ဝေးခဲ့ပြီ ပန်းရဲ့လမ်း ပဲ့ကိုင်ရှင်

ဓာတ်ပုံ−နစ်ကီ

ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်း ရေးလှုပ်ရှားမှုများတွင် ဂီတသ မားတစ်ဦးအနေဖြင့် တက်တက် ကြွကြွပါဝင်ခဲ့သူ ဦးရဲလွင်(မဇ္ဈိမ လှိုင်း)သည် ဇူလိုင် ၁၀ ရက်တွင်ရန်ကုန်ဆေးရုံကြီး၌   အသည်း ကင်ဆာရောဂါဖြင့်  ကွယ်လွန် သွားပြီဖြစ်သည်။

‘‘သူကတော့ နောက်ဆုံးအ ချိန်ထိ ငြိမ်းချမ်းရေးရဖို့ပဲ ပြော တယ်။ ငြိမ်းချမ်းရေးရဖို့ပဲ ဆု တောင်းခဲ့တယ်။ မြန်မာပြည်ကို လည်း ငြိမ်းချမ်းစေချင်တယ်လို့ ပြောသွားတယ်’’ ဟု ဦးရဲလွင်ကို အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့ သူ ဦးလွင်မှိုင်းက ပြောသည်။

ဦးရဲလွင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၁နှစ်ရှိပြီဖြစ်ပြီး၎င်း၏နောက်ဆုံးခရီးကို ဇူလိုင်၁၄ ရက်တွင် အင်းစိန် မင်းကြီးလမ်းနေအိမ်၌   ပြုလုပ်မည်ဖြစ် သည်။

‘‘ပင်လုံငြိမ်းချမ်းရေးနဲ့လည်း တိုက်ဆိုင်နေတယ်။ ပင်လုံငြိမ်း ချမ်းရေးညီလာခံကို သွားကြမယ့် သူနဲ့ ဘာနဲ့ဆိုတော့ ငါးရက်ထား ဖို့ တိုင်ပင်လိုက်တာပါ’’ဟု ဦးလွင် မှိုင်းက ပြောသည်။

ဦးရဲလွင်သည် ဇွန်လ ၅ ရက် က စတင်၍ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူနေ ပြီး   အသည်းမကောင်းသလို အစားလည်း  မ၀င်သောကြောင့် ဆေးရုံတက်ရောက်ကုသခြင်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများ က ပြောသည်။

ဦးရဲလွင်ကွယ်လွန်ခဲ့သော ကြောင့် ၎င်းနှင့် ရင်းနှီးသည့် အနုပညာရှင်မိတ်ဆွေများအပါ အ၀င် ပရိသတ်များက စိတ်မကောင်းကြောင်းနှင့် ကောင်းရာ မွန်ရာ ရောက်ရှိရန် ၀မ်းနည်းနှ မြောတသစွာဖြင့်  ဆုတောင်းပေးကြ သည်။

‘‘ကျွန်တော်က ငယ်ငယ်က တည်းက သူ့နောက်လိုက်ခဲ့တာ။ လေးလည်း လေးစားတယ်။ အ ချိန်တွေကြာလာတော့ သူလည်း ရောဂါနဲ့၊ ကိုယ်လည်း ရောဂါနဲ့ ဆိုတော့ နည်းနည်းဝေးနေတာ။ ရောဂါကလည်း ဆင်တူတယ်။ ဒီလိုဖြစ်သွားတဲ့အချိန်မှာ ကျွန် တော့စိတ်ထဲမှာ ဘာမှပြောလို့ မရအောင် အစိုင်အခဲတစ်ခု ရင် ထဲမှာ ဖြစ်နေတယ်’’ ဟု ပန်းရဲ့ လမ်းအဖွဲ့ဝင် ဦးသားထွေးက ဦးရဲလွင်နှင့်ပတ်သက်၍ ၎င်း၏ခံစားမှုကို ပြောပြသည်။

