မူးယစ်ဆေးနှင့် ဆုကြေးငွေ

‘ဘိန်းဘင်းကစော်၊ လှော်စာ သောက်စား၊ ပြုသူများ၊ စီးပွား ပျက်မည်သိ’တဲ့။ ရှေးသူဟောင်း တို့ ဆုံးမခဲ့ကြသည့် ဆုံးမစကား။ ယနေ့ခေတ်တွင်တော့ မူးယစ် ဆေးကလည်း ဘိန်း၊ ဘင်း၊ က စော်သာမကတော့။ အိုက်စ်တို့၊ WY တို့အထိ ဖြစ်နေပြီ။ သုံးစွဲမိသူ များကလည်း စီးပွားပျက်ရုံသာမ ဟုတ်တော့။ ဘ၀တွေလည်း ပျက်၊ အသက်တွေလည်း ဆုံး၊ လူညွန့်တွေပါ တုံးကုန်ကြပြီ။ ကြာ လျှင် လူမျိုးပါ ပြုန်းတော့မည်။ ကာကွယ်ရတော့မည်။ တိုက်ဖျက် မှရတော့မည်။ နိုင်ငံသားတိုင်း၊ နိုင်ငံနှင့် လူမျိုးကိုချစ်သော သူ တိုင်းအမျိုးသားရေး တာဝန်တစ် ရပ်အနေဖြင့် မူးယစ်ဆေးဝါးအန္တ ရာယ်  တားဆီးကာကွယ်ရေးလုပ် ငန်းမှာ တက်တက်ကြွကြွ ပါဝင်ရ တော့မည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် နေ့က ကျရောက်သည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား တွင် နိုင်ငံတော်သမ္မတက နိုင်ငံ တော်သမ္မတရုံးတွင် မူးယစ်ဆေး ၀ါးအထူးသတင်းပေး တိုင်ကြား ရေးဌာန ဖွဲ့စည်းထားပြီး သတင်း ပေးတိုင်ကြားသူများအား ထိုက် တန်သည့် ဆုကြေးနှင့် အခွန်ကင်း လွတ်ခွင့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့၏။ ထို့အပြင် ‘‘သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေး ရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူး ဂရုပြုတဲ့ အနေနဲ့ သတင်းထုတ် ပြန်ပေးမှာ မဟုတ်သလို နိုင်ငံ တော်ကချီးမြှင့်ငွေဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့် အရေးကိုလည်း ပေးသွားမှာဖြစ် ပါတယ်’’ဟု သမ္မတက ဆိုသည်။

ထိုသတင်းကို ဖတ်ရတော့ ငယ်ငယ်က ကြည့်ခဲ့ရဖူးသည့် ရုပ် ရှင်ဇာတ်ကားတစ်ကား၏ အမည် ကို သွားအမှတ်ရမိ၏။ ‘၀မ်းသာ ရမှာလား၊ ၀မ်းနည်းရမှာလား မိသိန်းကြည်’တဲ့။ အခုလည်း အဲ သလိုဖြစ်နေပြီ။ ရမည့်ဆုကြေးငွေ က သိန်းရာဂဏန်းဆိုတော့ မက် လောက်စရာ။ သို့သော် သတင်းပေးသူအတွက် ဘယ်လောက်ပဲ လုံခြုံရေး အာမခံပါသည်ပြောပြော ဒုစရိုက်သမားဆိုသည်က ချိုပါ သည်မဟုတ်။ လည်ပင်းမှာ စာဆွဲ ထားသည်မဟုတ်။ အပြည်ပြည် ဆိုင်ရာလေဆိပ်လို စီစီတီဗီ တွေ အပြည့်တပ်ထားသည့် လူမြင် ကွင်းကြီးမှာတောင် အနီးကပ်သေ နတ်နှင့် ပစ်သတ်သွားသေးတာ။ ဒါတောင် ဟိုက တကယ့်နိုင်ငံသိ၊ ကမ္ဘာသိပုဂ္ဂိုလ်ကြီး။ အခုသတင်း ပေးမည့်သူက ဘယ်သူမှမသိ သည့်သူ။ လုံခြုံရေးအရ ဘယ် လောက်ပဲ သတင်းထိမ်ချန်ထား၊ ထိမ်ချန်ထား ဒုစရိုက်သမားတွေ က ဘယ်ကနေ ဘယ်လိုသိသွား သည်မသိ။ ဖမ်းမိသမျှပိုင်ရှင်မဲ့ တွေချည်း ဖြစ်နေတတ်သည်။ 

