ကိုယ်ဟာ ပိုးစုန်းကြူးလေးပါ အချစ်ရယ်

၂၀၁၈၊ ဇူလိုင် ၁၀။

ညနေ ၄ နာရီ ၁၀ မိနစ်။

ပြည်သူချစ်သော ဦးရဲလွင်။ ကွယ်လွန်ခဲ့ရရှာပြီ။ ကျွန်တော်တို့ ချစ်သော ကိုရဲလွင်။ ကွယ်လွန် သွားခဲ့ရရှာပြီ။

ကိုရဲလွင် မကွယ်လွန်မီနေ့ ကလည်း ကိုရဲလွင်ရှိရာသို့ကျွန် တော်ရောက်ရှိခဲ့ပါသည်။

မနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီကျော်အထိ။

ခုတင် ၅၀၀ အသည်းအ ထူးကုဆေးရုံကြီး။ အခန်းအမှတ် SR-1 ရှေ့မှာကျွန်တော်သည်နာရီများစွာမတ်တတ်ရပ်လျက်။ အ ခန်းထဲမှာ ကိုရဲလွင်က မောပန်း နေသည်။ ထိုနေ့က သူမှိန်းနေ၏။ တစ်ချိန်လုံး။ မျက်လုံးကို မှိတ် ထားသည်။ ကျွန်တော်တို့အတွက် သူစိတ်အနှောင့်အယှက်မဖြစ် စေလိုပါ။ သူ့ကိုယ်ခန္ဓာ၊ သူ့အ သည်းနှလုံးကိုလည်း ထိခိုက်သမှု မပြုလိုပါ။ အမှောင်မှာ ပျော်ရှာ တယ်လို့ မပြောပါနဲ့။ ကိုယ်ဟာ ပိုးစုန်းကြူးလေးပါ အချစ်လေး ရယ်....။

အခန်းအမှတ် SR-1 ရှေ့တွင်ကျွန်တော်တို့သည် မတ်တတ်ရပ် လျက် သူ့ကို မေတ္တာပွားနေမိ၏။

မေတ္တာသမားကြီးကိုမေတ္တာပွားနေမိသည်။

သူမဆုံးမီတစ်ရက်အလိုက သူ့ထံ ကျွန်တော်ရောက်ရှိခဲ့သလို သူမဆုံးမီ နှစ်ရက်အလိုကလည်း သူ့ထံသို့ ကျွန်တော်ရောက်ရှိခဲ့ပါ ၏။ သူဆေးရုံတက်ပြီး ၁၅ ရက် မြောက်နေ့ကလည်း သူ့ထံသို့ ကျွန်တော်ရောက်ရှိခဲ့သည်။

‘‘သူနဲ့ ရင်းနှီးတဲ့သူတွေလာ ရင် သူက ကြိုက်တယ်။ မရင်းနှီး သူလာရင်တော့ သူကအာရုံ နောက်လို့ ကျွန်တော်တို့ကလာသူ ကို တောင်းပန်ရတယ်’’

သူ့အနားကနေ သူ့ကိုကူညီ စောင့်ရှောက်သူက ပြောပြ၏။

ထိုဆေးရုံတက်ပြီး ၁၅ ရက် ကတော့ ကိုရဲက ကျွန်တော့်လက် ကို အကြာကြီးဖမ်းဆုပ်၍ သူ့မိတ် ဆွေများအကြောင်း ပြောပြနေ သေးသည်။ မကွယ်လွန်မီနှစ်ရက် က သူသည်မျက်လုံးလှန်၍ကြည့် ကာ အသိအမှတ်ပြုခဲ့သေး၏။ မကွယ်လွန်မီ တစ်ရက်ကတော့ သူသည်မျက်လုံးကို မှိတ်ထား၏။

မိတ်ဆွေများကို သူအခြေအ နေမကောင်းတော့ဘူး၊ သူလစ် တော့မည်လို့ ကျွန်တော်အသေ အချာသိနေတာကို ကျွန်တော် ဘယ်လိုပြန်ပြောရက်မည်နည်း။ ရန်ကုန်တိုင်းဒေသကြီး၏ ၀န်ကြီး ချုပ်ကိုယ်တိုင် ကိုရဲလွင်ကိုလာ လာအားပေးသည်ကို ကျွန်တော် သိထားပြီးဖြစ်သည်။ သူ့ကို ဆေး ရုံ၏ဆရာဝန်ကြီးများ၊ သူနာပြု များ၊ ဆေးရုံဝန်ထမ်းများအားလုံး က အထူးဂရုတစိုက်ရှိကြကြောင်း သိရ၍ ကျွန်တော်စိတ်သက်သာ ရ၏။ သူ့ကိုယ်ခန္ဓာ၏ဆုတ်ယုတ် နေမှုပုံသဏ္ဌာန်က သူ့ထံမှ ကျွန် တော်မပြန်ဖြစ်အောင် ဆွဲငင်ထား ၏။ ညရောက်ပြန်တော့လည်း SR-1 ရှေ့သို့သာ ကျွန်တော်မတ် တတ်ရပ်နေချင်မိ၏။