ဦးရဲလွင်ကို ၁၉၄၇  ဒီဇင် ဘာတွင် စက်ရှင်တရားသူကြီး ဦးမောင်မောင်နှင့် ဒေါ်ကြိုင်တို့က ပေါင်းတည်မြို့၌ မွေးဖွားပြီး မွေး ချင်း ၁၀ ဦးအနက် ရှစ်ဦးမြောက်သား ဖြစ်သည်။ ခရစ်ယာန်မိသား စုဖြစ်သည့်အတွက်     ဘုရားကျောင်းတွင် သီချင်းများသီဆိုရာ မှ ဂီတ၀ါသနာပါလာခဲ့သည်။

တက္ကသိုလ်တက်ရောက်ချိန် တွင် မဇ္ဈိမလှိုင်းတေး ဂီတအဖွဲ့ ဖြစ်တည်လာမည့်  ခင်မောင်တိုး၊ ကိုမောင်မောင် (အဉ္ဇလီ)၊ ကိုနေ၀င်းတို့နှင့် ရင်းနှီးပြီး သီချင်းများ အတူ ဖန်တီးခဲ့ကာ ၁၉၈၂ တွင် မဇ္ဈိမလှိုင်းတေးဂီတ အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။ မဇ္ဈိမ လှိုင်းအနေဖြင့် ၁၉၈၅ တွင် ‘မဟာဆန်သူ’ တေးစီးရီး ဖြန့်ချိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်မှု ရရှိခဲ့သည်။

ထို့ပြင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ကို ဦးရဲလွင်ဦးဆောင်၍ ၂၀၁၁ မေ လအတွင်း ဖွဲ့စည်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက်၊ ကျန်းမာရေး ကွန်ရက်တို့အတွက် လမ်းဘေးတွင် သီချင်းများသီဆိုဖျော်ဖြေခြင်းဖြင့် ရန်ပုံငွေရှာဖွေပေးခဲ့သည်။

ထို့ပြင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် မဲဆွယ်စည်းရုံး ရေးလှုပ်ရှားမှုများတွင်လည်း ပါဝင် ပေးခဲ့သည်။ ကချင်စစ်ဘေးဒေ သခံပြည်သူများအတွက် ရန်ပုံငွေများ ရှာဖွေလှူဒါန်းခဲ့ပြီး ကျပ်သိန်းပေါင်းထောင်နှင့်ချီ၍    လှူ ဒါန်းနိုင်ခဲ့သည်။

ယင်းကဲ့သို့ ကူညီပေးခဲ့ သောကြောင့် ၂၀၁၃ က ပြည်ပ ရောက် မြန်မာတိုင်းရင်း သား မိသားစုများက ဂုဏ်ပြုပေးအပ် သည့် ပြည်သူ့ဂုဏ်ရည်အထူး ဆုရရှိပြီး ၂၀၁၄ တွင် 7Day Newsဂျာနယ်ပေးအပ်သည့် 7Day Hero ဆုရရှိခဲ့သည်။

ဦးရဲလွင်ရေးစပ်ခဲ့သည့် ‘ပန်း ခရမ်းပြာ’ သီချင်းသည် ၁၉၈၈ ခုနစ်ဝန်းကျင်ကာလများတွင် ရေပန်းစားခဲ့သည့် သီချင်းဖြစ်ပြီး သီချင်းများစွာ ကိုယ်တိုင်ရေးစပ်ခဲ့သလို ယနေ့ခေတ် လူငယ်ဂီတသမားများ၏ လေးစားဖွယ် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်ကို ရည်ရွယ်၍ တေးရေး ကိုနေ၀င်းရေးစပ်ထားသော ‘ခွန် အားဖြည့်မိငယ်’ သီချင်းနှင့် ဦးရဲ လွင်တို့ကို တွဲဖက် မြင်လေ့ရှိသလို သမ္မတဟောင်း    ဦးထင်ကျော် တည်ခင်းသည့် ညစာစားပွဲ အ ခမ်းအနား၌ ယင်းသီချင်းကို ဦးရဲလွင်က သီဆိုပေးခဲ့သည်။  ‘ခွန်အားဖြည့် မိငယ်’      သီချင်းသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ မဲဆွယ်စည်းရုံးရေး ခရီး စဉ်အချို့တွင် သီဆိုသည့် သီ ချင်းဖြစ်သည်။

