ဆေးမတည့်ပြဿနာ ဘယ်လိုအဖြေရှာ

ဓာတ်ပုံ − နစ်ကီ

ယခုရက်ပိုင်းအတွင်း မြန်မာ နိုင်ငံဆေးကောင်စီသို့ လိပ်မူ၍ လူနာရှင်တစ်ဦး၏တိုင်ကြားစာလူမှုကွန်ရက်တွင်  ပျံ့နှံ့လာခဲ့သည်။ အကြောင်းမှာ မတည့် သည့်ဆေးဝါးရှိကြောင်း လူနာရှင် က အသိပေးထားပါလျက်နှင့် ယင်းဆေးဝါးဓာတ်ပါဝင်သော ဆေးများကို ရက်၂၀ နီးပါးကြာ တိုက်ကျွေးခဲ့မှုကြောင့် လူနာဖြစ် သူသေဆုံးခဲ့သည့်အပေါ် အရေး ယူပေးရန် လူနာ၏ဖခင်က တိုင် ကြားထားသည့် စာဖြစ်သည်။ ဆာလ်ဖာနှင့်မတည့်သောလူနာ ကို ဆာလ်ဖာဓာတ်အပြည့်နီးပါး ပါဝင်သော ဆေးပြားများနေ့စဉ် တိုက်ကျွေးမှုကြောင့် လူနာသေ ဆုံးရသည်ဆိုသည့်အဆိုပါတိုင် စာမထွက်လာမီကပင် ဆာလ်ဖာ ဓာတ်မတည့်မှုကြောင့် ဝေဒနာခံ စားရသည့်လူနာအချို့ဖြစ်ရပ်များ ရှိခဲ့သည်။

ရန်ကင်းမြို့နယ်နေ အသက် (၅၀)ကျော်အရွယ်ဦးမောင်မောင် (အမည်လွှဲ)တစ်ယောက်တစ်လ ခွဲကြာ ဆေးရုံတက်ကုသမှုခံယူခဲ့ရ သော်လည်း ယခုအချိန်ထိ နာလန် မထူနိုင်သေးပေ။

ပြီးခဲ့သည့်နှစ်လခန့်က တိုက် ဖွိုက်(ခေါ်)အူရောင်ငန်းဖျားရော ဂါဖြင့် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ဦးမောင်မောင်ဆေးကုသမှုခံယူခဲ့ သည်။ ရက်ချိန်းပြန်လည်ပြသချိန် ၌ ဆေးရုံစာအုပ်ပျောက်ဆုံးသွား သဖြင့် အခြားဆရာဝန်တစ်ဦးနှင့် ပြသမိရာမှ ၎င်းညွှန်ကြားထား သောဆေးကိုသောက်ပြီးနောက် Sulphur (ဆာလ်ဖာ)ဓာတ်အဆိပ် သင့်ခြင်းကို ခံစားခဲ့ရသည်။ တစ် နည်းအားဖြင့်ဆိုရသော် ဆေး မတည့်ခြင်းဝေဒနာကို ခံစားခဲ့ရ ခြင်းဖြစ်သည်။

 ဆာလ်ဖာပါဝင်သည့်ဆေး ကို သောက်မိပြီး တစ်ပတ်အတွင်း မှာပင် ခန္ဓာကိုယ်အရေပြားတွင် အညိုအမည်းကွက်အနာများပေါ် လာခဲ့သည်။ ထိုအခါ ယင်းပုဂ္ဂလိ ကဆေးရုံ၌ပင် ပြန်လည်စစ်ဆေး ကြည့်ရာ Sulphur နှင့်ဓာတ် မတည့်၍ဖြစ်ပေါ်ရကြောင်း သိရှိခဲ့ ရသည်။

ယင်းအနာများကြောင့် ဦး မောင်မောင်၏ခန္ဓာကိုယ်ပေါ်တွင် အ၀တ်အစားမ၀တ်နိုင်သည်အထိ ဖြစ်ခဲ့ရသည်ဟု ၎င်း၏ဇနီးဒေါ် အေးအေးက ရှင်းပြသည်။