 သူဟာ မေတ္တာတရားပွားများသူ

 သူဟာ အနုပညာရှင်

 သူဟာ ငြိမ်းချမ်းရေးဝါဒီ

 သူဟာ သူတော်စင်တစ်ဦးလို

 သူဟာ တစ်ကိုယ်တော် လေမှာ လွင့်ချင်သူ။

ယခုမူ သူသည် အသည်းအ  ထူးကုဆေးရုံ အခန်းအမှတ် SR-1 တွင် ပက်လက်လှန်လျက်။ ပိုက် များစွာ တန်းလန်းနှင့်။ အလွန် လွတ်လွတ်လပ်လပ် နေချင်သူ တစ်ဦးသည် ဘယ်ကိုမှထွက်ပြေး ခွင့်မရ။ လူများ၏ အစောင့်အ ရှောက်နှင့်။ ပိုက်များ၏ ချိတ် တွယ်မှုနှင့်အတူ။

ကျွန်တော်တို့ ချစ်သောကိုရဲ လွင်၊ လူအများက ချစ်သောကိုရဲ လွင်သည် ဆေးဝါးကုသမှုကို ခံ ယူနေရ၏။ သူ၏မောင်နှမများက၊ သူ၏မိသားစုက၊ သူ၏ ချစ်မိတ် ဆွေများက သူ့အသက်ကိုလုပေး နေကြ၏။ သူကတော့ သူ့ပင်ကို ဟန်အတိုင်းပင်။ လူနာခုတင် ပေါ်တွင်ပက်လက်လှန်ကာ ငြိမ်း ချမ်းလျက်။ မေတ္တာတရားကို ပွား လျက်။

လွန်ခဲ့သောခြောက်နှစ်၊ ခုနစ်နှစ်က ကိုဘိုဘိုဦး၊ မခင်မိုး အေးတို့၏ မိုးခပန်းချီဂယ်လာရီ တွင် ကိုရဲလွင်ကို ကျွန်တော်ပထမ ဆုံးအင်တာဗျူးလုပ်ခဲ့၏။

နွမ်းကြေမှုတွေအတွက်

စိုးရွံ့ရမယ်ဆိုရင်

ဒီပန်းဟာ

အစကတည်းက မပွင့်ခဲ့ဘူး ဟေ့။

ထိုသီချင်းကို သူနှင့်လူချင်း မဆုံဖူးခင်ကတည်းက ကျွန် တော်အလွတ်ရနေပါပြီ။

စက်ရှင်တရားသူကြီး၏ သား။ ၁၉၄၇ မှာ ပေါင်းတည်တွင် မွေး။ မောင်နှမ ဆယ်ယောက်ရှိ။

ငယ်ကတည်းက ဆိုင်းသံ၊ ဗုံသံကြားရင် မနေနိုင်ဘဲလမ်းပေါ် ထွက်ကတတ်သော ရဲလွင်။

ရဲလွင်ရှစ်တန်းအရောက် တွင် အမေက ၁၅ ကျပ်တန်ဂစ် တာအဟောင်းကလေးတစ်လုံး ၀ယ်ပေးသည်။

သူ့အိမ်မှာ ရေဒီယိုအ ဟောင်းကလေးက အခန့်သင့်ရှိ နေ၏။ မြန်မာ့အသံ၊  အင်္ဂလိပ် ပိုင်းအစီအစဉ်က အင်္ဂလိပ်သီချင်း များကို သူအမြဲနားထောင်၏။ အရပ်ထဲက တိပ်ရီကော်ဒါရှိသော အိမ်မှာ အင်္ဂလိပ်သီချင်းတွေကို နားထောင်လေ့ရှိပြန်၏။

ရဲလွင်၏ အထက်တန်း ကျောင်းသားဘ၀တွင် ကျော် ဟိန်းနှင့်ပေါင်းသင်းသည်။ ခင် ၀မ်းနှင့်တွဲသည်။

ရဲလွင်၊ ကျော်ဟိန်း၊ ခင်ဝမ်း။

သုံးယောက်ပေါင်း လောင်း ကျော်။

၁၉၇၄ တွင် သူသည်စက်မှု တက္ကသိုလ်သို့ တက်ခွင့်ရ၏။ E, Machine မှာဘေ့စ်ဂစ်တာတီး ခွင့်ရနေပြီ။ သူ့စိတ်က ဂီတဘက် သို့ ခုန်ချခဲ့ပြီ။  စက်မှုတက္ကသိုလ် ကျောင်းတော်ကြီး၏ စာများကို သူစိတ်မ၀င်စားတော့ပါ။ စက်မှု တက္ကသိုလ် တတိယနှစ်မှာ သူ သည် သုံးနှစ်ဆက်ကျ၏။

သူသည် အိမ်မှာလည်း မနေ ချင်တော့။ သူငယ်ချင်းများနှင့် သာ နေထိုင်ချင်၏။ အပြင်ဆောင် သို့ ပြောင်းရွှေ့နေထိုင်၏။

