Oppo A5 စမတ်ဖုန်း အသစ်များကို ဇူလိုင် ၁၃ ရက်ကစ၍ ၂၂၅ ဒေါ်လာဖြင့် ရောင်းမည်

အသစ်မိတ်ဆက်ထားသော Oppo A5 စမတ်ဖုန်းများကို ကြို တင်မှာယူမှု စနစ်ဖြင့် ဇူလိုင် ၁၃ ရက်ကစတင်၍ ကန်ဒေါ်လာ ၂၂၅ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိ ရသည်။

Oppa A5 စမတ်ဖုန်းသည် မျက်နှာပြင် LCD အမျိုးအစားဖြစ် ပြီး ၆ ဒသမ ၂ လက်မ ကျယ်ကာ ရုပ်ထွက်အထူးကောင်းမွန်အောင် ဖန်တီးထားသည်။

ပရိုဆက်ဆာမှာ Snapdragon 450 octa-core ဖြစ် သည့် တရားဝင်ဝက်ဘ်ဆိုက်၌ ဖော်ပြချက်အရ RAM မှတ်ဉာဏ် 4 GB ရှိသည်ဟု သိရသော်လည်း 3 GB အနေဖြင့်လည်း ရနိုင် ကြောင်း သတင်းများက ဖော်ပြ သည်။

အတွင်းပိုင်းသိုလှောင်သိမ်း ဆည်းနိုင်မှု ပမာဏသည် 64 GB  ရှိပြီး အသေးစားမှတ်ဉာဏ်ကတ် (SD) ထည့်သွင်းအသုံးပြုနိုင်သ ဖြင့် သိမ်းဆည်းရန် နေရာပိုကျယ် သော ဖုန်းဖြစ်သည်။

ကျောဘက်တွင် ကင်မရာ နှစ်လုံး ပါရှိပြီး ပင်မကင်မရာမှာ 13 MP ရှိကာ အနက်ကိုသိနိုင် သော အရန်ကင်မရာမှာ 2 MP ရှိ သည်။ ရှေ့ဘက်တွင် 8 MP ရှိ သော ဆဲလ်ဖီကင်မရာတစ်လုံး ပါရှိသည်။

၁၆၈ ဂရမ်လေးသော ယင်း စမတ်ဖုန်းတွင် ဖြုတ်၍မရသော 4230 mAh ဘက်ထရီကို သုံး ထားပြီး ဘက်ထရီသက်တမ်း ရှည် သည်။

အရောင်အနေဖြင့် အပြာနှင့် ပန်းရောင်ထုတ်ထားပြီး ဥရောပ တွင် ဝယ်မည်ဆိုပါက ယူရို ၁၉၀ ကျသင့်မည်ဆိုသည်။

OS အနေဖြင့် Andriod 8.1 (Oreo) ကိုသုံးထားပြီး ဆူညံသံ ရှင်းထုတ်နိုင်သော စနစ်၊ မျက်နှာ မှတ်သားနိုင်သော စနစ်တို့ ပါဝင် သည်။

-Ref:GSM Arena