 ‘‘အရေခွံကွာသွားပြီးတဲ့အ ထိ ဆေးရုံမှာတစ်လခွဲလောက်နေ လိုက်ရတယ်။ အခုထိထမင်း လည်းကောင်းကောင်းမစားနိုင် သေးဘူး။ လမ်းလည်းကောင်း ကောင်းမလျှောက်နိုင်သေးဘူး။ အခုလည်း ဆေးရဲ့ဘေးထွက်ဆိုး ကျိုးကြောင့်လားမသိဘူး။ ခြေ ထောက်တွေရောင်နေတယ်’’ ဟု ဒေါ်အေးအေးက ဆိုသည်။

သန်လျင်မြို့နယ်တွင် နေ ထိုင်သောအသက်(၄၀)ကျော်အ ရွယ်ဒေါ်မိမိသည်လည်း ဦးမောင် မောင်ကဲ့သို့ပင် Sulphur အဆိပ် သင့်ခြင်းကို ခံစားခဲ့ရသူဖြစ်သည်။ ၎င်းသည် ပင်နီဆီလင်(Penicillin) နှင့်မတည့်သည်ကို သိရှိထားသော် လည်း Sulphur နှင့်ပါဓာတ်မတည့် ခြင်းကိုမူ မသိရှိခဲ့ပေ။

 ဒေါ်မိမိအပြင်းအထန်နေ မကောင်းသဖြင့် ဆေးရုံတက်စဉ် က ဆာလ်ဖာပါဝင်သောသောက် ဆေးတစ်မျိုးပေးရာမှ သုံး၊ လေး ရက်အတွင်းမှာပင် ဆံပင်များ အကွက်လိုက်ကျွတ်ခြင်း၊ အရေ ပြားပေါ်တွင် အမည်းကွက်ထွက် ခြင်းများဖြစ်ပေါ်လာသည်။

‘‘ဖြစ်ဖြစ်ချင်း ဆေးရုံက ဖြေ ဆေးပေးတယ်။ အဲဒါတောင် တစ် လလောက်ကြာတယ်။ ဆေးကု လိုက်ရတာ’’ ဟု ဒေါ်မိမိ၏သမီး မသဲသဲက ဆိုသည်။

ထိုကဲ့သို့ ဆေးမတည့်မှု ပြဿနာများသည် နေရာအနှံ့အ ပြားတွင် ရှိနေနိုင်ပြီး ဦးမောင် မောင်၊ ဒေါ်မိမိတို့ကဲ့သို့အသက် ဆုံးသည်အထိ အန္တရာယ်ကြီးတတ် သည့် ယင်းပြဿနာများကို မကြုံ စေရေးဆရာဝန်များ၊ လူနာများအ နေဖြင့်မလိုအပ်ဘဲ ဆေးပေးခြင်း၊ ဆေးဝါးသုံးစွဲခြင်းများမပြုလုပ်ကြရန်နှင့်ဆရာဝန်များ၏ ညွှန်ကြား ချက်ကို အတိအကျလိုက်နာကြ ရန် ဆေးပညာရှင်များက အကြံပြု သည်။ ဝေဒနာခံစားရသည်မှစ၍ အသက်သေဆုံးသည်အထိ အန္တ ရာယ်ကြီးတတ်သည်။

အချို့လူများတွင် ဆေးဓာတ် တည့်၊ မတည့်စမ်းထားပြီး ပထမ အကြိမ်တွင် ဆေးမတည့်သည့် လက္ခဏာများမပေါ်သဖြင့် ဆေး နှင့်တည့်သည်ဟု သတ်မှတ်ထား ကာ နောက်တစ်ကြိမ်ထိုးရာတွင်မှ ဆေးမတည့်သည့်ဖြစ်စဉ်မျိုး လည်း ကြုံရတတ်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၅ခန့်က ပခုက္ကူမြို့နယ်တစ်ခု တည်း၌ပင် Cefotaxime ဓာတ် မတည့်၍ သေဆုံးမှုနှစ်ခု လေးရက် သာခြားပြီးဖြစ်ပွားခဲ့သည့်သာဓက များလည်းရှိပါသည်။

