မကွေးတိုင်းရှိ မြို့နယ်များတွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုများရှိလာ

 မကွေးတိုင်းရှိ မြို့နယ်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုများရှိလာပြီး ပြည်သူများအနေဖြင့် ကာကွယ်ရေးလုပ်ငန်းများ၌ အာရုံစိုက်ကာ ပူးပေါင်းပါဝင်စေလိုကြောင်း မကွေးတိုင်း ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ မိုးဆွေက ပြောသည်။

မကွေးတိုင်းအတွင်း စလင်း၊ ငဖဲနှင့် ရေစကြိုမြို့နယ်ရှိ ကလေးငယ်အချို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုရှိနေပြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကုသရေးလုပ်ငန်းများအပြင် ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်နေကြောင်း  တိုင်းကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘အစွန်အဖျားမြို့နယ်တွေ မှာ အဖြစ်များတယ်။ ငဖဲမှာ ဖြစ် တာရှိတယ်။ သုံးယောက် ဖြစ် တယ်။ ရေစကြိုမှာတော့ ဒီသွေး လွန်တုပ်ကွေးဖြစ်တာ များတယ် ပေါ့နော်။ အသေအပျောက်လည်း ရှိတယ်။ ဆေးရုံရောက်ရှိမှုနောက် ကျတာက အဓိကဖြစ်ပါတယ်။ ကျန်းမာရေးဌာနအနေနဲ့က ရော ဂါမဖြစ်အောင် ကြိုတင်ကာကွယ် ရေးလုပ်ငန်းတွေ၊ ကုသရေးလုပ် ငန်းတွေကို တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ မိဘပြည်သူ တွေရဲ့ပါဝင်မှုကလည်း အရမ်းအ ရေးကြီးတယ်’’ဟု ဒေါက်တာမိုး ဆွေက ပြောသည်။

ငဖဲနှင့် ရေစကြိုမြို့နယ် အပြင် စလင်းမြို့နယ်ရှိ ကူတို့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ နှင့် ရဒေးကျေးရွာတွင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း ကူတို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် က ပြောသည်။

ဇူလိုင် ၉ ရက်က ကူတိုတောင်ကျေးရွာနေ အသက်(၆)နှစ်အ ရွယ် ကလေးငယ်သည် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသဖြင့် မင်းဘူးဆေးရုံကြီးသို့ တင်ပို့ကုသ သော်လည်း သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ကျန်းမာရေးဌာနကလည်း  ရှေ့တန်းစခန်းဖွင့်ပြီး လာကုပေး တာတော့ ရှိပါတယ်။ ဒါပေမဲ့ စိုး ရိမ်ရတဲ့ ကလေးတွေကျ မြို့ပေါ် ဆေးရုံတွေကို တင်ပို့ကုသရာမှာ ကားအခက်အခဲကြောင့် အချိန် နောက်ကျတာတွေ ဖြစ်ရပါတယ်။ ကူညီပေးရေးကားအများစုမောင်း လိုင်စင်နဲ့ ကားလိုင်စင်မရှိကြတာ များတော့ မသွားရဲကြဘူး။ အဲဒီ တော့ အခုလိုအချိန်မှာ အရမ်းကို ခက်ခဲမှုကြီးဖြစ်နေပါတယ်’’ ဟု ၎င်းက ဆိုသည်။

စလင်းမြို့နယ် ရဒေးကျေး ရွာတွင် ပြီးခဲ့သည့်ဇွန်လက စတင်ကာ ကလေးငယ်အချို့ ဖျားနာမှုများဖြစ်ပေါ်ခဲ့ပြီး ခြောက်ဦးတွင် သွေးလွန်တုပ်ကွေးရောဂါ လက္ခ ဏာများ စစ်ဆေးတွေ့ရှိသဖြင့် မကွေးနှင့် မင်းဘူး ဆေးရုံကြီးသို့ တင်ပို့ကုသပေးနေရကြောင်း ယင်းကျေးရွာဒေသခံများက ပြော သည်။

စလင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် သွေးလွန်တုပ် ကွေးရောဂါ ရှေ့တန်းကုသရေး စခန်းများ ဖွင့်လှစ်၍ု ကျန်းမာရေး ဦးစီးဌာနက ကုသပေးနေပြီး အသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း စလင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါ သည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပြီး ကာကွယ်ရေးလုပ် ငန်းများတွင် ပြည်သူများအနေ ဖြင့် ကျန်းမာရေးဌာန၏ အသိ ပညာပေးချက်များအတိုင်း အလေးထား ဆောင်ရွက်ရန် လို ကြောင်း တိုင်းဦးစီးမှူးက ပြော သည်။