နှမ်းဈေးမြင့်နေသော်လည်း တောင်သူများ အကျိုးအမြတ်ရဖွယ်မရှိဟုဆို

ဇွန်လအတွင်းမိုးကြီးခဲ့၍ နှမ်းပင်များရေမြုပ်နေစဉ် (ဓာတ်ပုံ − အောင်ဇော်)

 နှမ်းနက်ဈေး မြင့်တက် သော်လည်း နှမ်းစိုက်တောင်သူ များ အရှုံးနှင့်သာရင်ဆိုင်ရမည် ဖြစ်ကြောင်း မကွေးမြို့နယ်ရှိ တောင်သူများကပြောသည်။

လေးဆယ့်ငါးပိဿာဝင် နှမ်းနက်တစ်အိတ်လျှင် ယခင်က ကျပ်တစ်သိန်းသုံးသောင်းခန့်ရှိရာမှ ယခုကျပ်တစ်သိန်းငါး သောင်းအထိ မြင့်တက်နေ ကြောင်း မကွေးကုန်သည်ကြီးများ အသင်းတွဲဖက်အတွင်းရေးမှူး ဦး မင်းမင်းအောင်က ပြောသည်။

သို့သော် တောင်သူများ လက်ဝယ်၌ နှမ်းမရှိဘဲကုန်သည်၊ ပွဲစားများထံရောင်းချပြီးဖြစ်၍ နှမ်းဈေးတက်သော်လည်းတောင် သူများ အကျိုးအမြတ်ရမည် မဟုတ်ကြောင်း မကွေးမြို့နယ် မကြီးကန်ကျေးရွာမှ တောင်သူဦး နိုင်က ပြောသည်။

‘‘မိုးကြီးပြီး နှမ်းပင်တွေ ပျက် စီးခဲ့ရလို့ နှမ်းဈေးတွေတက်တယ် လို့ ပြောလို့ရပေမယ့် အဓိကက တော့ ဂျပန်ဝယ်လက်ရှိလို့ တက် တာလည်းပါတယ်။ ခန့်မှန်းရသ လောက်ကတော့ ဂျပန်ဝယ်လက် လိုက်နေတော့ ခုရာသီနှမ်းပေါ် ချိန်အထိ ဈေးကောင်းနေဦးမယ် လို့ ခန့်မှန်းပါတယ်။ ကျရင်လည်း နည်းနည်းပေါ့’’ ဟု ဦးမင်းမင်း အောင်က ဆိုသည်။

သို့ရာတွင် ဇွန်လဒုတိယပတ် က မိုးသည်းထန်စွာရွာသွန်း၍ နှမ်းပင်များ ပျက်စီးဆုံးရှုံးသဖြင့် နှမ်း အထွက်နှုန်းသည် ထက်ဝက် အောက်လျော့ကျခြင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကန်ပြားကျေးရွာမှ တောင်သူဦးဇော်မိုးထွန်းက ခန့် မှန်းပြောဆိုသည်။

‘‘နှမ်းပေါ်ချိန်အထိ ဈေး ကောင်းနေရင်လည်း တောင်သူ တွေကတော့ ဒီနှစ်ရှုံးမှာအသေအ ချာပဲ။ ဘာလို့လဲဆိုတော့ နှမ်း ထွက်ဖို့က မလွယ်တော့ဘူး။ မိုး တအားများသွားတော့ နှမ်းပင် ငယ်တွေက မခံနိုင်ဘူး။ ပျက်စီး ကုန်တယ်။ အရင်းအနှီးထပ် မလိုက်နိုင်တော့ နှမ်းခင်းတွေ ပစ် ထားလိုက်တာ ပေါင်းတောကြီး ဖြစ်နေပြီ’’ ဟု သပြေစမ်းကျေးရွာ မှ တောင်သူဒေါ်သန်းမြိုင်က ပြောသည်။

ဇွန်လဒုတိယပတ်က မိုး သည်းထန်စွာ ရွာသွန်းသဖြင့် မကွေးတိုင်းတွင် နှမ်းအဓိကစိုက် ပျိုးသည့် မကွေး၊ မင်းဘူး၊မင်းလှ၊ ပွင့်ဖြူ၊ စလင်း၊ တောင်တွင်း၊ မြို့ သစ်နှင့် နတ်မောက်မြို့နယ်တို့၌ နှမ်းပင်များ ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုသို့မိုးရွာရေကြီးခဲ့သော ကြောင့် မကွေးတိုင်းတွင် နွေနှမ်း ဧကသုံးသောင်းနှစ်ထောင်ကျော် ပျက်စီးဆုံးရှုံးပြီး မိုးနှမ်းဧကနှစ် သောင်းခြောက်ထောင်ကျော် ပျက်စီးခဲ့ကြောင်း တိုင်းလယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများ၌ဖော်ပြထားသည်။

More in News Section