လာစေပါက အိမ်နီးချင်းဒုက္ခဖြစ်စေသော ပေါ် လစီ (Beggar-thy-neighbour Policy) ကို ကျင့်သုံးခြင်းဟု ပညာ ရှင်များ၊ သုတေသီများကဆို သည်။ ထိုသို့မိမိနိုင်ငံတစ်ဖို့တည်း သာ ကြည့်ခြင်း၊ ကိုယ်ကျိုးစီးပွား ကိုသာ အလွန်အမင်း ဦးစားပေး ကာကွယ်ခြင်းသည် စီးပွားရေး ကပ်များဖြစ်စေသည့် အကြောင်း ရင်းခံဖြစ်စေသည်ဟု သုံးသပ်ခဲ့ ကြပြီးဖြစ်သည်။

ယခုအမေရိကန်နှင့် တရုတ် နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ် ပွဲအစပျိုးခဲ့ပြီ။ ဖွံ့ဖြိုးပြီးနိုင်ငံကြီး များအနေဖြင့် ချဉ်းကပ်မှုနည်း လမ်းအမျိုးမျိုးဖြင့် ပြင်းထန်စွာ မဖြစ်ပေါ်လာရေး အားထုတ်နေ ကြပေမည်။ ဖွံ့ဖြိုးဆဲနိုင်ငံငယ် များအတွက်မူ အင်အားကြီးနိုင်ငံ တို့၏ စိတ်လိုက်မာန်ပါ လှုပ်ရှားမှု များကြောင့် ဖြစ်ပေါ်လာမည့် ကုန်သွယ်ရေး အခြေအနေ အ ပြောင်းအလဲဇာတ်ကွက်များကို ကမ္ဘာ့စီးပွားရေး မြင်ကွင်းကျယ် ကြီးပေါ်တွင် စိုးရိမ်တကြီး စောင့် ကြည့်မှန်းဆ တတ်နိုင်အားဖြင့် ပြင် ဆင်ထားရုံမှတစ်ပါး အခြား မရှိလေပြီ။။

(ဆောင်းပါးရှင် စောနိုင် (အသုံးချဘောဂဗေဒ)သည် စီးပွားရေးပြုပြင်ပြောင်းလဲမှု သုံးသပ်ဆောင်းပါးများနှင့် လယ်ယာကဏ္ဍ၊ စက်မှုလက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာဆောင်းပါးများ ရေးသားနေသူဖြစ်သည်။)