ဖြစ်စဉ်မှာ ပခုက္ကူပြည်သူ့ ဆေးရုံကြီးတွင် အပူလောင်ဒဏ် ရာနှင့် ဆေးကုသမှုခံယူခဲ့သော ကလေးငယ်တစ်ဦးနှင့် မြစ်ခြေ တိုက်နယ်ဆေးရုံတွင် ၀မ်းပျက် ရောဂါဖြင့် ဆေးကုသမှုခံယူနေ သည့် ကလေးငယ်တစ်ဦးတို့သည် ပဋိဇီဝဆေးဝါးတစ်မျိုးဖြစ်သည့် Cefotaxime ထိုးရာတွင် ဓာတ် မတည့်မှုဖြစ်ပေါ်ခဲ့ပြီး ခြေလက် များပြာနှမ်းကာ ပါးစပ်မှအမြှုပ် ထွက်၍ သေဆုံးခဲ့သည်။ ယင်း ဆေးကို မသေဆုံးမီပထမရက်တွင် ဆေးစမ်းသည့်အနေဖြင့် ထိုးပေး ခဲ့ရာ မည်သည့်ပြဿနာမျှမပေါ်ခဲ့ သဖြင့် ဒုတိယရက်ထိုးပေးခဲ့ရာ ဓာတ်မတည့်မှုဖြစ်ပေါ်၍ သေဆုံး ခဲ့သည်။

‘‘ဆေးမတည့်တာရဲ့ ဆိုးကျိုး က သေတတ်တယ်။ အသက်အန္တရာယ်ရှိတာပေါ့။ တစ်ခါတလေ ကျ ဖြေဆေးတွေထိုးလိုက်ရင် ရှင် တယ်လို့ပြောကြတာပေါ့။ ဒါပေမဲ့ ဖြေဆေးတွေထိုးလိုက်လည်းရှင်ချင်မှရှင်တယ်’’ ဟုမန္တလေးဆေးရုံကြီး အထွေထွေရောဂါကုသမားတော်ကြီး၊ မန္တလေးဆေးတက္ကသိုလ်တွဲဖက်ပါမောက္ခဒေါက်တာ မောင်မောင်ဦးက ဆိုသည်။

ပင်နီဆီလင်၊ ဆာလ်ဖာဆေး များသည် ရောဂါပိုးများကိုသေစေ နိုင်သော ပဋိဇီဝပိုးသတ်ဆေးအုပ် စုဝင်များဖြစ်ပြီး ပင်နီဆီလင်သည် လေးဖက်နာရောဂါအတွက် အ သုံးပြုပြီး ဆာလ်ဖာကိုမူကူးစက် ရောဂါများနှင့် ဗက်တီးရီးယားပိုး များသေစေရန် အသုံးပြုခြင်းဖြစ် သည်။

ဆေးမတည့်မှုကိုဖြစ်ပေါ်စေ သော ထိုးဆေး၊ စားဆေးဟူ၍ အ မျိုးမျိုးရှိပြီး များသောအားဖြင့် ပင် နီဆီလင်၊ ဆာလ်ဖာကဲ့သို့ ပဋိဇီဝ ပိုးသတ်ဆေးများသည် ဆေး မတည့်မှုဖြစ်ပေါ်နိုင်ပြီး လူအများ စုအလွယ်တကူ သုံးလေ့ရှိသော ပါရာစီတမောဗီတာမင်အားဆေး စသည်တို့နှင့်ပင် ဆေးမတည့် သူများလည်းရှိသည်။ လူတိုင်း သည် ဆေးမတည့်မှုဖြစ်ပေါ်နိုင်ပြီး ပန်းနာရင်ကျပ်နှင့် နှင်းခူရောဂါအ ခံရှိသူများတွင် ပိုမိုဖြစ်ပွားလွယ် သည်။ ထို့အပြင် ရောဂါရုပ်ပုံဖော် သော ဓာတ်မှန်ဆေးများတွင်လည်း ဆေးမတည့်မှုဖြစ်ပေါ်တတ်သည်။

