ဂူထဲပိတ်မိနေသော သန်း ၅၀ ကျော် ပြည်သူများ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့အနီးရှိ သမ်လောင်ဂူထဲ၌ အလည်အပတ်သွားရင်း ဇွန်လ ၂၃ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့တဲ့ လူငယ် ၁၂ ဦးနှင့် အသက်(၂၅)နှစ်အရွယ် ဘောလုံး နည်းပြတစ်ဦးတို့အတွက် ထိုင်းအ စိုးရရဲ့ကယ်ဆယ်ရေးလုပ်ဆောင် ချက်သတင်းတွေကို နေ့စဉ် ဖတ် ရတဲ့အခါ ထိုင်းစစ်အစိုးရကို မချီး ကျူးဘဲမနေနိုင်အောင်ကို ဖြစ်ရပါ တယ်။ 

လူငယ် ၁၂ ဦးနဲ့ နည်းပြတစ် ဦးကို ကယ်ဆယ်ဖို့အတွက် နိုင်ငံခြားသားရေငုပ်ပညာရှင်တွေ၊ ရေတပ်သားရေငုပ်သမားတွေ၊ ရဟတ်ယာဉ်တွေနဲ့ မနားမနေလုပ်ဆောင် တဲ့အတွက်လည်း စတင်ပျောက်ဆုံးချိန်မှ ၁၀ ရက်အကြာမှာ လိုဏ်ဂူထဲမှ ကလေးငယ်များကို အသက်ရှင်လျက် ပြန်တွေ့ရပြီး ဇူလိုင်လ၈ ရက်နေ့မှာ ပထမဆုံးကလေး ငယ်လေးဦးကို လိုဏ်ဂူအပြင် ဘက်အထိ အောင်မြင်စွာ ကယ် ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 ဂူထဲမှာ ပိတ်မိနေတဲ့ကလေး ငယ်တွေရဲ့ မိသားစုဝင်တွေကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်တွေ့ဆုံအားပေးခဲ့ပြီး ကလေးငယ်တွေ ကယ်ဆယ်ရေး အတွက် လိုအပ်တဲ့ နည်းလမ်း ပေါင်းစုံအသုံးပြုဖို့ တိုက်တွန်းခဲ့တဲ့ အတွက်လည်း ယခုကယ်ဆယ် ရေးလုပ်ငန်းအောင်မြင်မှုရလာခဲ့ တာဖြစ်ပါတယ်။ 

လိုဏ်ဂူထဲက ပိတ်မိနေတဲ့ ကလေးငယ်တွေရဲ့ သတင်းကို နေ့စဉ် ဖတ်ရှုရင်း စာရေးသူပြန် လည်သတိရမိတာက လွန်ခဲ့သော ၁၀ နှစ်အကြာ ၂၀၀၈ က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခိုက် ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည် သူတစ်သိန်းကျော် သေကျေပျက် စီးခဲ့ရတဲ့အဖြစ်အပျက်ပါ။ ဆိုင်က လုန်းမုန်တိုင်းအရှိန်ကြောင့် ပင် လယ်ဒီရေလှိုင်းတွေ မြင့်တက်လာ ပြီး မြို့တွေ၊ ရွာတွေကို ဖုံးလွှမ်းခဲ့ရ ပါတယ်။ 

မိုးလေဝသပညာရှင်တွေက မုန်တိုင်းအခြေအနေကို ကြိုတင် တွက်ချက်ခန့်မှန်းခဲ့သော်လည်း အာဏာပိုင်တွေရဲ့ကြိုတင်ကယ် ဆယ်ရေးလုပ်ငန်းအားနည်းမှု၊ ဒေသခံပြည်သူတွေရဲ့မုန်တိုင်းအ တွေ့အကြုံ နည်းမှုတွေကြောင့် မသေသင့်ဘဲ ပြည်သူအများအ ပြားသေဆုံးခဲ့ရတာဖြစ်ပါတယ်။ မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်းမှာ လည်း ကယ်ဆယ်ရေးလုပ်ငန်း တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ အားနည်းခဲ့ပါတယ်။ ဒါ့အပြင် နိုင် ငံတွင်းမှ ပရဟိတအသင်းအဖွဲ့ များရဲ့ကူညီမှုတွေကို အတားအ ဆီးပြုလုပ်ခဲ့သလို နိုင်ငံတကာက ကူညီမှုတွေကိုပါ အကန့်အသတ် တွေ ပြုလုပ်ခဲ့တာကြောင့် ကယ် ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေး ကာ မုန်တိုင်းဒဏ်သင့်ပြည်သူတွေ အတွက် အခက်အခဲများစွာ ရင် ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ 