လွန်ခဲ့သည့် တစ်နှစ်ကျော်က တောထဲမှာ ရှစ်ရက်လောက် ကိုယ့်ထမင်းထုပ် ကိုယ်ယူသွားပြီး မူးယစ်ဂိုဏ်းတစ်ခု၏ လှုပ်ရှားမှု တွေကို အိပ်ပျက်ခံပြီး စောင့်ကြည့်။ ပိုင်ပြီသေချာပြီဆိုတော့မှ ရဲကို သတင်းပေးပြီး မူးယစ်တရားခံ တွေကို ကိုယ်တိုင်ဖော်ထုတ်ဖမ်း ဆီးပေးခဲ့သည့် ပြည်သူ၊ ပြည်သား ကောင်းတစ်ယောက်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂုဏ်ပြုခံခဲ့ရ သူ။ 

ဖမ်းဆီးပေးပြီးခါစ လပိုင်း လောက်ကတော့ ဟီးရိုးပေါ့၊ သူရဲ ကောင်းပေါ့။ နောက်ပိုင်းသူ့ကို လူ တွေမေ့လောက်သည့်အချိန်ကျမှ အသက်အန္တရာယ် ခြိမ်းခြောက် သည့် ဖုန်းမက်ဆေ့ခ်ျတွေ အပို့ခံ ရ၊ စားဝတ်နေရေးအတွက် လုပ် ကိုင်နေသည့် လုပ်ငန်းတွေ အ နှောင့်အယှက်ခံရနှင့် ခမျာများမှာ တော်တော် ဒုက္ခရောက်ကြရ သည်။ 

 သည်တော့ ပြည်သူတွေမှာ အတိအကျ သိလို့သတင်းပေးဖို့ကိုပင် အတော်သတ္တိမွေးရမည့် သဘော ဖြစ်နေသည်။

တကယ်တော့ မူးယစ်ဆေး ၀ါး ပြဿနာသည် နိုင်ငံ၏အနာ ဂတ်အတွက် စိုးရိမ်စရာကောင်း လှသည်။ အထူးသဖြင့် လူငယ် လူရွယ်တွေအကြား မူးယစ်ဆေး ၀ါးသုံးစွဲမှုက တစ်နေ့တခြားများ ပြားလာသည်။ မြို့ကြီး၊ ပြကြီးများ မဆိုထားနှင့်၊ ကျွန်တော်တို့ မြို့လို မြို့ငယ်ကလေးများ၌ပင် မူးယစ်ဆေးဝါး ဖမ်းမိသည့် သတင်းများကြားလာရသည်။ ဒါတောင် သိပ် နာမည်ထွက်လာလို့၊ ဗဟိုအဆင့် ကဆင်းပြီး သတင်းအရ ရှာဖွေဖမ်းဆီးလို့ ဖမ်းမိကြခြင်း ဖြစ်သည်။ အချင်းချင်း တိုးတိုးတိတ်တိတ် လက်သိပ်ထိုးပြီး ရောင်းဝယ် သုံးစွဲနေကြတာတော့ သတင်းတွေ  သိုးသိုးသံ့သံ့ ကြားနေရသည်။ ပတ်ဝန်းကျင်ကလည်း ကိုယ်နှင့် မဆိုင်သလိုပဲ နေကြသည်။ တာဝန်ရှိသည်ဆိုသော အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကလည်း ဘာသိဘာသာပဲ နေကြသည်။ သတင်း ပေးတိုင်ကြားသူ မရှိလျှင် ကိုယ့်ရှေ့ပက်ပင်းကြီး တွေ့နေတာတောင် မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်သွားကြမည့် သဘောဖြစ်သည်။

ယခု အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက်ပိုင်း မူးယစ် ဆေးဝါး ဖမ်းမိမှုသတင်းတွေကို ခပ်စိပ်စိပ်တွေ့လာရသည်။ ဖမ်းမိ သမျှလည်း တန်ဖိုးနည်းနည်း မဟုတ်။ 