‘‘ဆေးစမ်းပြီးတည့်တာဖြစ် ပြီးမှ မတည့်တာလည်းဖြစ်တတ် တယ်။ ကြိုပြီးဘယ်လိုမှမသိနိုင် ဘူး။ ဖြစ်နိုင်တာက မလိုအပ်ဘဲ ဆေးတွေမပေးတာ၊ မသုံးစွဲတာ အကောင်းဆုံးပဲ။ ဘယ်လိုပဲဖြစ် ဖြစ် မတည့်တာရှိနေနိုင်တယ်။

အရင်တည့်ပြီး အခုမတည့် တာရှိနေနိုင်တယ်။ တစ်ခါတလေကျရင် တံဆိပ်ပြောင်းသွားတာ။ ဆေးတူတယ်။ ကုမ္ပဏီကွဲသွားရင်လည်း ဖြစ်တတ်တယ်’’ ဟု အထက်ပါဆရာဝန်ကြီးက ရှင်းပြသည်။

ဆေးမတည့်မှုများတွင် အ ချို့မှာ သောက်ဆေးသောက်ရုံဖြင့် အင်ပျဉ်ထခြင်း၊ မူးမော်ခြင်း၊ ဗိုက် အောင့်ခြင်းစသည့်အပရိကဝေဒ နာအချို့သာခံစားရပြီး ရေရှည်ဆိုး ရွားမှုကြုံရခြင်းမရှိသော်လည်း အ ချို့မှာမူ ဆေးရုံတက်ကုသရသည် အထိ ဖြစ်ပေါ်တတ်သည်။

ထိုးဆေးသည် သောက်ဆေး ထက်အာနိသင်ပိုမြန်သဖြင့် ထိုးပြီးမိနစ်ပိုင်းအတွင်းပင် ဆေးမတည့်မှုလက္ခဏာပြတတ်ကာ အသက်သေဆုံးသည်အထိ ဖြစ်ပေါ်တတ်သဖြင့် အထူးသတိပြုရန်လိုသည်။

 ဥပမာ-ပင်နီဆီလင်ကဲ့သို့ သောဆေးများသည် ထိုးလိုက်ပြီး နောက် ဆေးမတည့်မှုကို မိနစ် ၂၀ မှ ၃၀ ကြား သိရှိနိုင်သည်။

‘‘ဒါပေမဲ့ သေတဲ့ Case က ငါးမိနစ်လောက်အတွင်းမှာ သေ သွားတတ်တယ်။ ဘယ်လိုမှကယ် လို့မရတဲ့ Case တွေရှိတယ်။ ဘာ လို့ဆို တစ်ကိုယ်လုံးမှာရှိတဲ့အရေ ပြားတွေရောင်တတ်လာတယ်။ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အသားနုလေးတွေက ချက်ချင်း ရောင်လာပြီး ချက်ချင်းသေသွား တာ။ အဲဒါမျိုးတွေရှိတယ်။သေတဲ့ Case ကျတော့ မြန်မြန်သေတယ်။ ဘယ်လိုမှကယ်လို့မရဘူး။ မသေ တဲ့ Case ကကယ်လို့ရတယ်’’ ဟု ဒေါက်တာမောင်မောင်ဦးက ပင် နီဆီလင်ဆေး ဓာတ်မတည့်မှု ကြောင့် သေဆုံးနိုင်ခြေကို ရှင်းပြ သည်။