 အဲဒီနာဂစ်မုန်တိုင်း တိုက် ခတ်ခဲ့ချိန်ဟာ စာရေးသူတို့နိုင်ငံကို စစ်အစိုးရအုပ်ချုပ်နေတဲ့ အချိန် ဖြစ်ပါတယ်။ ယခုထိုင်းနိုင်ငံကို အုပ်ချုပ်နေတာလည်း စစ်အစိုးရပဲ ဖြစ်ပါတယ်။ စစ်အစိုးရချင်းတူပေ မယ့် အုပ်ချုပ်ပုံမတူတဲ့အခါ ထိုင်း ပြည်သူ ၁၃ ဦးအတွက် ကယ်ဆယ် ရေးလုပ်ငန်းတွေကို ကမ္ဘာကပါရင်သပ်ရှုမောစောင့်ကြည့်ရတဲ့အ ခြေအနေအထိ ဖြစ်ခဲ့ရတာဖြစ်ပါ တယ်။ 

ထိုင်းနိုင်ငံက ဂူထဲပိတ်မိနေ တဲ့ ကလေးငယ်များ၊ ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ဆက်စပ်ပြီး တွေးမိတာ က တော့ စာရေးသူတို့ မြန်မာပြည် သူသန်း ၅၀ ကျော်ရဲ့ရှေ့ရေးပဲ  ဖြစ်ပါတယ်။ လာမယ့် ဇူလိုင် ၁၁ ရက် နေ့မှ ၁၆ ရက်နေ့အထိ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတတိယအစည်းအဝေး ကို နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အစည်းအဝေးသို့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၊ NCA လက် မှတ်မထိုးရသေးသည့် အရပ်သားအဖွဲ့ရှစ်ဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့ တက် ရောက်မှာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အ စိုးရလက်ထက်ကစပြီး နိုင်ငံတော် အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု မှာ တိုင်းရင်းသားလက်နက်ကိုင် များအနေနှင့် ကနဦးကာလ၌ လက် နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း နှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၏ရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန် လည်ပေါင်းစည်းခြင်းကိစ္စရပ်များ အဆင့်ဆင့် ပြုလုပ်ခြင်းဖြင့် လက် နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွား စေရန် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံရေးနည်းလမ်းဖြင့် အ ဖြေရှာမှသာလျှင် ရေရှည်တည်တံ့ သည့်ငြိမ်းချမ်းရေးတည်ဆောက် နိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားများ အစဉ်တစိုက်တောင်း ဆိုခဲ့သည့်အတိုင်း နိုင်ငံရေးနည်း လမ်းများဖြင့် အဖြေရှာရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ကာ လက်နက်ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းစေရန် ရည်ရွယ်တာ ဖြစ်ပါတယ်။ 

ဒီနောက်မှာတော့ နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသော ဆုံး  ဖြတ်ချက်များနှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ ကို အားဖြည့်ပေးနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတည်ဆောက်ရေး လုပ်ငန်းစဉ်ပေါ်ပေါက်ရန် ရည် ရွယ်ထားတာလည်း ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ ဆင့်ဆင့်ကို ကြည့်တဲ့အခါ နိုင်ငံ တော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ သွားတဲ့လမ်း ရဲ့ နောက်ဆုံးပန်းတိုင်ဟာ ဖွဲ့စည်း ပုံ အခြေခံဥပဒေပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းပြုလုပ်ရမယ့် လုပ်ငန်းစဉ်အဖြစ် တွေ့ရပါတယ်။ 