  ကျပ်သိန်းပေါင်း သောင်း ချီ၊ သိန်းချီပြီး တန်ဖိုးရှိသည့် မူး ယစ်ဆေးဝါးတွေ ဖြစ်သည်။ သို့ သော် ဖမ်းမိသမျှက ပိုင်ရှင်မဲ့တွေ များနေသည်။ ပိုင်ရှင်မဲ့မဟုတ်ပြန် တော့လည်း တရားခံက တကယ့် လက်ရင်းမဟုတ်။ ကိုင်းဖျား ကိုင်း နားတွေ ဖြစ်နေပြန်သည်။

ဇွန်လ ၂၆ ရက်နေ့က ကျ ရောက်သော အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့တွင် ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်သော ကြေ ညာချက်၌ ‘မူးယစ်ဆေးဝါးအမှန် တကယ် ပပျောက်အောင် တိုက် ဖျက်လိုပါက မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ဓာတုပစ္စည်းများ ကို တားမြစ်ပိတ်ပင်ခြင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကား သည့် မူးယစ်ဂိုဏ်းကြီး၊ ဂိုဏ်းငယ် များကို ဖော်ထုတ်အရေးယူခြင်း၊ ပြည်သူလူထုအား မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ အသိ ပညာပေးခြင်း၊ မှန်ကန်သည့် အ သက်မွေးဝမ်းကျောင်းရှိစေရန် လမ်းကြောင်း တည့်မတ်ပေးခြင်း တို့ ဆောင်ရွက်ရမည်’ဟု ဖော်ပြ ထားကြောင်း ဇွန်လ ၂၇ ရက်နေ့ ထုတ် 7Day အချပ်ပိုသတင်းစာ တွင် ဖတ်လိုက်ရသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြီးခဲ့သည့် မတ်လ ၃၀ ရက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုအပြီး ပထမဆုံးပြောသော မိန့်ခွန်းတွင် ‘‘အဂတိလိုက်စားမှု ကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း များကို မြှင့်တင်ကာကွယ်ရပါ လိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်’’ဟု ပြောကြား ခဲ့သည်။ အဂတိလိုက်စားမှုနှင့် မူးယစ်ဆေးဝါး ပြဿနာသည် ပတ်သက်ဆက်နွှယ်နေသည်။ 

ယခုရက်ပိုင်းအတွင်း၌ပင် မန္တလေးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာတွင် ကြို တင်သတင်းပေါက်ကြားသဖြင့် အဓိကတရားခံများ လွတ်မြောက် နေဆဲဖြစ်ပြီး မူးယစ်မှုဖြင့်ကျော် စော သတင်းရှိသူ ၂၄ ဦးအနက် ရှစ်ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်ကပြောကြောင်း  ဇွန်လ ၃၀ ရက်ထုတ် အလဲဗင်းနေ့ စဉ် သတင်းစာတွင်ဖတ်ရသည်။ ထိုသတင်း၌ပင် မန္တလေးတိုင်းဝန် ကြီးချုပ်က ‘‘ကျွန်တော်တို့ အစိုးရ လက်ထက်မှာပဲ မူးယစ်နဲ့ပတ် သက်တဲ့ ကျော်ကြားတဲ့နေရာတွေ ကို ၀င်စီးတယ်။ ဆေးထိုးအပ်လေး ဆယ်ချောင်းလားပဲ ရလိုက်တယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ သတင်းက ကြိုပေါက်တယ်။ ရွှေ သမင်ဘယ်က ထွက်သလဲဆိုတဲ့ ဒီမေးခွန်းမေးရမှာ ဖြစ်တယ်။ မအောင်မြင်ဘူးဖြစ်နေတယ်’’ဟု ပြောကြောင်းသတင်းက ဖော်ပြ ထားသည်။ ဤသည်ကိုကြည့်လျှင် မူးယစ်ဆေးဝါးပြဿနာသည် အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူကိစ္စများနှင့် ဆက်နွှယ် နေနိုင်သည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ က မလေးရှားနိုင်ငံ  စီမရံမြို့ကုန် လှောင်ရုံ၌ မြန်မာနိုင်ငံမှ ရေ ကြောင်းဖြင့် မြန်မာ့ရိုးရာအစားအ သောက်များနှင့် ရောနှောတင်ပို့ လိုက်သော ကန်ဒေါ်လာ ၁၈ သန်း ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေး ၀ါးများ ဖမ်းဆီးရမိသော ကိစ္စ သည် နိုင်ငံအတွက် အရှက်ရစရာ ကောင်းလှသည်။ ထိုမူးယစ်ဆေး ၀ါးများသည် ရန်ကုန်မြို့ဆိပ်ကမ်း အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ သင်္ဘောပေါ်ရောက်ရခြင်း ဖြစ် သည်။ ယင်းဖြစ်ရပ်များ၏ နောက် ကွယ်တွင် မန္တလေးတိုင်းဝန်ကြီး ချုပ်မေးသလို ‘ရွှေသမင်ဘယ်က ထွက်သလဲ’ဟူသော မေးခွန်းကို သာ မေးရတော့မည် ဖြစ်သည်။