ဆာလ်ဖာနှင့်ဆေးမတည့်မှု သည် ကနဦးအနေဖြင့် အရေပြား ပေါ်တွင် အနီကွက်များထွက်ရှိလာ ပြီး ယင်းဆေးဆက်သောက်ပါက ပါးစပ်တွင် အရည်ကြည်နာဖြစ်ပြီး Stevens Johnson ဆိုသည့်တစ် ကိုယ်လုံးတွင် မီးလောင်ဖုကဲ့သို့ အနာစက်များ ထွက်ပေါ်သော ရောဂါဖြစ်တတ်သည်။

 အခြား အသက်ရှူလမ်း ကြောင်းတွင်ဖြစ်သော အသက်ရှူ ပိတ်ခြင်း၊ နှလုံးထိခြင်းနှင့်သွေး ပေါင်ကျခြင်းဖြစ်ပေါ်ကာ ချက် ချင်း အသက်မဆုံးရှုံးနိုင်သော် လည်း အရေပြားတွင်ဖြစ်သော ဆာလ်ဖာကြောင့် ဓာတ်မတည့်မှု သည် ရက်ပိုင်းကြာမှရောဂါပိုးဝင် ပြီး သေဆုံးတတ်ခြင်းဖြစ်သည်။

‘‘သူက ရက်ပိုင်းကြာမှ ရော ဂါပိုးတွေဝင်ပြီး သေသွားတတ် တယ်။ တစ်ကိုယ်လုံးမှာရှိတဲ့အရေ ပြားတွေ မီးလောင်သလိုဖြစ်သွား ပြီးတော့ အကုန်ကွာထွက်သွားတာ မျိုးရှိတယ်။ အကာအကွယ်မဲ့သွား ပြီးတော့ သေတာမျိုးပေါ့’’ ဟု ဒေါက်တာမောင်မောင်ဦးက ဆို သည်။

‘‘ဆာလ်ဖာမတည့်တဲ့သူက ရက်အကြာကြီးစွဲသောက်တယ်ဆို ရင် အသက်အန္တရာယ်ဖြစ်ပြီး ဆုံး တာတွေ၊ဘာတွေဖြစ်တတ်တယ်။ မတည့်ဘူးဆိုရင် စောစောစီးစီး ဖြတ်လိုက်လို့ရှိရင်တော့ သိပ်မဆိုး တော့ဘဲ ဆိုးကျိုးနည်းမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့’’ ဟု အရေပြားအထူး ကုဆရာဝန်ကြီးဒေါက်တာမျိုးသန့် ကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအပါ အ၀င် ကမ္ဘာပေါ်၌ မည်သည့်ဆေး သည်စမ်းရမည်ဟူ၍ သတ်မှတ် လမ်းညွှန်ချက် တိတိကျကျမရှိ သေးပေ။ များသောအားဖြင့်ဆေး မတည့်ခြင်းကို တွေ့ရှိလာရသည့် ဖြစ်စဉ်များအပေါ်မူတည်၍ အ တွေ့အကြုံရယူကာ ဆေးစမ်းမှုကို ပြုလုပ်ကြသည်။

‘‘အချိန်မရွေးဆေးတိုင်းက ဓာတ်မတည့်မှုဖြစ်နိုင်တယ် သ ဘောထားပြီးတော့ အဆင်သင့် လုပ်ထားရတယ်။ နိုင်ငံတကာမှာ အဲဒီလိုသွားတယ်။ ကိုရီးယားနိုင်ငံ မှာကျတော့ ဆေးရုံတစ်ခုချင်းပဲ Hospital Guideline အဲဒါရှိတယ်။ ပင်နီဆီလင်မတည့်တဲ့သူ ပင်နီဆီ လင်ထိုးကြည့်ရအောင် လုပ်လို့မရ ဘူး။ စမ်းလို့မရတော့ သက်သေပြ နိုင်တဲ့ဂိုက်လိုင်းမရှိဘူး။ အတွေ့ အကြုံဂိုက်လိုင်းပဲရှိတယ်။ သူတို့ ကျတော့ Case Report ပဲရှိတာ။ ဘယ်လိုဖြစ်ဖူးတယ် အဲဒါဖတ်ပြီး စမ်းကြတယ်’’ ဟု ဒေါက်တာ မောင်မောင်ဦးက ဆိုသည်။