ဒါကြောင့်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ ဖော်ဆောင်ရာမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို မျက်ခြည်မပြတ်ဖို့ လိုကြောင်း ညွှန်ကြားထားပါတယ်။ ထို့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးကလည်း ၂၁ ရာစုပင်လုံ အစည်းအဝေးမှတစ်ဆင့် ငြိမ်းချမ်း သည့် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံကို ထူထောင်မည် ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏အားနည်းချက်များကို ပြင်ဆင်နိုင်သည့် နိုင်ငံရေးအရ လွှမ်းခြုံသော အခြေခံမူများရရှိရေး ဦးတည်စဉ်းစားအဖြေထုတ်လို သည့် ဆန္ဒရှိရန် အရေးကြီးကြောင်း ကိုလည်း မကြာမီက ပြောကြားခဲ့ ပါတယ်။ 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ကျင်းပ ခဲ့တာ နှစ်ကြိမ်ရှိခဲ့ပြီး ယခုတတိယ အကြိမ်အထိ ရောက်ရှိလာပြီဖြစ် ပါတယ်။ ငြိမ်းချမ်းရေးခရီးစဉ်မှာ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှုဟာ အရေးပါသော်လည်း အစည်းအ ဝေးအကြိမ်များစွာ၊ ညီလာခံအ ကြိမ်များစွာတို့ရဲ့ရလဒ်ဟာ ဘယ် လောက်အထိ တိုးတက်လာသလဲ ဆိုတာလည်း မေးခွန်းထုတ်ရမယ့် အချိန်ရောက်နေပြီဖြစ်ပါတယ်။ အစည်းအဝေးတွေ များပြီး အကျိုး သက်ရောက်မှုနည်းနေမယ်ဆိုရင် တစ်ခုခုအဖြေရှာရမှာဖြစ်ပါတယ်။ 

စာရေးသူတို့နိုင်ငံသား သန်း ၅၀ ကျော်ဟာ မငြိမ်းချမ်းမှုဆိုတဲ့ ဂူထဲမှာ ပိတ်မိနေတာ နှစ်ပေါင်း ၇၀ နီးပါးရှိပြီဖြစ်ပါတယ်။ ပါလီမန် အစိုးရလည်း မကယ်နိုင်ခဲ့ပါဘူး။ တော်လှန်ရေးကောင်စီအစိုးရ၊ စစ်အစိုးရတွေလည်း မကယ်နိုင်ခဲ့ ပါဘူး။ ပြည်သူတွေ ဘယ်ဂူထဲမှာ ပိတ်နေလဲဆိုတာကို အားလုံးသိ ပါတယ်။ ကယ်ဆယ်ရမယ့်နည်း လမ်းကိုလည်း အားလုံးသိပါတယ်။ ဒါဆိုရင် ဘာလို့မကယ်နိုင် သေးတာလဲ၊ ကယ်ဆယ်ချင်စိတ် မရှိတာလား၊ ဂူကို ပိတ်နေတဲ့ အ ဟန့်အတားကို ဖျက်ဖို့၊ ပြင်ဖို့ ခက် ခဲနေတာလား။ တစ်ခုခုဆုံးဖြတ်ရ မယ့် အချိန်ရောက်ပြီဖြစ်ပါတယ်။ 

ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်တင်နိုင်တဲ့အချိန်ရောက်ရင် တော့ ဘယ်အစိုးရကိုမဆို အသိအ မှတ်ပြုချီးကျူးကြမှာဖြစ်ကြောင်း နဲ့ ၂၁ ရာစုပင်လုံတတိယအစည်း အဝေးမှာ တိုင်းပြည်ကို ကယ်တင် နိုင်ရေး လက်တွေ့ကျသော အဖြေများ ရှာဖွေနိုင်ပါစေကြောင်း တိုက် တွန်းလိုက်ပါတယ်။ ။

(ဆောင်းပါးရှင် ဗညားလှိုင်ဦး သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားနေသူဖြစ်သည်)