ရုပ်ရှင်စတူဒီယိုရှိလာတဲ့ အားသာချက်ကိုပြောကြားတဲ့ ပိုင်ဖြိုးသု

မြန်မာနိုင်ငံတွင် ရုပ် ရှင်ရိုက်ရန် စတူဒီယိုမရှိမီ အချိန် က ရိုက်ကူးရေးပိုင်း၌ အခက် အခဲများစွာတွေ့ခဲ့ပြီး လက်ရှိ တွင် Story Book ကဲ့သို့ စတူဒီယို မျိုးရှိလာသဖြင့် ဂုဏ်ယူကြောင်း သရုပ်ဆောင်ပိုင်ဖြိုးသု ကပြော သည်။ 


‘‘လူစည်တဲ့နေရာတွေမှာ၊ လူနေထူထပ်တဲ့ရပ်ကွက်တွေမှာ သုတို့သွားရိုက်တဲ့အခါ ဆောက် လုပ်ရေးတွေရှိတယ်။ အသံတွေရှိ တယ်။ ရုပ်ရှင်ကျတော့ အရုပ် တစ်ခုတည်းမဟုတ်ဘဲ အသံပါ ပြည့်စုံရတာဆိုတော့ အစ်ကို (နေ တိုး) နဲ့ပဲရှေ့မှာရိုက်ခဲ့တဲ့ မီဇာတ် ကားတုန်းကဆိုရင် သုတို့နှစ်  ယောက်စလုံးသရုပ်ဆောင်နေရ တဲ့ဆင်းန်က တကယ့်ကိုနက်နက် နဲနဲနဲ့အရမ်းကို ငိုယိုပြီး Mood  အ ပြည့်နဲ့သရုပ်ဆောင်ရတာဆို တော့။ ဒါပေမဲ့ တစ်ဖက်မှာက သီ ချင်းတွေဖွင့်နေတာ။ ကိုယ်က Mood နဲ့အလုပ်လုပ်ရတဲ့သူလေ။  နက်နက်နဲနဲသရုပ်ဆောင်နေရတဲ့ အချိန်မှာ တစ်ဖက်ကပျော်စရာ သီချင်းကို ဖွင့်ထားတာဆိုတော့  Mood ကိုလည်းထိခိုက်သလိုရုပ် ရှင်အနေအထားအရအသံဖမ်း  လို့မရဘဲ ထိုင်စောင့်နေရတာမျိုး ရှိတယ်’’ ဟု Public Area တွင် ရိုက်ကူးရသည့်အခါ ကြုံတွေ့ရ သည့်အခက်အခဲကို ၎င်းကပြော သည်။ စတူဒီယိုရှိလာ၍ သရုပ်ဆောင်များအနေဖြင့် အနှောင့် အယှက်မရှိဘဲ စိတ်ခံစားချက် တည်ငြိမ်အောင်ထား၍အလုပ်ကို ကောင်းစွာအာရုံစိုက်နိုင်ကြောင်း  ၎င်းကဆိုသည်။ 

‘‘လူတိုင်းက သူ့အလုပ်နဲ့သူ တစ်နေ့တာလည်ပတ်နေကြတာ  သုတို့ရုပ်ရှင်သမားတွေက ကိုယ် ရုပ်ရှင်ရိုက်နေလို့လုပ်လက်စအ လုပ်လေးခဏရပ်ထားပေးပါဆို တာက ခဏတစ်ဖြုတ်ဆိုရင် တော့ မြန်မာလူမျိုးအချင်းချင်း ဖြစ်တဲ့အတွက် တောင်းပန်လို့ အဆင်ပြေတယ်။ ကူညီတာမှန် ပေမယ့် တစ်ဖက်လူအတွက်အား နာဖို့ကောင်းတယ်။ အကြာကြီး ရိုက်ရမယ့် ဇာတ်ဝင်ခန်းမျိုးကျ တော့ ကိုယ်ဒီဘက်မှာရိုက်နေတာ မို့လို့ ဟိုဘက်ဆောက်လက်စ တိုက်ကို ခဏရပ်ခိုင်းတာမျိုးကျ တော့အဆင်မပြေဘူး။ ဒီလိုစတူ ဒီယိုကြီးတွေများများပေါ်လေသု တို့အတွက် ပိုအဆင်ပြေလေလေ ပဲ။ အများပြည်သူကိုအားနာစရာ မလိုတော့ဘဲအနုပညာကို လွတ် လွတ်လပ်လပ်ဖန်တီးလို့ရတယ်’’ ဟု ပိုင်ဖြိုးသုကပြောသည်။ 

လက်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ကြော်ငြာများ လက်ခံရိုက်ကူးဖြစ်ပြီး ရုပ်ရှင် ကားလည်း လက်ခံထားကြောင်း ပြောသည်။ 

အိမ်ထောင်ရေးနှင့် ပတ် သက်၍ မင်္ဂလာပွဲအတွက် မစဉ်း စားရသေးသလို ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းမည်ဖြစ်ကြောင်း ပိုင်ဖြိုး သုကပြောသည်။ 

‘‘စေ့စပ်ပြီးသွားတာပျော်နေ တယ်။ ဘာလို့လဲတော့မသိဘူး။  သုရဲ့ရွေးချယ်မှု မှန်တယ်လို့တော့ ထင်ပါတယ်။ သုကိုယ်တိုင်လည်း မှန်မယ်ထင်လို့ ရွေးချယ်ခဲ့တာ၊သု ကိုအမြဲတမ်း စိတ်ချမ်းသာအောင် ထားမယ်လို့ယုံတယ်’’ ဟု ၎င်းက ပြောသည်။