ထို့အပြင် ၎င်းကဆက်လက် ၍ ‘‘မြန်မာပြည်မှာတော့ကြောက် လို့ ဆေးတိုင်းကိုစမ်းတဲ့သဘောမှာ ရှိတယ်။ တွေ့သမျှဆေးအကုန် စမ်းတော့တာပဲ။ နိုင်ငံခြားတိုင်း ပြည်ကမစမ်းဘူး။ သူကဖြစ်ရင် ကယ်မယ်။ ဒီအတိုင်းသွားတယ်။ သူတို့ကကယ်တဲ့နည်းလမ်းကို ဦး စားပေးတယ်’’ ဟု ဆိုသည်။

အဓိကအားဖြင့် ဆေးစမ်း ခြင်း၊ မစမ်းခြင်းထက် ဖြေဆေးကို သာ အဆင်သင့်ဆောင်ထားရန်လို အပ်ပြီး ဖြေဆေးထိုးရာတွင်လည်း ရှော့ခ်ရပြီး လူနာသည်ခြောက်နာရီ နှင့်ရှစ်နာရီကြား၌ နောက်ထပ် တစ်ကြိမ်ရှော့ခ်ရနိုင်ခြေရှိခြင်း ကြောင့် အနည်းဆုံးခြောက်နာရီ ခန့်စောင့်ကြည့်ရန် လိုအပ်သည်။

‘‘ဆေးမတည့်တာတော့ ဆ ရာဝန်တွေက စမ်းသပ်ပါတယ်။ တကယ်လို့တည့်တယ်ပြောလည်း ထပ်စမ်းပါတယ်။ သောက်ဆေးဆို လည်း ကျွန်တော်တို့က မေးကြည့် လိုက်တယ်။ မတည့်တာလည်းမရှိ ဘူးဆိုပေမယ့် စမ်းပေးကြည့်တာ လည်းရှိတယ်။ ဘယ်ဆေးမဆို လူ နာကို အန္တရာယ်ဖြစ်စေနိုင်တဲ့ဆေး တွေဆိုရင် Test လုပ်ပြီးမှပဲ ထိုး ပါတယ်’’ ဟု အထွေထွေရောဂါ ကုဆရာဝန်ဒေါက်တာကျော်စွာဦး ကဆိုသည်။

ဆေးမတည့်ခြင်းတွင် ခန္ဓာ ကိုယ်သက်ရောက်မှုအဖြစ် အရေ ပြားစနစ်ဖြစ်သော အာခေါင်ထဲမှ အသားနုများ၌ အနီစက်၊ အင်ပျဉ် စသည့်လက္ခဏာများပေါ်ပေါက် ခြင်း၊ သွေးပေါင်ကျခြင်းကဲ့သို့ ခန္ဓာကိုယ်သွေးလည်ပတ်မှုစနစ် ပြဿနာပေးခြင်း၊ အန်ခြင်း၊ ဗိုက် အောင့်ခြင်းကဲ့သို့ အူလမ်းကြောင်း ပြဿနာပေးခြင်း၊ အသက်ရှူလမ်း ကြောင်းတွင် အသက်ရှူကျပ်ခြင်း စသည်တို့ဖြစ်ပေါ်တတ်သည်။ ၎င်းတို့အနက် အကြောင်းအရာနှစ် ခု၊ သုံးခုဖြစ်ပေါ်လျှင် ဆေးမတည့် ခြင်းဖြစ်ပေါ်သည်ဟု ယူဆနိုင်ပါ သည်။

လူနာများသည် မိမိနှင့် မတည့်သောဆေးကို သေချာမှတ် သားထားပြီး မိမိပြသမည့်ဆရာဝန် ကို သေချာစွာပြောပြရန်လိုအပ် ကြောင်း ဆရာဝန်ကြီးများကအကြံ ပြုသည်။

