အသစ်ထွက်ရှိမည့် Xiaomi Mi A2 အချက်အလက်များ အွန်လိုင်းတွင်ပေါက်ကြား

မကြာမီထွက်ရှိမည့် Xiaomi Mi A2 စမတ်ဖုန်းအသစ်၏ အ ချက်အလက်များ အွန်လိုင်းတွင် ပေါက်ကြားပြီး Hardware ပိုင်း သည် ယခင်ထွက်ရှိပြီး Mi 6X နှင့် တူမည်ဖြစ်ကြောင်းသိရသည်။

Operating System (OS) အနေဖြင့် Andriod 8.1 (Oreo) ကို သုံးထားပြီး အရောင်နှင့်အတွင်း ပိုင်းသိုလှောင်သိမ်းဆည်းနိုင်မှု ပ မဏ အမျိုးမျိုးဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

ယင်းနောက်ဆုံးထုတ်စမတ် ဖုန်းများကို အနက်၊ အပြာနှင့် ရွှေ ရောင်တို့ဖြင့် ထုတ်ထားပြီး Mi A1 နှင့် နှိုင်းယှဉ်ပါက ရွေးချယ်စရာ ပိုနည်းနေသည်ကို တွေ့ရသည်။

မှတ်ဉာဏ်ပိုင်းအနေဖြင့် Mi A2 တွင် အတွင်းပိုင်း သိုလှောင် သိမ်းဆည်းနိုင်မှု ပမာဏ 4GB နှင့် 32 GB၊ 64 GB၊ 128 GB နှင့် အတွင်းပိုင်းသိမ်းဆည်းနိုင်မှု ပမာဏ 6 GB နှင့် 128 GB ပါရှိ သည်။

Mi A1 နှင့် နှိုင်းယှဉ်ပါက ယင်းဖုန်းမှာ 4 GB/64GB တစ် မျိုးတည်းသာ ရရှိနိုင်သည်။

Xiaomi ကုမ္ပဏီက ယင်းအ ချက်အလက်များကို တရားဝင်အ တည်မပြုသေးသော်လည်း သီ တင်းပတ်အတွင်း ယင်းစမတ်ဖုန်း အသစ်များကို မိတ်ဆက်ဖွယ်ရှိနေ သည်။ Mi A2 စမတ်ဖုန်းများကို လာမည့်လ လဆန်းတွင် စတင် ရောင်းချနိုင်ခြေရှိသည်။

ဖုန်းကင်မရာသည် ၅ ဒသမ ၉၉ လက်မရှိပြီး 12 MP နှင့် 20 MP ရှိသော ကင်မရာနှစ်လုံး ဖြစ် သည်။

ဘက်ထရီသည် ဖြုတ်၍မရ သော Li-lon 3010 mAh အမျိုး အစားဖြစ်ကာ လက်ဗွေရာ လုံခြုံ ရေး စနစ်ပါဝင်၍ မျက်နှာပြင် ၅ ဒသမ ၉၉ လက်မရှိကြောင်း သိရ သည်။

-Ref:GSM Arena