ပြောချင်သည်မှာ မူးယစ် ဆေးဝါးနှိမ်နင်းရေးအတွက် အထူး သတင်းပေးတိုင်ကြားရေး ဌာနဖွင့်လှစ်ပြီး သတင်းပေးတိုင် ကြားသူကို ဆုကြေးငွေထိုက်တန် စွာ ပေးအပ်ပြီး လုံခြုံရေးအတွက် အာမခံချက်ပေးရမှာ ဖြစ်သလို သက်ဆိုင်ရာ တာဝန်ရှိသူများက လည်း အောက်ခြေမှစ၍ အထက်အဖွဲ့အစည်း အဆင့်ဆင့်ထိ အဂတိကင်းကင်း၊ လာဘ်ပေး လာဘ်ယူကင်းကင်းနှင့် ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့လိုပါသည်။  မြို့တစ်မြို့ရှိ ရပ် ကွက်တစ်ခုအတွင်း ဘယ်အိမ်က ဘာစီးပွားရေးလုပ်သည်ဆိုသည် ကို သက်ဆိုင်ရာ ဆယ်အိမ်မှူးများ၊ နယ်မြေခံရဲများ အသိဆုံးဖြစ်သည်။ အိမ်တစ်အိမ်က ဘာစီးပွားရေး လုပ်ငန်းမှ မည်မည်ရရ ပြစရာ မရှိ ဘဲ လေး၊ ငါး၊ ဆယ်နှစ်အတွင်း သိန်းထောင်ချီကုန်မည့် အိမ်ကြီး တွေ နှစ်လုံး၊ သုံးလုံးဆောက်နေ ပြီဆိုလျှင် သေချာသည်၊ ဥပဒေ နှင့်မလွတ်ကင်းသော (မူးယစ် ဆေးဝါး၊ လောင်းကစား) လုပ်ငန်း တစ်ခုခု လုပ်နေပြီဆိုတာ သိနိုင် သည်။ အဂတိကင်းကင်း၊ လာဘ် ပေးလာဘ်ယူ ရှင်းရှင်းဖြင့် နိုင်ငံ ၏ အနာဂတ်အတွက် ကိုယ့်တာ ၀န်ကိုယ်ကျေပွန်စွာထမ်းကြမည် ဆိုလျှင် မူးယစ်ဆေးအတွက် ဆု ကြေးငွေတောင်ပေးစရာ မလိုဘဲ ကိုင်းဖျား ကိုင်းနားမဟုတ်သည့် တကယ့်လက်ရင်းကြီးတွေကို ဖမ်း ဆီးနိုင်ကြပါလိမ့်မည်။ ဖမ်းမိသမျှ လည်း ပိုင်ရှင်အစစ်ကို ဖော်ထုတ် နိုင်ကြပါလိမ့်မည်။

မူးယစ်ကင်းသော နိုင်ငံတော် ကြီး ဖြစ်ပါစေကြောင်း ဆန္ဒပြု လိုက်ရပါသည် ။   ။

(ဆောင်းပါးရှင် မင်းသန်းထိုက်(ဒေးဒရဲ)သည် ပညာရေးဆိုင်ရာဆောင်းပါးများနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)