အိန္ဒြာကျော်ဇင်ကြောင့် ထူးခြားတဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ လက်ခံလိုက်တဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

ဓာတ်ပုံ− pyae pyae facebook

ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးမည့် သက်ငယ်မုဒိမ်းပညာပေးဟစ်တိုင် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် တွဲဖက်သရုပ် ဆောင်ရမည်ဖြစ်သောကြောင့် လက်ခံရိုက်ကူးခြင်းဖြစ်ကြောင်း ကလေးသရုပ်ဆောင်
ပြည့်ပြည့် က ပြောသည်။ 


‘‘ဒီကားထဲမှာ သမီးက အန်တီအူဝဲရဲ့သမီးလေး။ လိမ္မာပြီး ချစ်စ ရာကောင်းတဲ့ ကလေးပုံစံလေး သရုပ်ဆောင်ရမှာပါရှင့်။ ဒီထဲမှာ သမီးက ပြင်ဆင်မှုတော့ သိပ်မရှိ ပါဘူး။ ဇာတ်လမ်းလေးဖတ်ရုံပဲ ရှင့်။ အဲဒါလေးပဲ ရှိတာပါ။ သမီး သိပ်မသိနားမလည်တဲ့ အခန်းမျိုး ဆို ကိုယ့်ဟာကိုယ် စမ်းပြီး သရုပ် ဆောင်ကြည့်ပါတယ်ရှင့်။ ဒီဝတ္ထု ကို သမီးကိုယ်တိုင်လည်း ဖတ် တယ်။ မေမေလည်း ဘေးကနေ နည်းနည်းပါးပါး ဖတ်ပြပါတယ်။ သမီးကို မေမေက ဒီကားရိုက်ချင် လားဆိုပြီး ဖုန်းဆက်မေးတယ်။ သမီးကလည်း အန်တီအူဝဲနဲ့ဆိုရင် ရိုက်ချင်တယ်ဆိုပြီး ပြောလိုက် တော့ ရိုက်ဖြစ်သွားတာပါ’’ဟု ၎င်း က ပြောသည်။ 

ဇာတ်ကားရိုက်ကူးမှုအနေ ဖြင့် ရုပ်ရှင်ဇာတ်ကားငါးကားနှင့် ဗီဒီယိုဇာတ်ကား ၂၀ ရိုက်ကူးထား ပြီး အိန္ဒြာကျော်ဇင်နှင့် ဝတ်မှုံရွှေ ရည်ကို အားကျကြောင်း ပြည့်ပြည့် က ဆိုသည်။ 

‘‘သရုပ်ဆောင်ပိုင်းနဲ့ပတ် သက်ပြီး မမကစ်ကစ်ရဲ့ကားတွေ ကြည့်ပြီးလည်း လေ့လာဖြစ်ပါ တယ်။ မမကစ်ကစ်မျက်လုံးအနေ အထားလေးတွေ ဘယ်လိုလုပ်လဲ၊ အန်တီအူဝဲဆိုလည်း မျက်လုံးနဲ့ ဘယ်လိုသရုပ်ဆောင်လဲ အဲဒါ လေးတွေ လေ့လာဖြစ်ပါတယ်’’ ဟု ပြည့်ပြည့်က ပြောသည်။ 

ပြည့်ပြည့်သည် ICEC ကျောင်းတွင် တတိယတန်းတက် ရောက်နေပြီး (၃)နှစ်အရွယ်က တည်းက သရုပ်ဆောင်အလုပ်ကို ဝါသနာကြီးလွန်းသောကြောင့် ၎င်း၏အဒေါ်က ဒါရိုက်တာမောင်မျိုး မင်း (ရင်တွင်းဖြစ်)ထံ ခေါ်ဆောင် သွားရာမှတစ်ဆင့် ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သည်။ 

 ‘‘ငိုတဲ့အခန်းတွေဆို ဘယ်လိုသရုပ်ဆောင်လဲဆိုတော့ သမီးကို မေမေက ပြောဖူးတယ်။ နိုင်ငံခြား မှာ အလုပ်သွားလုပ်တော့မယ်တဲ့။ ပိုက်ဆံသိပ်မရှိဘူးတဲ့။ သမီးရုပ်ရှင် မရိုက်သေးတုန်းကပေါ့နော်။ အဲဒါ နဲ့ မေမေရယ်မသွားပါနဲ့ဆိုပြီး ငို တယ်။ အဲဒါလေးကို တွေးပြီး ပြန် 

ငိုတာပါ’’ဟု မျက်ရည်ကျသည့် အခန်းများတွင် ပိုင်ပိုင်နိုင်နိုင်သရုပ် ဆောင်ပုံကို ပြည့်ပြည့်က ပြောသည်။ 

ဟစ်တိုင်ဇာတ်ကားတွင် အဓမ္မပြုကျင့်ခံရသည့် ကလေး ငယ်အဖြစ် သရုပ်ဆောင်ရမည်ဖြစ် သည်။

‘‘သမီးသရုပ်ဆောင်ဖို့ ခက် မှာက နောက်ဆုံးခန်းဖြစ်မယ်ထင် တယ်။ အဲဒီအခန်းမှာ သမီးက အော်ရမယ်။ သမီးအော်တာကို ကြားပြီး မေမေက လိုက်ရှာမှာပေါ့။ အဲဒီအခန်းလေးကို ကြိုးစားရမယ် ထင်ပါတယ်’’ဟု ပြည့်ပြည့်က
ပြောသည်။