ခန္တီးရတနာမြေတွင် လက်လုပ်လက်စားလုပ်ကွက်များ ချထားပေးသော်လည်း ဒေသခံများ လျှောက်ထားမှု နည်းပါးနေဆဲဟုဆို

ခန္တီးရတနာမြေတွင် လက်လုပ်လက်စားလုပ်ကွက်များ ချထားပေးသော်လည်း ဒေသခံများ လျှောက်ထားမှုနည်းပါးနေဆဲဖြစ်သည်။ (ဓာတ်ပုံ − မျိုးမင်းဦး)

ခန္တီးရတနာမြေတွင် လက် လုပ်လက်စားလုပ်ကွက်များ တင် ဒါစနစ်ဖြင့် ချထားပေးသော်လည်း ဒေသခံများလျှောက်ထားမှုနည်း ပါးကြောင်း ခန္တီးမြို့နယ်တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောသည်။

ခန္တီးမြို့နယ် နန့်လင်း ချောင်းဖျားမှော်တွင် လက်လုပ် လက်စားလုပ်ကွက် ၁၀၄ ကွက် ကို တင်ဒါစနစ်ဖြင့်ချထားပေး ခြင်းကို ဇူလိုင် ၁၀ ရက်က ခန္တီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ် သည်။

‘‘လုပ်ကွက်လျှောက်ထားတဲ့ သူတွေက ဒေသခံနည်းတယ်။ မုံ ရွာ၊ မန္တလေး၊ ခန္တီးမြို့ပေါ်နဲ့ နယ် အစုံလျှောက်ကြတယ်။ နန်စီပွန် ဒေသရွှေပြည်သာကျေးရွာဒေသ ခံခြောက်ဦး၊ ခုနစ်ဦးပဲရှိတယ်။ လျှောက်တဲ့သူတစ်ရာဝန်းကျင်ရှိ တယ်’’ ဟု ဦးသိန်းလှိုင်ဝင်းက ပြောသည်။

ခန္တီးရတနာမြေတွင် လုပ် ကွက်တင်ဒါ လျှောက်ထားသူ ၉၂ ဦးက လုပ်ကွက်လျှောက်လွှာ ၁၀၄ စောင်တင်ထားပြီး ဖော် ထုတ်လုပ်ကွက်ဧက ၃၀၃ ဧကရှိ ကြောင်း ၎င်းက ဆိုသည်။

‘‘ဒေသခံတွေက ငွေကြေး မတတ်နိုင်တာ အဓိကပါ။ လုပ် ကွက်တစ်ခုကို ကြမ်းခင်းဈေးငါး သိန်းဆိုပေမယ့် လေလံစနစ်ဆို တော့ မြင့်သထက်မြင့်သွားတော့ ဒေသခံတွေ လိုက်နိုင်တဲ့အင်အား သိပ်မရှိဘူး။ အခုချထားပေးတဲ့ လုပ်ကွက်တွေက ကျောက်စိမ်း သိပ်မထွက်ဘဲ ရွှေထွက်တဲ့ဒေသ ဖြစ်နေတယ်။ အဲဒီလုပ်ကွက်ရပြီး ရင် ကျောက်ကို တရားဝင်ကိုင် ဆောင်ခွင့်ရမှာလားဆိုတော့ ဘယ်သူမှတိတိကျကျမပြောနိုင် သေးဘူး။ အဲဒါကြောင့် ဒေသခံ တွေလျှောက်ထားမှုနည်းပါးတာ ပါ’’ ဟု ဒေသခံကိုအောင်ဆန်းမြင့် က ပြောသည်။

လက်လုပ်လက်စား လုပ် ကွက်များချထားပေးရာတွင် ကျောက်မျက်ကုမ္ပဏီများနှင့်ပတ် သက်ဆက်နွှယ်သူများ လျှောက် ထားမှု ပိုများကြောင်း ၎င်းကပြော သည်။ ခန္တီးရတနာမြေလက်လုပ် လက်စားလုပ်ကွက်လျှောက်လွှာ များကို မေလ ၂၈ ရက်မှ ဇွန်လ ၂၈ ရက်အထိ ခန္တီးနှင့် မုံရွာမြို့ရှိ ပြည်သူ့ဝန်ဆောင်မှု ရုံးများတွင် မြန်မာ့ ကျောက်မျက်ရတနာဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး လျှောက်ထားခြင်းဖြစ်ကြောင်းစစ် ကိုင်းတိုင်းအစိုးရအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောသည်။