‘‘ဆရာကြီးဆုံးသွားတာက ကျွန်တော်တို့အဖွဲ့အတွက် အများကြီးဆုံးရှုံးမှုတွေ ရှိတယ်။ တခြား အကျိုးပြုလုပ်ငန်းတွေ၊ ငြိမ်းချမ်း ရေးသွားမယ့် ခရီးစဉ်တွေမှာ ဆရာကြီးလုပ်ချင်တဲ့ အတိုင်းအ တာအထိ မလုပ်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းလည်း ဖြစ်မိတယ်။ ငြိမ်းချမ်းရေး မရခင် ဆရာကြီးက ဆုံးသွားတဲ့အတွက် သူ့နောက်ဆုံး အိပ်မက်လေး မဖြစ်လိုက်ဘူး ပေါ့။ အဲဒါလေးကို တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ကျွန် တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးအ တွက်ရော၊ တိုင်းရင်းသားတွေအ တွက်ရော ကျွန်တော်တို့ရဲ့ ဆရာ ကြီး ပရဟိတသူရဲကောင်းကြီး တစ်ယောက် ကြွေလွင့်သွားတဲ့ အတွက် အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်ဟု    ပန်းရဲလမ်း၏ ဒရမ်သမား ကိုအောင်ကိုက ပြော သည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါ ရောင်သံဃာ့အရေးအခင်းတွင် ဦးရဲလွင် ထောင်ဒဏ် ၂ နှစ် ကျခံ ခဲ့ရသည်။   သံဃာတော်များ၏ငြိမ်းချမ်းစွာလမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်ပြီး စက်တင်ဘာ ၂၇ ရက်တွင် ဆူးလေးမီးပွိုင့်၌ ငြိမ်းချမ်းစွာထိုင်လျက် မေတ္တာ ပို့နေသည့် ပြည်သူလူထုကို စစ် အစိုးရက ပစ်ခတ်ရိုက်နှက်ဖမ်း ဆီးရာတွင် ဦးရဲလွင်က လုံးဝ ထွက်မပြေးဘဲ ထိုင်လျက်ပင် မေတ္တာ ပို့သနေခဲ့သည်။

စစ်ကြောရေးစခန်းရောက် သည့်အခါ အာဏာပိုင်များက အင်န်အယ်လ်ဒီ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် မပတ်သက် ပါက ပြန်လွှတ်ပေးမည်ဟု ပြောခဲ့ သော်လည်း ဦးရဲလွင်က ငြိမ်းချမ်း စွာ ဆန္ဒပြခဲ့သည့် သံဃာတော် များနှင့် ကျောင်းသားများကို ထောက်ခံကြောင်း ရဲဝံ့စွာဖြေ ကြားသဖြင့် ပြန်လွှတ် သည့်အထဲ မပါဝင်ဘဲ ဆက်လက်ဖမ်းဆီးခံခဲ့ ရသည်။

‘‘ကိုယ့်ကို ရိုက်ဖို့ပြေးလာတဲ့ လူနှစ်ယောက်ကို မေတ္တာထိုင်ပို့ နေခဲ့တယ်။ ကိုယ့်အနားရောက် တော့ ကိုယ့်ကို မရိုက်ဘဲ ဖြတ် သွားပြီး ပြေးနေတဲ့လူတွေနောက် ကို ဆက်လိုက်သွားတယ်။ အဲဒီ နေ့က ဆူးလေလမ်းအလယ်မျဉ်း ကျားမှာ ထိုင်ခဲ့တာ။ ဂျပန်သတင်း ထောက် သေတဲ့နေ့လေ’’ဟု ဦးရဲ လွင်က ၂၀၁၄တွင် ပြုလုပ်ခဲ့သော  7Day အင်တာဗျူး၌ ပြောသည်။

‘‘ဦးရဲလွင်ဆီက မေတ္တာတ ရားနဲ့ လူ့ဘီလူးတွေကို အနိုင်ယူ တဲ့နည်း၊ ဂစ်တာတစ်လက်နဲ့ Share My Love Peace and Harmony ဆိုတဲ့ မျှဝေမှုကိုရခဲ့ တယ်’’ဟု ဦးရဲလွင်နှင့် ရင်းနှီးသူ  ဒါရိုက်တာ ရှင်ဒေ၀ီက ပြောသည်။