 ‘‘ပဋိဇီဝဆေးတွေထိုးမယ်။ သောက်တော့မယ်ဆိုရင် ပထမ တစ်ခါ ကိုယ်နဲ့ဒီဆေးက မတည့် လို့ရှော့ခ်ဖြစ်သွားတယ်ပေါ့။ အဲဒါ ကို သေချာမှတ်ထားပြီးဆရာဝန် ကို ပြောပြရမယ်။ ဒါမှဆရာဝန် တွေကလည်း ရှောင်ရှားနိုင်မယ်’’ ဟု မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက အ ကြံပြုသည်။

ဆေးမတည့်မှုနှင့်ပတ်သက် ၍အသက်(၂၀)မှ (၅၀)နှစ်အရွယ် ကြားအမျိုးသား၊ အမျိုးသမီး ၃၀ ဦးကို 7Day News Journal က မေးမြန်းခဲ့ရာ လူဦးရေ ၃၀ အနက် ၁၃ ဦးမှာပင်နီဆီလင် ဆေးသုံးစွဲဖူး၍ ဆေးမတည့်မှုဖြစ်ပေါ်ခံစားရကြောင်း၊ ၁၀ ဦးမှာသုံးစွဲဖူးသော်လည်း ဆေးမတည့်မှု မခံစားရကြောင်း၊ ယင်းစစ်တမ်းငယ်တွင်ပါဝင်သောအများစု ၂၀ ဦးသည်မိမိတို့၏ပတ်ဝန်းကျင်တွင် ဆေးမတည့်မှုဖြစ်ပွားသည့်ဖြစ်စဉ်မျိုးတွေ့ကြုံဖူးကြောင်း  ဖြေဆိုထားသည်။

ထို့ကြောင့် ပြည်သူလူထုအ နေဖြင့် ဆေးဆိုင်များတွင်အလွယ်  တကူဝယ်သောက်၍ရသော အ ဖျားကျဆေး၊ ချောင်းဆိုးပျောက် ဆေး၊ အားဆေးများသည်ပြဿနာ မရှိသော်လည်း Antibiotics ဟု ခေါ်သော ပဋိဇီဝဆေးများဖြစ် သည့် သွေးကျဆေး၊ ဆီးချိုဆေး၊ နှလုံးဆေးများကိုမူ ဆရာဝန်ညွှန် ကြားချက်ဖြင့်သာ သောက်သုံး သင့်ကြောင်း၊ စပ်ဆေးများ သောက်သုံးခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ ပဋိဇီဝဆေးများ သောက်သုံးသည်ဖြစ်စေ၊ ထိုး သည်ဖြစ်စေ မိမိနှင့်မတည့်သည့်ဆေးကို ဆရာဝန်ကြီးများအား သေချာစွာရှင်းပြရန်လိုအပ်သည်။

ထို့အပြင် ရောဂါအခံရှိသူ များအနေဖြင့် ဆေးမတည့်မှုကိုပိုမိုသတိထားရန်လိုအပ်ပြီး မိဘများကလည်း ရင်သွေးများကို ဆေးမတည့်မှုနှင့် ပတ်သက်၍ သေချာစွာသင်ကြားပေးပြီးပြောပြထားရမည်ဖြစ်သည်။

ဆရာဝန်များကလည်း လူနာ ကို ဆေးမတည့်မှုဖြစ်ပွားနိုင်သော အုပ်စုဝင်များ ထိုးနှံတိုက်ကျွေးမည်ဆိုပါက လူနာအားဆေး မတည့်မှုရှိ၊ မရှိ ဦးစွာမေးမြန်းရန် လိုအပ်သည်။ သို့မှသာ ဆေးမတည့်မှုများကြောင့် ဖြစ်ပေါ်သော ပြဿနာများလျော့နည်းလာမည်ဖြစ်ပါသည်။