ခင်မောင်တိုး၊ ရဲလွင်၊ ကို မောင်မောင် RIT ကျောင်းသား များဖြစ်သည်။

သို့သော် စက်မှုတက္ကသိုလ် ရောက်ခါမှ စာသင်ဖို့ဆိုတာ စိတ် မ၀င်စား။ အချစ်ကဗျာများကို ဖတ်သည်။ ဘ၀ကဗျာများကို ခံစားသည်။ ဘီတဲလ်၏သီချင်း တွေကို နားထောင်သည်။ သုံး ယောက်သား ဂစ်တာတီး၊ သီချင်း ဆို။ ပိုက်ဆံကမရှိ။ ကိုရဲလွင်က သူ့အိမ်ပြန်ယူ။ အဆောင်မှာ ခင် မောင်တိုးနှင့်၊ ကိုမောင်မောင်နှင့် သီချင်းတွေဆက်ဆို။

သီချင်းဆိုပြီးတော့ ဂစ်တာ တီး။

ဂစ်တာတီးပြီးတော့ သီချင်း ဆို။

ဂစ်တာတီးရင်း သီချင်းဆိုကြ။

တစ်ခါတလေ ကြုံမယ်အ ကောင်း ××× အဆိုးလည်းတွေ့ရမယ်×××စိတ်မလျှော့နဲ့လေ ×××သူတို့သည် ဆာဆာလောင် လောင်နှင့် အမြဲသီချင်းဆိုနေကြ ၏။ ရဲလွင်သည် ကိုနေ၀င်းနှင့် သိ ခွင့်ရပြီ။

 အင်းလျားကန် အနောက် ဘက်က အန်တီမြိုင်၏ရတနာမြိုင် အဆောင်သို့ သူတို့ရောက်ကြပြီး နောင်မှာ နာမည်ကျော်ခရမ်းပြာ အဆောင်ဖြစ်လာ၏။

 ပန်းခရမ်းပြာ ××× ဗေဒါလည်း ကမ်းစပ်နားမှာ ငြိတွယ် ×××

အဆောင်ပိုင်ရှင်က သူတို့ အပေါ်ကောင်းလွန်းလှ၏။ ကိုရဲ လွင်၊ ကိုခင်မောင်တိုး၊ ကိုမောင် မောင်၊ ကိုနေ၀င်း။ နောက်တော့ ခင်ဝမ်းရောက်လာသည်။ သုခမိန် လှိုင်ရောက်လာသည်။ ခရမ်းပြာ သည် နာမည်မကျော်ခံနိုင်ရိုး လား။

ကိုရဲလွင်က ဖြတ်သန်းခဲ့ သည်။ ရွှေဝါရောင်တော်လှန်ရေး ကာလတစ်ကိုယ်တော်လှုပ်ရှား မှု။ အင်းစိန်ထောင်။ NLD အောင် နိုင်ရေးကာလတွင် ပန်းရဲ့လမ်းကို ဦးဆောင်လျက် NLD အတွက် ဂီတဖြင့် ပေးဆပ်ခြင်း။

ကိုရဲလွင်နှင့် အတူတူကျွန် တော်သည် ခရီးတွေသွားခဲ့ဖူး၏။ လောဘမရှိ၊ ဒေါသမရှိ၊ မောဟ မရှိ ကိုရဲလွင်။ ဟိုတစ်လောက လည်း ခင်ဝမ်းအမှတ်တရ အင်း လျားကန်ပေါင်ပေါ်မှာ ‘နှုတ်ဆက် ခဲ့ပါတယ်’ သီချင်းကို ကိုရဲအ နောက်ကနေ ကျွန်တော်လည်း လိုက်အော်ခဲ့၏။

မကြာသေးခင်က ကိုရဲလွင် သည် ကင်မရာကိုဦးနှင့်အတူ ဂစ် တာကြီးတစ်လုံးနှင့် ကျွန်တော့် အိမ်သို့ ရောက်လာ၏။ ည ၇ နာရီ မှ ည ၁၂ နာရီကျော်အထိ။ ကျွန် တော့်ဧည့်ခန်းကြမ်းပြင်ပေါ်မှာ ကိုရဲလွင်က သီချင်းဆိုနေသည်။ ရိုးသား၊ ဖြူစင်၊ သူတော်စင်တစ် ဦးကဲ့သို့သော ကိုရဲလွင်။ အသည်း ဆေးရုံ SR-1 သို့ကျွန်တော်ရောက် ခဲ့ပါသည်။ ကွယ်လွန်ခါနီးအထိ သူ့အနီးအနားမှာ ကျွန်တော်ရှိခဲ့ ပါသည်။ အမှောင်ထဲမှာ ပျော်နေ ရှာသူမဟုတ်ပါ။ သူဟာ ပိုးစုန်း ကြူးလေးပါ။ ကိုရဲလွင်ဟာ ကျွန် တော့်အတွက် အလင်းပါ။

အလေးပြုလိုက်ပါ၏..... ကိုရဲလွင်။။

(စာရေးဆရာမောင်ကိုကို (အမရပူရ)သည် စိတ်ဝင်စားဖွယ်လူပုဂ္ဂိုလ်များအကြောင်းနှင့် အက်ဆေးများ ရေးသားနေသူ ဖြစ်သည်။)